ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Apr 4, 2008

ဂျီကိစ္စ ( Case for Gay)

ဒီကိစ္စ့ပြောချင်နေတာကြာပြီဗျ။ဂျီကိစ္စပြောပါတယ်။ကျွန်တော်ပြောချင်တာက ဂျီတော့အကြောင်းမဟုတ်သလိုဂျီအက်စ်အမ်ကိစ္စလည်းမဟုတ်ဘူး။ ဂျော်လကီးလို့တစ်ဖုံ၊ဂျယ်လို့တစ်မျိုးခေါ်ကြတဲ့ဂေးခေါ်အခြောက်တွေကိစ္စခင်ဗျ။ ဒီလူတွေကဘတ်စ်ကားပေါ်တွေမှာယောက်ျားလေးတွေကိုမှ ဒုက္ခပေးတတ်တဲ့သူတွေပါ။ အထူးသဖြင့် ကိုကိုဖရီးတို့လို ငယ်ငယ်ရွယ်ရွယ်ချောချောတောင့်တောင့်လေးတွေဆို အကြိုက်ပေါ့ဗျာ ။ ( ကြော်ငြာ ) ။တချို့တွေကသိသာပေမယ့်တချို့ကလုံးဝမထင်ရဘူးနော်။ကိုယ်က ယောက်ျားချင်းပဲလေဆိုပြီးအမှုမဲ့အမှတ်မဲ့နေမိရင်ဇယားကပ်ရောဗျို့။ ပြန်ပြောရအခက်၊ရှောင်လို့လဲမရနဲ့ဂွပဲဗျာ။ထထိုးရအောင်လဲ ရုံးရောက်ဂတ်ရောက်ဖြစ်ဦးမယ်။ ပြီးဒီလူတွေကလက်နက်တွေပါတွေဆောင်တတ်တော့ရှက်ရမ်းရမ်းပြီး ပါတာနဲ့ ထိုးသွားမှဖြင့် မာလကီးယားသွားနိုင်ပါတယ်။(ဓားတွေပါတွေနဲ့ပြောပါတယ်)။ ဒါကြောင့်ခုဆိုရင်ဘတ်စ်ကားပေါ်မှာကိုကိုဖရီးဘုန်းကြီးမှလွဲ၍ဘယ်ယောက်ျားလေး ကိုမှမယုံတော့ဘူးခင်ဗျ။ပိုပြီးစိတ်ချရအောင် မိန်းကလေးတွေနားပဲသွားကပ် နေလိုက်ပါတယ်။ဟီး.....ဟုတ်တယ်လေ။သူတို့ကဘာအန္တရာယ်ပေးမှာမှတ်လို့။ ( မိန်းကလေးခါးပိုက်နှိုက်တော့သတိထားပေါ့)ဘာပဲပြောပြောဒီလူတွေရန်ကိုကာကွယ်ဖို့ ကိုကိုဖရီးတို့ယောက်ျားကောင်းစစ်စစ်တွေညီညွှတ်ရမယ်ဗျ။ဒါကြောင့်ဘလော့မောင် တွေဆီကအကြံဥာဏ်တွေတောင်းခံလိုက်ပါတယ်။မိန်းကလေးတွေကလည်း အတွေ့အကြုံရှိတော့ဝိုင်းဝန်းကူညီကြပါအုံးခင်ဗျာ။

------လေးစားစွာဖြင့် ကိုကိုဖရီး

Mar 31, 2008

ဘတ်လဘိုင်မွှေ ( Mixture of tolimoli)

သြော် ...သင်္ကြန်နားနီးလာတော့ သင်္ကြန်သီချင်းတွေ ဟိုဒီ ကြားလာ ရပါလားနော်။ ဆရာငြိမ်းရဲ့ဒိုးသံမြိုင်မြိုင်ဂန္ထ၀င်သီချင်းတွေကမရိုးနိုင်သလို ဒီဂျေတွေရဲ့ တက်ခနို၊ ဒစ်စကို ဗားရှင်းတွေကလည်းအံ့ရောဗျာ။ ရောချက် မွှေချက်….လေ။ ထုတ်လိုက်ကြတာဗျာ။ ပြန်ရော ပြန်ကျို ပြန်မွှေ ပြန်သမ တဲ့။ ဘတ်လဘိုင်ကို လိုက်နေတာပဲ။သံစဉ်အရ စာသားအရ အနှေးဆိုရတဲ့ သီချင်းတွေလည်း ဗားရှင်းတွေ ပြောင်းလိုက်တော့ အနောက်ကကျားလိုက်သလို အူယားဖားယား ဆိုရတာ ဇိမ်ပျက်ရောဗျို့။ သူတို့ပြန်ရောမွှေသမတာမြင်တော့ ရွာဦးဘုန်ကြီးကျောင်းက ဆွမ်းကျန်ဟင်းကျန် ပြန်ရောနှောသမပြီးစားရတာအမှတ်ရတယ်ဗျာ။ အင်း…. ကိုရီးယားကားထဲက မင်းသားမင်းသမီးတွေ ကင်ချီနဲ့ထမင်းရောနယ်ပြီးစားကြတာလို အရသာတွေစုံအောင် စေတနာနဲ့ဖြစ်မှာပါ။ ဟုတ်ဘူးလားလို့။ ကိုကိုဖရီးကတော့ သူတို့တွေလို ပြန်ရောမွှေ တာမလုပ်တတ်လို့ ၀ီစကီလေးနဲ့ ရေခဲတုံးလေးရယ် ကိုလာ လေးရယ်နဲ့ပဲပြန်ရောမွှေနေ နေရပါတယ်ဗျာ. အဟင့် ..ဟင့်

Mar 26, 2008

ရှင်းတမ်း ( Shin Ton)

"သူများအကြောင်းလည်းမပြောချင်ပါ စပ်မိစပ်ရာ ဘာညာကွိကွ" ခုတလောကောလဟာလသတင်းများ တယ်လည်းကြောက်စရာ ကောင်းလှသကိုး။ဘယ်မင်းသားရဲ့မိန်းမကတော့ လုံးရာကပြားထားတာ၊ ဘယ်အဆိုတော်နဲ့ဘယ်ဆရာကြီူးကတော့ သွားရှာပြီဆိုတဲ့ သတင်းတွေက ပျံ့နေပါရောလား။ ဒီတော့ သက်ဆိုင်သူတွေလည်း ထ ရှင်းရလင်းရပြန်ရော။ ဒါကြောင့် ကိုကိုဖရီးတောင် သတိထားနေ နေရတယ်။ တော်ကြာ ကိုကိုဖရီးနဲ့ ဘယ်မော်ဒယ်လေးက ဘယ်ဟိုတယ်မှာ ဘယ်အချိန် ဘာတွေလုပ်ကြတာဆိုပြီး ဖွကုန်မှဖြင့် ကိုကိုဖရီးရဲ့ မရှိမဲ့ရှိမဲ့ သိက္ခာလေးတွေ ကျကုန်မှာစိုးရတယ်။ ပြောမဲ့သာပြောတာပါ။ အထင်ခံရလည်းနည်းတာမှတ်လို့။ ဒီကြားထဲရေကူးကန်မင်းသမီးလေးက“သမီးတို့ဘာသာသူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ်ရေကူးနေတာကို သူတို့ကဓာတ်ပုံခိုးရိုက်တာ” ဆိုပြီး မနှဲလေးသံနဲ့ တိုင်ပြောသလိုထရှင်းပြန်တော့ စာနာမိပြန်ရော။ အေးလေ.. လွတ်လွတ်လပ်လပ်ချိုးကြပါစေလား။ ဟီဟိ။ သို့သော် လူးဆေးမင်းသမီးကတော့ အကျယ်ထရှင်းတာတော့မတွေ့ရဘူး။ ကိုစတန်လေကတော့ ပြောပါတယ်။ ထရှင်းရင်ပိုရှုပ်ကုန်မှာပေါ့တဲ့။ ဟုတ်သားပဲ။ ခုတောင် အဲဒါ ဘာလိမ်းဆေးကြီးလဲဆိုပြီး သိချင်နေကြသူတွေ တယ်များပါကလား။ အင်း …ထင်တာကတော့ အကယ်ဒမီကြေးချွတ်ဆေးလားမသိပါဘူး။ ဟီး ဟီး ဟီး

Mar 23, 2008

ကတ်သီး ကတ်သတ် (၃) ( ket thi & ket tet )

ကတ်သတ်--အင်း ကိုကတ်သီးရေ ကျုပ်ကအင်္ဂလိပ်စာမကျွမ်းတော့ ရန်ကုန်က စတိတ်ရှိုးကြော်ငြာတွေဖတ်ရင် အသံထွက်မရတော့ ဂွကျတယ်ဗျာ။ ကတ်သီး--ဘယ်လိုများလဲဗျ။ ကတ်သတ်--တချို့နာမည်တွေများကျောချမ်းစရာကြီးဗျာ။ ဘာတဲ့ အိတ်စမ်းပလိုက်ဆိုလား ။ တချို့နာမည်တွေကျတော့ ရယ်စရာကြီးတွေ... ဘီလူးပါရယ်၊ဒီလိုရယ်၊ကိုဘာယာတဲ့၊ချာပါတီတဲ့၊ပက်လက်အိုး တဲ့ဗျာ။ ကတ်သီး--ဟာ "Examplez, Blue Berry,Theory, Cobra, Chapter, Black Hole ” တွေပါဗျ။ ခင်ဗျားကလည်း။ ကတ်သတ်--ပြီးရှိသေးတယ် တိရစ္ဆာန်နာမည်တွေ .ခြင်ပေါက်၊ ဖားပေါက် နဲ့ ကြက်မ ဆိုလားဘဲ။ ပြီးတော့ ကွိကွိ၊ ကိကိ တဲ့ ဘာသံတွေလဲမသိဘူး ကတ်သီး-- ဟာ….“ဆင်ပေါက်နဲ့ ကျားပေါက် ၊ ကြက်ဖ”လုပ်စမ်းပါ ကိုကတ်သတ်ရယ် ကတ်သတ်-- ဒီကြားထဲ သားဆိုးတို့၊ ရင်မီ တို့ ၊ဂင်ချီ တို့၊ ပဲလေး တို့ကပါသေး။ ပြီးတော့ ဓာတုဗေဒ နာမည်တွေ ဘာ..အိတ်တူးအို၊ အိုတူး တဲ့ဗျာ ကတ်သီး--သြော် သားစိုး၊ ဂျေမီ နဲ့ ဟဲလေး တို့ထင်တယ်။ ဓာတုဗေဒနာမည်... သြော် ..ဓာတုဗေဒ ဘာသာရပ် ချစ်လို့နေမှာပေါ့ဗျာ ကတ်သတ်--ပြီးတော့ ဘာဖုန်း ညာဖုန်း တွေရှိသေးတယ်ဆို။ လူကနေဖုန်းဖြစ်ရတယ်လို့ဗျာ။ ကတ်သီး--ခင်ဖုန်း၊ ရှင်ဘုဏ်း ပါဗျာ ခင်ဗျားကလည်း။ ကတ်သတ်--မသိပါဘူးဗျာ။ ဦးဖိုးကျားရဲ့မိတဆိုးရှင်ပြုထဲက“လှုပ်လီလှုပ်လဲ့သော်မော် အရည်ပျော်”ဆိုကလို ဒီခေတ်နာမည်တွေက ဆန်းသကိုး။ ကတ်သီး--အင်း ဟုတ်ပါတယ်။ ဒါပေမယ့် ခင်ဗျား အင်္ဂလိပ်စာ ညံ့တာလဲထည့်ပြောအုံးလေ။ ကတ်သတ်--ဟုတ်ပြီ ဒါဆို အလကားရတဲ့ အင်္ဂလိပ်စာ ပညာဒါနသင်တန်းတွေ လိုက်တက်ဦးမယ်ဗျာ။ ကတ်သီး--တက်ပါ။ ပညာကတော့ ဒါနနဲ့ပါ။ ဒါပေမယ့်…ကျန်တာကတော့...ဟီး ဟီး ဟီး

Mar 20, 2008

မပြောချင်ဘူး ( Don't want to say but...)

တချို့တွေပြောပါတယ်။ အသက်လာလာမေးတော့ အမှန်အတိုင်းပြောတော့လဲ လက်မခံချင်ကြဘူး။ ကျွန်တော့်အသက်က နှစ်ဆယ်ကျော်ပဲဆိုတော့ ရယ်ကြတယ်လေ။နှစ်ဆယ်ကို ဘယ်နှစ်နှစ် ကျော်ကျော် နှစ်ဆယ်ကျော်ရင် ပြီးတာပဲမဟုတ်ဘူးလားလို့။ပြီးတော့ ရည်စားမရှိဘူးပြောတော့လဲ မဖြစ်နိုင်ဘူးတဲ့။ ကြည့်ဗျာ ရုပ်ချောတိုင်း ရည်းစားရ ရမှာလား။ ဒါတောင်တချို့ က ဟိုးအရင် အွန်စောတို့၊ ရှာရာပိုဗာ တို့ နဲ့ဖြစ်ဘူးတာကို လာပြောချင်ကြတယ်လေ။ ဒါတွေကကြာခဲ့ပါပြီဗျ။ ဘာပဲဖြစ်ဖြစ် သိန်းသုံးထောင်လောက် ရရင်တော့ လိုတာဝယ်ပြီး တောထဲမှာပဲ အေးဆေးဆေး တရားသွားထိုင်တော့မယ်ဗျာ။

တာ့တာ......