ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Apr 4, 2008

ဂျီကိစ္စ ( Case for Gay)

ဒီကိစ္စ့ပြောချင်နေတာကြာပြီဗျ။ဂျီကိစ္စပြောပါတယ်။ကျွန်တော်ပြောချင်တာက ဂျီတော့အကြောင်းမဟုတ်သလိုဂျီအက်စ်အမ်ကိစ္စလည်းမဟုတ်ဘူး။ ဂျော်လကီးလို့တစ်ဖုံ၊ဂျယ်လို့တစ်မျိုးခေါ်ကြတဲ့ဂေးခေါ်အခြောက်တွေကိစ္စခင်ဗျ။ ဒီလူတွေကဘတ်စ်ကားပေါ်တွေမှာယောက်ျားလေးတွေကိုမှ ဒုက္ခပေးတတ်တဲ့သူတွေပါ။ အထူးသဖြင့် ကိုကိုဖရီးတို့လို ငယ်ငယ်ရွယ်ရွယ်ချောချောတောင့်တောင့်လေးတွေဆို အကြိုက်ပေါ့ဗျာ ။ ( ကြော်ငြာ ) ။တချို့တွေကသိသာပေမယ့်တချို့ကလုံးဝမထင်ရဘူးနော်။ကိုယ်က ယောက်ျားချင်းပဲလေဆိုပြီးအမှုမဲ့အမှတ်မဲ့နေမိရင်ဇယားကပ်ရောဗျို့။ ပြန်ပြောရအခက်၊ရှောင်လို့လဲမရနဲ့ဂွပဲဗျာ။ထထိုးရအောင်လဲ ရုံးရောက်ဂတ်ရောက်ဖြစ်ဦးမယ်။ ပြီးဒီလူတွေကလက်နက်တွေပါတွေဆောင်တတ်တော့ရှက်ရမ်းရမ်းပြီး ပါတာနဲ့ ထိုးသွားမှဖြင့် မာလကီးယားသွားနိုင်ပါတယ်။(ဓားတွေပါတွေနဲ့ပြောပါတယ်)။ ဒါကြောင့်ခုဆိုရင်ဘတ်စ်ကားပေါ်မှာကိုကိုဖရီးဘုန်းကြီးမှလွဲ၍ဘယ်ယောက်ျားလေး ကိုမှမယုံတော့ဘူးခင်ဗျ။ပိုပြီးစိတ်ချရအောင် မိန်းကလေးတွေနားပဲသွားကပ် နေလိုက်ပါတယ်။ဟီး.....ဟုတ်တယ်လေ။သူတို့ကဘာအန္တရာယ်ပေးမှာမှတ်လို့။ ( မိန်းကလေးခါးပိုက်နှိုက်တော့သတိထားပေါ့)ဘာပဲပြောပြောဒီလူတွေရန်ကိုကာကွယ်ဖို့ ကိုကိုဖရီးတို့ယောက်ျားကောင်းစစ်စစ်တွေညီညွှတ်ရမယ်ဗျ။ဒါကြောင့်ဘလော့မောင် တွေဆီကအကြံဥာဏ်တွေတောင်းခံလိုက်ပါတယ်။မိန်းကလေးတွေကလည်း အတွေ့အကြုံရှိတော့ဝိုင်းဝန်းကူညီကြပါအုံးခင်ဗျာ။

------လေးစားစွာဖြင့် ကိုကိုဖရီး

8 comments:

စိုးထက် - Soe Htet ! said...

ဂျီ ကိစ္စ က မလွယ်ဘူးဗျ ... ဒီမှာ ဆို သူတို့ က အခွင့် အရေး သီးခြားတွေနဲ့ သိပ် မဝေဖန်ရဲဘူး ... သဘာဝ အတိုင်းက အကောင်းဆုံးပါ ....
လောလောဆယ် နည်းလဲ မဆိုးပါဘူး

ထွန်း said...

ဗုဒဘာသာအနေနဲ့ တော့ လူဖြစ်ရှုံးတယ်။ ကျားဘ၀ရဖို့ မလွယ်တာ သူတို့ က ကျားဘ၀ ကို တန်ဖိုးမထားဘူး။ သန်းကြွယ်သူဌေးကြီးဆိုရင် ငယ်ငယ်ကောင်လေးကို မင်္ဂလာဧည့်ခံပွဲနဲ့  လက်ထပ် ယူခဲ့သေးတယ်။ အံ့ပါ့ ၀န်ကြီးတဦးလဲ ကောင်လေးကိုငွေပေးပြီး ချစ်ကြိုက်သတဲ့။
ဒါနဲ့ ခင်များကရော .. ကျနော်လာသာရေးရတာ လက်တုန်တယ်

နှင်းပွင့်ဖြူ said...

အဟိဟိ
ကိုကိုဖရီးတော်တော်ခံလိုက်ရပုံပဲ
တွေးရင်းကျက်သိမ်းတောင်ထမိပါရဲ.
ဖြစ်နိုင်ရင် တက္ကစီပဲ စီးပါလား :P

မြန်မာပြည်ကိုလွမ်းတယ် said...

ဘုရား..ဘုရား ဂျီတာဆိုဘာမှမကောင်း
ပါလား။

နှံကောင် said...

ရှောင်တဲ့နည်းလေးက ကောင်းပါတယ်.. လိုရမယ်ရ ဓါးလေးလည်းဆောင်ထားချင်ထား .. (ဘလိတ်ဓါးဖြစ်ဖြစ် ပေါ့.. ဓါးကြီးရင် အထင်လွဲခံရမှာစိုးလို့ပါ) :D

Han Thit Nyeim said...

ဟုတ်တယ်ဗျို့။ ကျုပ်တို့ထိုင်းမှာ အဆိုးဆုံးပဲ။ G for Guy လား G for Gay လားတောင်မေးနေရပြီ။ တချို့ Gay တွေက မိန်းမအိမ်သာတက်တယ်ဗျ။ ဒါထက်ဆိုးတာက သူတို့တွေ အိမ်သာတက်တဲ့အခါ Discriminate လုပ်ခံရလို့ဆိုပြီး အခု အိမ်သာတွေ ထပ်တိုးပေးဖို့တောင်းဆိုနေလေရဲ့။ သိပ်မဝေးတော့တဲ့ အနာဂတ်မှာ အခုလိုအိမ်သာတွေမှာ အရုပ် ၃ရုပ် (Man/ Woman/ Disable) အပြင် ဘာတွေလာမလဲဆိုတာတော့...

Welcome said...

ကောင်မလေးနားကပ်စီးတော့လည်း
အထင်လွဲခံနေရအုန်းမယ်။
နှင်းပွင့်ဖြူလေးပြောသလို
Taxi ခကလည်းမတတ်နိုင်ဘူး။
ဖာသိဖာသာပဲကောင်းပါတယ်...

Anonymous said...

Hello. This post is likeable, and your blog is very interesting, congratulations :-). I will add in my blogroll =). If possible gives a last there on my blog, it is about the Flores Online, I hope you enjoy. The address is http://flores-on-line.blogspot.com. A hug.