Feb 19, 2009
ဂလိုဘယ်အမြည်းနှင့်ယမကာဖရီး(၄)
ယခင်အဆက်..(ဆိုင်တွင်းသို့ အလွန်မဟားဒယား စမတ်ကျလှစွာဖြင့် ၀င်လာသူမှာ)
ကုလအတွင်းရေမှူးချုပ်၏ အထူးကိုယ်စားလှယ်တော်ကြီး ဂန်ပါပီ ဖြစ်နေပြီး ဆိုင်ထဲမီးရောင် မှိန်နေသည်မို့ အဖြူရောင်သွားများသာမြင်ကြရသည်။ (မှတ်ချက်။ ။လေဆာသွားတိုက်ဆေးကြော်ငြာတွင် သရုပ်ဆောင်အဖြစ် သုံးသင့်ပါသည်)သွားများအတန်းလိုက် ပေါ်အောင် ပါးစပ်ကြီးဖြဲပြီး “ဟဲရိုး မိတ်ဆွေးတို့ .. ဘားဖြစ်နေလဲ။ အရက်အေးအေးလေး သောက်ကြပါ။ အကုန် ကျနော်ပေးမယ်နော်။ မပုနဲ့ချကြပါ။ ချပါ” မြန်မာပြည် အရောက်များ
သဖြင့် တတ်သလောက်မှတ်သလောက် ဂန်ပါပီကြီးမှ မြန်မာလို မှုတ်လိုက်လေသည်။ တင်းမာနေသော
ပလေသင်ကာတို့ဝိုင်းမှာ ဂန်ပါပီ့စကားကြောင့် ပြုံးစိစိဖြစ်ကုန်ကြလေသည်။ ဟန်သစ်မိန်မှ“ဒီမှာ အရက်အေးအေးလဲ
မရှိဘူး၊ မပုလဲ မရှိဘူးဗျ” ဟု ၀င်နောက်စဉ်..ကလင် ကလင် ကလင်..ဘဲလ်သံနှင့်အတူ ဆီမကုန်အောင် ဆိုက်ကားနင်းစားနေသောကိုလူလှ ကြီး ၀င်လာလေသည်။ “ကလူရ..ဘာဖြစ်လို့ပါလဲ။” ဂန်ပါပီအမေးကိုကိုလူလှမှ
“အန်ကယ်ပီ သွားချင်တဲ့နေရာတွေ ပို့ပေးထားတယ်လေ။ ခု သားသားကို ဆိုက်ကားခရှင်းပါအုံး” “ဟုတ်လား။ ဘယ်လောက်ပါလဲ” “အင်း..လန်ဒန်ကနေ တိုကျို ထိက ၅၀၀၀၊ တိုကျိုကနေ ပဲရစ် ထိက ၂၀၀၀၊ ပဲရစ်ကနေ
စင်ကာပူ ထိ ဆိုရင် ၁၀၀၀ ဗျာ။ ဒီတော့ စုစုပေါင်း ၈၀၀၀ အရင်ပေးထားဦး” “ဟ..နေပါဦး ခင်ဗျားက
အင်တာနေရှင်နယ် ဆိုက်ကားသမားလားဗျ..နိုင်ငံစုံလိုက်တာ”..ဟု ထွန်းဂေါက်မြွေမှ ၀င်မေးလိုက်လေသည်။ “ဟာ..ဘယ်ကလာ...လန်ဒန်စီးကရက်စက်ရုံ၊ တိုကျို ဒိုးနပ်၊ ပဲရစ် မုန့်တိုက် နဲ့ စင်ကာပူဘုန်းကြီးကျောင်း
တွေကို ပြောတာဗျ။ ကျုပ် ဒီဆိုက်ကားက နိုင်ငံတကာမပြောနဲ့ ဟိုနားဒီနားတောင်..ရဲကြည့်ပြီး ရှောင်မောင်း
နေရတာလေ။ ကျုပ်ကလဲ အသိအမှတ်ပြု ဆိုက်ကားနင်းသင်တန်းတက်ပြီး လိုင်စင်ရထားတာမဟုတ်ဘူးဗျ။” “သြော်..ဟားဟားဟား။” ဂန်ပါပီကြီးလည်း ဆိုက်ကားခပေးရန် သူ၏လက်ဆွဲအိတ်ကြီးကို ဟန်ပါပါဖွင့်လိုက်ကာ
အတွင်းမှ ၉၀ တန် ရာအုပ်တစ်အုပ် ဆွဲထုတ်လိုက်လေသည်။ “ဒီမှာ..ကုတ်ထောင်ကုတ်ယူပါ။” “ဟင်..၉၀ တန်တွေပါလား..ဒီလိုတော့ အလုပ်နဲ့ဗျာ။ တခြား အတန်မရှိဘူးလားဗျ..အဟင့်..” ကိုလူလှခမျာ လည်းပင်းပြုး
..အဲ အဲ..မျက်လုံးများပြူးပြီး ငြင်းရှာလေသည်။ ( တခြားဘယ်နေရာ ပြူးမှန်းမသိရသေး)။ “ရပါဒယ်..၄၅
အတံ ရှိပါတယ်။ ယူမရား”..“ အမလေး..တော်ပါပြီ။ ဒါပဲယူပါ့မယ်ဗျာ။” ပြောပြောဆိုဆို ကိုလူလှကြီးလည်း ၉၀ တန်တစ်အုပ်ကိုင်ကာ လူအများနှင့် အာပေါက်အောင် ပြောဆိုရမည့်အရေး စဉ်းစားရင်းအပြင်ထွက်သွားလေသည်။
ဂန်ပါပီ ကြီးမှ “ကလူရ စောင့်ဦးနော် ..ရှန်ဟဲ သွားဦးမှာ” ဟု လှမ်းအော်လိုက်သည်။ “အင်း..ရှန်ဟဲကုန်တိုက်
ထင်တယ်..။ ”ဂလိုဘဲ မှပြောလိုက်လေသည်။ ကိုလူလှထွက်သွားပြီး မကြာခင်မှာပင် ရဟတ်ယာဉ်သလိုလိုကြားရပြီး မရှေးမနှောင်းဆိုင်တွင်းသို့ အနက်ရောင်ဝတ်စုံဝတ် လက်နက်ကိုင်နှစ်ယောက် ဒယိမ်းဒယိုင် မူးရူးပြီး
ဝင်ရောက်လာသည်။ ထိုအခါ ဆိုင်တွင်းရှိလူများအားလုံး ပျာယာခတ်သွားစဉ်.....
(အလွန်အားနာစွာဖြင့်..အပိုင်း ၅ မျှော်ပါရန်)
Subscribe to:
Posts (Atom)