ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Jun 2, 2008

အမ်ဒီအယ်ကြေညာချက်အမှတ်(၂) (MDL announcement-2)

အမ်ဒီအယ်ကြေညာချက်အမှတ်(၁)ထွက်လာပြီးနောက်အောက်ပါကိုယ်ချင်းစာနာတတ် သူဘော်ဒါများမှစေတနာထက်သန်စွာဖြင့်လေဘေးသင့်ခံရသောမိတ်ဆွေများအားယခုလို အားတက်သေ၇ာလှူဒါန်းလာကြပါသည်။ ၁။ကိုဟန်သစ်ငြိမ်မှ ....အာသာပြေ ဘီယာ အနံ့ရှုနိုင်ရန် ဘီယာပုလင်းအခွံသုံးလုံး၊ ဘက်စုံသုံးmulti-functional မိုးလုံလေလုံ ကြွတ်ကြွတ်အိပ် ခုနှစ်လုံးနှင့် ဂျုပ်ကြီး
၂။ ကိုသင်ကာမှ .....တန်ဖိုးကြီးဝီစီကီပုလင်းခွံ နှစ်လုံး ၃။ heartmuseum မှ .....မသနောရေရောသုံးပုလင်း(ကိုကိုဖရီးမသောက်ရက်လို့ ပြန်လှူသည်) ၄။ကိုစတန်လေမှ.....ချီးစ်ဗတ်တစ်လုံး( ကိုယုသာမှဘီအီးအတုနှင့်လဲထားသည်) ၅။ကိုစိုးထက်မှ......ကော်ဇွန်းပိစိကွေးနှစ်ချောင်း ၆။ကိုဖိုးသူတော်မှ....ဘီယာဝိုင်းစားကြွင်းစားကျန်ပါဆယ်နှစ်ထုပ် ၇။ကိုယုသာမှ....ရောစပ်သောက်သုံးရန်ကေသီပန်နှစ်ဖာ( သူသောက်နေကျဖြစ်သည်) ၈။ကိုမော်စီမှ.....အမြည်းလုပ်ရန်အိမ်မြောင်သုံးကောင် ၉။ကိုဘိုဘိုမှ....ရေသန့်ရေခဲနှစ်ခဲ ၁၀။ကိုTeaမှ...ပဲကြီးလှော်ဆယ့်ငါးစေ့ ၁၁။ကိုဟိန်းမှ....၀ီစကီလက်ကျန်တစ်ပက်နှင့် ၁၂။ကိုလင်းဦး(အာကြီး)မှ ...ငွေခုနှစ်ကျပ် တို့ဖြစ်ကြပါသည်ခင်ဗျာ။ ---ယခုကဲ့သို့ သဒ္ဒါတရားထက်သန်ကြသူများအားအမ်ဒီအယ်အသင်းကြီးမှလေးလေး စားစားဂုဏ်ပြုလိုက်ပါသည်။ထပ်မံပြီးလှူဒါန်းလိုသူများအားလည်းဖိတ်ခေါ်လျက် ရှိပါသည်။ (မှတ်ချက်။ ။ အဆိုပါပုဂ္ဂိုလ်များမှတဆင့်လည်းလှူဒါန်းနိုင်ပါသည်)