ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Feb 19, 2008

နွေရာသီသင်တန်းများ Summer Courses

ဆရာ ကံချွန်က မိဘများစိတ်အေးရအောင် ကလေးများအတွက် နွေရာသီတွင် အောက်ပါသင်တန်းများဖွင့်မည်တဲ့ (၁) ခဲတံချွန်နည်းသင်တန်း ( တစ်ယောက်ကို စက်တစ်လုံးစီဖြင့်သင်မည်) (၂)ခဲဖျက်ဖျက်နည်းသင်တန်း (တစ်ယောက်ကို တစ်တုံးစီသင်ရမည်) (၃) အင်္ကျီင်္၊ ဘောင်းဘီဝတ်နည်းသင်တန်း ( တစ်မျိုးစီလည်းအပ်နိုင်သည်) ထို့ပြင် ရေသောက်နည်း၊ ငှက်ပျောသီးအခွံနွှာနည်း၊မျဉ်းတားနည်း စသည် စသည်ဖြင့် အသုံးဝင် ထိရောက်လှသော သင်တန်းပေါင်းများစွာကို ၀ါးရင့် ဆရာများဖြင့် သင်ကြားပေးမည်တဲ့။ မှတ်ချက်။ ။ စိတ်ပါဝင်စားသောလူကြီးများပါတက်နိုင်သည်။ ဆက်သွယ်ရန်= ရားစိုက် ( Yar Site) Company Ltd, email- 420kaungthut&leoweiz@gmail.com