ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Jun 14, 2009

ဂလိုဘယ်အမြည်းနှင့်ယမကာဖရီး (၅)

...(.ယခင်အဆက်)...ဆိုင်အတွင်းရှိလူများ အာလုံးပျာယာခတ်သွားစဉ် ဆိုင်ရှင်ဂလိုဘဲ ကြီးကတော့ ခပ်တည်တည်နှင့် ရှေ့ကိုထွက်ကာ…`ဟေ့..ဟေ့ ..အရမ်းမလုပ်ကြပါနဲ့။ ကျုပ်တို့ကိုလုပ်ကြံရင်လဲဘယ်သူမှ အာဇာနည်နေ့ဆိုပြီး လုပ်ပေးမှာမဟုတ်ပါဘူးခင်ညာ။ မလုပ်ကြပါနဲ့..အဟင့်.အဟင့်...´ဟု တောင်းပန်လိုက်စဉ် ..ထွန်းဂေါက်မြွေ က…`ဟာဗျာ..အာဇာနည်တွေလို့ သတ်မှတ်ဖို့ နေနေသာသာ .အရက်ဆိုင်တွင် အသေဆိုးနှင့်သေသွားသောအမူးသမားများ လို့ဘဲ ပြောခံရမှာဗျ..ဟဲ.ဟဲ။ ´သိုင်းဆရာကြီး ဟန်သစ်မိန်ကမူ တတ်သည့်ပညာမနေသာဆိုသလို ကိုယ်ဖောပညာ…အဲ.အဲ. ကိုယ်ဖော့ပညာ အရ. ဖော့ဖိနပ်စီးပြီး နောက်ဖေးပေါက်မှ ခြေဖော့ ပြေးရန် ဖောဖောသီသီ ကြံစည်နေလေသည်။ အားလုံးနှင့်တစ်မူထူးခြားစွာ တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေသူကတော့ ပလေသင်ကာကြီးပင် ဖြစ်လေသည်။ ထို့ကြောင့် ဂန်ပါပီ ကြီးမှ လေးစားစွာဖြင့်အနားကပ်ကြည့်လိုက်ရာတွင်..`အာမလေးဘ..ဒီမှာ..ယူတစ်ရောက်..မေ့နေပြီ´ ..မှန်ပါသည်။ ပလေသင်ကာခင်ဗျာ..လက်နက်ကိုင်များကို မြင်ပြီးနောက် အမူးလွန်သည့်ပုံ မေ့ချင်ယောင်ဆောင်နေခြင်းဖြစ်ပါသည်။ ဂလိုဖြင့် ဆိုင်အတွင်းတွင်..ဗရုတ်ဗရက်ဖြစ်နေကြစဉ်.ဆိုင်အပြင်ဘက်တွင်မူ…… ဂန်ပါပီကြီး၏ အပြန်လမ်းကို စောင့်ရင် အရက်ဆိုင် လမ်းထိပ် အရိပ်ကောင်း သစ်ပင်အောက် ဆိုက်ကားကို ရပ်နားပြီး တရေးလောက် မိန်းလိုက်ဦးမယ် စဉ်းစားရင်း ခရီးသည် ထိုင်ခုံပေါ်တွင် ဆိုက်ကားသမားအထာနှင့် နတ်စည်းစိမ် ရယူမလို့ ကြံတုန်းသကာလ... ခပ်လွင့်လွင့် ပျံလွင့်လာသော တပိုင်းစတ ကွဲချင်း ( မူးရင်သီဆိုသော သံစဉ်) တပုဒ်ကို လူတယောက် ငြီးဆိုရင်း ပလက်ဖေါင်းပေါ်တွင် ယိုင်တိယိုင်ထိုး လမ်းသလားနေသည်ကို မြင်လိုက်သည်။ ဘူလေးလဲ... ဘူလေးလဲ.. အဲဒါ ဘူလေးလဲ... အနားဖြတ်လျှောက်သွားသော ကောင်မလေး နှစ်ယောက်၏ အနံကို ရလိုက်သောအခါ ရင်ဘတ်အတွင်းက ထွက်ကြလာသော ခံစားချက်များ ဖြစ်ဟန်ရှိ၏။ အနှီသကောင့်သားမှာ မျက်လုံးများ မဖွင့်နိုင်လောက်အောင် ဇက်ရက် စည်းစိမ်ဖြင့် လောကကြီးအား မိန်းမောပြီး တိုင်းခမ်းလှည့်လည်ကာ တောင်လေတိုက်၍ နှာခေါင်းထဲ သနပ်ခါးရနံလေးတွေ ၀င်လာသောကြောင့် မပိမသ ရွတ်ဆိုလိုက်သော အသံဖြစ်သည်။ သကောင့်သားလေးတော့ ကွဲလာပြီ၊ အရစ်က ဂျပန်မူလီလို ရှည်ဦးမယ် ( စကား ) ဆိုပြီး ညီးညူတဲ့စိတ်ကို ခဏ ပယ်ချလိုက်ပြီး ဆက် အိပ်မလို့ ကြံတုန်း.... “ ဟေ့ ကလူ၊ ဒီနေ့ နေ့တွက် ကိုက်ရဲ့လား” ဘုန်းကြီးပျံ ဧရင်ကြူးသည့် လေသံနှင့်တူသော သံစဉ်တခု နားစည်ကို ရိုက်ခတ်လာသည်။ “ ဟ ကောင်လေး ဖရီး၊ နေတွက် ညတွက် လတွက် ဂြိုလ်တွက် တွေနဲ့ ဗေဒင်ဆရာ လေသံနဲ့ နားညီးတယ်။ မူးရင် ငြိမ်ငြိမ်လေး နေစမ်း . .. ဟို ပချုပ်ဆိုင်မှာ ဂန်ပါပီ ဒကာခံထားရစ်လို့ ၀ိုင်းစိုနေပြီ .. ကြွတော်မှုပါ မင်းကြီးသားရယ်” “ အကိုကြီကလဲ လေစိမ်းတွေ တိုက်နေတယ်၊ မသွားချင်ပါဘူးဗျ၊ ဒီပချုပ်ဆိုင်က ကျုပ်တို့လို အဆင့်ရှိရှိ မူးတဲ့ ယာမကာဆိုင်မဟုတ်ဘူးဗျာ ” “ အောင်မာ နင်ကများ အရာရာစစ၊ ဒီဆိုင်ရင်က မောင်မင်းကြီးသား အရက် နေပြန်တိုး သောက်ထားတဲ့ အကြွေးမဆပ်လို့ဆိုပြီး ဓါးကြိမ်း ကြိမ်းနေတယ် ” “ ဟဲဟဲ အကိုကလဲဗျာ... ( ဆိုင်အပြင်ဘက်မှ အဖြစ်အပျက်များအား..ချစ်ကိုကြီး လူလမှ ကိုယ်တိုင်ခံစားရေးဖွဲ့မှုန်းခြယ်..လျှောက်ရေးပေးထားပါကြောင်း။။အဟီး) (ကျေးဇူးပဲအစ်ကိုရေ။ နောက်လဲ ကူရေးပေးပါဦးဗျာ) အကြောင်းကြောင်းကြောင့် နှောင့်နှေးမှုများအတွက်အားလုံးကိုလေးစားစွာ တောင်းပန်လျက်....