ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Jan 10, 2008

အအေးမိတာ..(Catching cold)

ဖင်လန် အစိုးရက ဆောင်းရာသီတွင် ဖင်လန်သူ ဖင်လန်သား များအအေးမိနိုင်ကြောင်းသတိပေးချက်ထုတ်ပြန် ထားပါသည်။ "Finland Gov: warns its people not to have a cold in winter"

မီးလောင်ကြတော့ ( when there is fire)

ရန်ကုန်မြို့တွင်ယမန်နေ့ညက လျှပ်စစ်မီးများပျက်နေခိုက် မီးလောင်မှုများဖြစ်ပွားခဲ့ရာ အိမ်အတော်များများတွင် ဖယောင်းတိုင်များလောင်ကျွမ်းသွားကြောင်း သတင်းရရှိပါသည်။ (သတင်းထောက် အာပလာ၊ မဟုတ်တရုတ်ဂျာနယ်ပေးပို့သည်။ ) "firing outbreaks during current out period"

Jan 9, 2008

ကတ်သီး နှင့် ကတ်သတ် ( သတင်းဆိုတာ) What's news?

(ကတ်သီး ) ဆရာကြီး ကတ်သတ် ခင်ဗျာ.. သတင်းဆိုတာ ဘာပါလဲ။ (ကတ်သတ်) အိမ်း.. သတင်းဆိုတာ news ပဲကွယ့်။ ရှင်းလား။ (ကတ်သီး) ဟုတ်..ဟုတ်ကဲ့ခင်ဗျ။ (ကတ်သတ်) လူကိုခြင်ကိုက်ရင် ဒါ သတင်း မဟုတ်ဘူး။ အဲ ခြင်ကိုလူကပြန်ကိုက်ရင်တော့ ဒါသတင်း ဖြစ်သွားရောကွယ့်။ (ကတ်သီး) ဆရာကြီး ဒါဆို သတင်းတစ်ပုဒ်လောက်ရအောင် ခြင်တစ်ကောင်လောက် လိုက်ကိုက်ပြပါလား။ (ကတ်သတ် ) အေး ခြင်တော့မကိုက်ဘူး။ မင်းကိုပဲ မီရာ လိုက်ကိုက်တော့မယ်ဟေ့...ကဲ... (ကတ်သီး) အ မယ် လေး ဗျ....... ( News is News)

Jan 7, 2008

ပူနွေးလို့ မဖြစ်ဘူး (Environmental claim)

Global warming နှင့်ပတ်သက်ပြီး တိုက်ဖျက်ရန် အဓိက တွန်းအားပေးနေသူများမှာ အနွေးထည်ရောင်းသူများ ဖြစ်ကြောင်းသိရပါသည်။ "Warm-clothes sellers call for reduction of Global warming"

သူတို့အတွက် ( free vocational program)

အမျိုးသမီး များ၏အသက်မွေးဝမ်းကျောင်းမှု ပိုမိုလုံခြုံစိတ်ချ စေနိုင်ရန်အတွက် အမျိုးသမီး များအတွက် အခမဲ့ ဆိုက်ကားနင်းသင်တန်း တစ်ခု ဖွင့်လှစ်သွားရန် စီစဉ်နေကြောင်း အင်ဂျီအို တစ်ခုမှ ပြောကြားခဲ့ပါသည်။ " A plan is organized by NGO for survival of women "