ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Dec 25, 2010

ဖရီးရေဒီယို

မြန်ပြည်တစ်လွှားခုတလော ..နာမည်မျိုးစုံနဲ့ရေဒီယိုလှိုင်းတွေ အပြိုင်အဆိုင်ထောင်ကြတာ အားကျရင်းနဲ့ ကိုကိုဖရီးတစ်ယောက် ညကျတော့ အိပ်မက်မက်မိပါတယ်။ အိပ်မက်ထဲမှာ ကိုကိုဖရီးရဲ့ ..ဖရီးဖောလိုင်းသစ်ဟာ နည်းပညာအရရော ငွေကြေးအရပါ အတော်လေးတောင့်တင်းတော့ မီဒီယာသူဌေးကြီး ရူးပတ်မားဒေါ့ ကတောင် ဒေါ်လာ ၄ ၊ ၅ ဘီလီယံပေးပြီး တောင်းဝယ်တယ်ဆိုပဲခင်ဗျ။ ကြည့်လေ ကိုကိုဖရီးရဲ့ …ဖရီးဖောလိုင်းကို ကမ္ဘာ အနှံ့အပြားက ဖမ်းနိုင်အောင်ဆိုပြီး ဧ၀ရက်တောင်ထိပ်မှာတောင် တိုင်ထူပြီးလွှင့်တာလေ။ လူမျိုးဘာသာမရွေး နားထောင်နိုင်အောင်ဆိုပြီးလည်း ကုလားလို.တရုတ်လို..ဘိုလိုရော..မြန်မာလိုရော ဘာသာပေါင်းစုံနဲ့လွှင့်တော့ အောင်မြင်လိုက်တာ မပြောပါနဲ့တော့ဗျာ။ ( အိပ်မက်ထဲမှာနော်)။ ဒီလို အောင်မြင်တာတောင် အားမရသေးတော့ တိရစ္ဆာန်တွေပါ နားထောင်နိုင်အောင် ဆိုပြီး ကိုကိုဖရီးက တိရစ္ဆာန်ဘာသာစကားနဲ့တောင်လွှင့်မလို့ ကြံစည်လိုက်တယ်ခင်ဗျာ။ (သြော်..မေတ္တာတရားကြီးမားသူကိုး..)
ဒီလိုနဲ့ စမ်းသပ်လွှင့်မဲ့ကာလရောက်လာတယ်လေ။ အရင်ဆုံး ခွေးဘာသာစကားနဲ့လွှင့်မှာဆိုတော့.အသံလွှင့်မိုက်ရှေ့မှာ
ခွေး ၂ ကောင် ၃ ကောင်ခေါ်ပြီး ကြိုးနဲ့ချည်ထားလိုက်တယ်။ အဲ…စတင်မလွှင့်ခင်ကတည်းက ကမ္ဘာတစ်ဝန်းလုံးက
ခွေးပိုင်ရှင်တွေကိုလဲ ကြေညာထားလိုက်တော့ ခွေးတွေခမျာ..ဘုမသိဘမသိနဲ့ ရေဒီယိုရှေ့ စုရုံးနေကြပြီခင်ဗျ။ အချိန်ကျတော့…အသံလွှင့်မဲ့ ခွေးတွေကို တုတ်နဲ့ထိုး..မုန်နဲ့မျှားပြီး မြူ.. ဖင်တွေကို ပိတ်ကန်တဲ့ကောင် ပိတ်ကန်.လိုက်တော့..အမလေး..ထွက်လာတဲ့ အသံတွေဗျာ…အု..၀ု…ဆိုတာတွေရော..ကိန်..ကိန်. .ကိန်..ဆိုတာတွေရော..ဝေါင်း…ဝေါင်း ..ဟဲဟဲဟဲ…တွေရော စုံလိုက်တာဗျာ။ ဒီအသံတွေလဲ ကြားရော ကိုကိုဖရီးတို့ရဲ့
သောတရှင် ခွေးပရိသတ်ခင်မျာ.. နားရွက်ကုပ်သူကုပ်..ပြန်ဟောင်တဲ့ကောင်ဟောင်..ထွက်ပြေးတဲ့ကောင် ထွက်ပြေးနဲ့
ဝရုန်းသုန်းကား တွေဖြစ်ကုန်တယ်ခင်ဗျ။ ဒီအထိတော့..ပတ်ဝန်းကျင်ကရော..ခွေးရှင်တွေကပါ သဘောကျပြီး..ရယ်နိုင်သေးတယ်ခင်ဗျ။ ဒါပေမယ့်..နောက်အစီအစဉ်လဲကျရော..ကိုကိုဖရီးခင်မျာ.. ။
အဟင့်..။ ဒီလိုလေဗျာ။ အထူးအစီအစဉ်…ခွေးတစ်ကောင်ရဲ့ ဖွင့်ဟ၀န်ခံချက်..ဆိုပြီး ခွေးဝဲစားအထီးတစ်ကောင်ကိုခေါ်..နားကြပ်တပ်ပေးပြီး အသံဖမ်းထားတဲ့ ခွေးမအူသံကို နားထောင်ခိုင်းလိုက်တာ..အဲဒီခွေးခမျာ..ဖီးလ်အပြည့်နဲ့ အူပါလေရောဗျာ။ ရေဒီယိုက ခွေးအူးသံလဲ ကြားရောတစ်ကမ္ဘာလုံးက ခွေးတွေလဲ..လိုက်အူလိုက်ကြတာ..တစ်ကမ္ဘာလုံးခွေးအူသံတွေနဲ့ ..ကြားရသူအပေါင်း နားကြောစိမ့်ကုန်တယ်ခင်ည။ ဒီမှာတင်..ကိုကိုဖရီးရဲ့ အသံလွှင့်ရုံကို အိုပါးကြီး (အမေရိကန်သမ္မတကြီးအား ချစ်စနိုးအခေါ်) ကပိတ်ရင်ပိတ်..မပိတ်ရင်..ကိုကိုဖရီးကို အင်္ဂါဂြိုဟ် ပေါ်မှာကိုယ်တုံးလုံး နဲ့သွားပစ်ထားမယ်ဆိုလို့ တွေးကြည့်တာတောင်..ချမ်းလာရင်း..ဖျတ်ခနဲ ဆို..လန့်နိုးလာခဲ့ပါတယ်။ နိုးလာတော့..စောင်မခြုံထားတဲ့ ကိုယ့်ကိုကိုယ် ကြည့်ရင်း.. သြော်….ရန်ကုန်ရဲ့ မချင့်မရဲ ဆောင်းအအေးဓာတ်ကြောင့်မက်မိတဲ့ အက်ဖ်အမ် အိမ်မက်လို့
ဝိဂြိုဟ်ပြုရင်းနဲ့……နားပါရစေနော်။