ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Jun 27, 2008

ရီတန်းအော့ဖ်ကိုကိုဖရီး.......(return of koko free)

ဘလော့ဂါမိတ်ဆွေအပေါင်းတို့ကျန်းမာတော်မူပါစခင်ဗျာ။ အဟီး.... ကြမ်း မမာရင်တော့သတိထားခင်ဗျ။ကျွံကျသွားမှာစိုးလို့။ ကိုကိုဖရီးခင်ဗျာမှာတော့ ဗိုက်မူး.. ပြီး ..ခေါင်းအောင့်.. .အဲ..(ပြောင်းပြန်..ပြန်ဖတ်လိုက်ပါ)တတ်လို့သတိ ထားနေရပါတယ်။ အသက်ကလေးရလာတော့ မရဏတရားတွေလို့အောက် မေ့ပြီး ရက်လည်တွေ့တိုင်းလဲ မုန့်ဟင်းခါးလိုက်စားမိပါတယ်။ ဒီကြားထဲ မျက်စိကလဲဖောက်လာတယ်လေ။မျက်လုံးမှိတ်လိုက်တိုင်းဘာမှကိုမမြင် ရတာကြာပေါ့။ထမင်းစားပြီးတိုင်းလဲဗိုက်ထဲပြည့်ပြည့်နေပြန်ရောဗျာ။သိပ်ကြိုက် တဲ့ဘီလေးတောင်ေ၇ှာင်ထားပါတယ်။ဘိုင်ပြတ်နေလို့..ဟီး။ ဘလော့မရေးဖြစ်တာ လဲကြာပါဘီ။ရှောင်လင်ကျောင်းသွားပြီးသိုင်းသင်နေရလို့လေ။ (မှတ်ချက်။ ။ ပုဆိုးကွင်းသိုင်းမသင်ပါ)။တော်ကြာ..ဘလော်ကာသမားတွေအချင်းချင်းထ ဖဲ့ကြတာ...ရှောင်လင်ကွန်ဖူး..မရှောင်လျှင်ထိပ်ဖူးသွားမှာစို့လို့ပါ။ လုသားအားလုံးကိုလေးစားလျက်...ကိုကိုဖရီး