“အလွန်မြင့်မားလှသောမိုးမျှော်တိုက်ကြီးများကြားရှိ အလွန်တရာညစ်ပတ်စုတ်ပြတ်ချိနဲ့နေသော ကုလားထိုင်များစားပွဲ
များ ခင်းကျင်းထားသော အရက်ဖြူ ဆိုင်အတွင်းတွင်ဖြစ်သည်။ အရက်ဆိုင်ဟုလူတိုင်းသိနိုင်သော ထိုအခန်းတွင် ကောင်မလေးပုံမပေါ့တပေါ်များဖြင့် အရက်ကြော်ငြာများမှာ အခန်းတွင်းနေရာအနှံ့ယူထား၏။ ဆိုင်ထောင့်တစ်နေရာတွင် လူပုံပိန်ပိန်ပါးပါးဖြင့် မျက်မှန်တပ်ထားသော လူတစ်ယောက်သည် ဟိုကြည့်ဒီကြည့်ဖြင့် ပဲကြီးလှော်ဝါးလိုက် ရေများများ
ရောထားသော အရက်သောက်လိုက်နှင့် ဂနာမငြိမ်ဖြစ်နေပုံရ၏။ ထိုသူကား..သိုင်းလောကတစ်လွှားဖိန့်ဖိန့်တုန်အောင်
ကျော်ကြားသော အရက်မူးသိုင်းသမားကြီး ဟန်သစ်မိန်ပင်ဖြစ်သည်။ သူ၏စားပွဲပေါ်တွင်လည်း မှုတ်နေကျ ဘာဂျာ တစ်လက်တင်ထားလေသည်။ ထိုသူနှင့် မလှမ်းမကမ်းကစားပွဲတွင်မူ အရက်သောက်ရင်း အရက်ကြော်ငြာများမှ ကောင်မလေးများ၏ကောက်ကြောင်းအလှကို တနေကုန်ထိုင်ပြီးတစိမ့်စိမ့်ကြည့် နေတတ်သော အတွေးအခေါ်ဆရာကြီး
ပလေသင်ကာ ထိုင်နေ၏။ နှာခေါင်းမှ ၀ပ်၄၀ မီးသီးသဖွယ် နီနေသော ပလေသင်ကာကြီး ၏ အမြည်းခွက်ထဲံရှိ
ဘယာကြော်တွေကိုမူ ပိုးဟပ်နှစ်ကောင်က ပွဲတော်တည်နေလေသည်။ ဆိုင်အတွင်းတွင် ထိုသူနှစ်ဦးမှလွဲပြီး သောက်သုံးသူလည်းတစ်ဦးမှ မရှိချေ။ စီးပွားရေးမကောင်းသဖြင့် ရှုံ့တွနေသောမျက်နှာဖြင့် ဆိုင်ရှင် ဦးဂလိုဘဲ ကြီးမှာ ကောင်တာတွင်အိပ်ငိုက်ရင်း ဟိုကုတ်ဒီကုတ် ကုတ်နေလေသည်။ ဆိုင်ရှင်ကြီးက အကြံတစ်မျိုးဖြင့်ခေါ်ထားသော
ဒိုင်နာရီ ဆိုသည့်ကပြားမလေးမှာလည်း ချောင်တစ်နေရာတွင် ခြင်ကိုက်ခံရင်း အချစ်ဝတ္ထုတစ်အုပ်ဖြင့် စိတ်ကူးယဉ်
နေလေ၏။ ဆိုင်ထဲတွင် သိုင်းသမားကြီး ဟန်သစ်မိန် ၏ ပြဲ့ကီးလှော်အစွမ်းကြောင့် လေလည်သံ၊ ဦးဂလိုဘဲကြီး ၏
စိတ်မချမ်းမြေ့ဖွယ်ရာ ဟောက်သံများသာ တစ်ချက်တစ်ချက် ထွက်လာတတ်သည်။ တစ်ကျပ်ဖိုးသောက်လျှင်
တစ်ရာဖိုးမူးတတ်သော ပလေသင်ကာကြီးမှာလည်း လူအလစ်တွင် ခွက်ထဲ ရေများထပ်ထပ်ထည့်ကာ
ခပ်တည်တည်ဖြင့် ထိုင်နေ၏။ ထိုစဉ် ...“၀ုန်း” .....ဆိုသောအသံနှင့်အတူ ဆိုင်တံခါးရုတ်တရက်ပွင့်သွားကာ
နဖူးပြောင်ပြောင်.......”
ဆက်လက်စောင့်မျှော်ဖတ်ရှုပါရန်.....
အားလုံးကိုလေးစားလျက် (ကိုကိုဖရီး)