ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Sep 28, 2008

ဝန်ချတောင်းပန်အသိပေးရှင်းလင်းကတိပြုအာဖြီးခြင်း

ခုတလော....ကိုကိုဖရီးပျောက်နေလို့ဆိုပြီး မိတ်ဆွေတွေက ပူပန်ကြတာ အားနာစရာဗျာ။ ပျောက်တာတော့ မဟုတ်ပါဘူး။ မတွေ့တာဖြစ်မှာပေါ့နော်။ဟုတ်ဘူးလား။ ဟိး။ စာရေးရရင်ပြီးရောဆိုပြီး လက်နဲ့ပဲ စာရေး..အဲ..အဲဒီလိုမဟုတ်ပါဘူး.. ကမ္ဘာသူကမ္ဘာသာများ၇ဲ့ ငြိမ်းချမ်းသာယာမှုအတွက် ငြိမ်းချမ်းခရီး လှည့်လည်နေတယ်ဆိုပါတော့ဗျာ။ (အဟီး..ဆက်ဖြီးမှ ) ကိုကိုဖရီးဆို အအိပ်ပျက်. (ဘောပွဲကြည့်ခြင်းကြောင့်) .အစားပျက်..( သွားနာနေခြင်းကြောင့် ) ခံပြီး လူသားအကျိုးအတွက် ကမ္ဘာတစ်ခွင်လျှောက်သွားလိုက်တာ အာဖရိကဆို ဆိုမာလီယာ၊ ချဒ်၊ ဆူဒန်၊ အီသီယိုးပီး.ယား၊ တူနီရှား၊ အီဂျစ်၊ လစ်ဗျား နိုင်ငံတွေပေါ့ဗျာ။ အာရှဆိုလည်း အရှေ့အလယ်ပိုင်းတစ်ခွက် ပြဲပြဲစင်ဆိုပါ့တော့ဗျာ။ အစရေး ပါလက်စတိုင်း၊ ဆီးရီးယား၊ ယီမင်၊လက်ဘနွန်တွေပေါ့။ ကိုကိုဖရီးရဲ့ ငြိမ်းချမ်းရေးခရီး အောင်မြင်တာကို မိတ်တွေတို့ မြင်တွေ့ကြမှာပါနော်။ ဟီး။ ခုသူတို့အေ၇းမှာ ကိုကိုဖရီးရဲ့ ရှို့မီး...ဟုတ်ပေါင်..အဲ..ငြိမ်းချမ်းရေး စနက်တံကြောင့် လောင်သွားတာမဟုတ်ပါဘူးခင်ည။ အဟင့်..ဟင့် ။ သူ့ဘာသာလောင်ချင်နေတာ ကိုကိုဖရီးက ဓာတ်ဆီလေး ၂ ဂါလံလား လောင်းလိုက်မိတာပါခင်ည။ ဤသို့ ကမ္ဘာသူကမ္ဘာသာများ၇ဲ့ ငြိမ်းချမ်းသာယာမှုအတွက် ကမ္ဘာတစ်ခွင်ခရီးစဉ် (စိုးရန်အောင်မဟုတ်) နဲ့ ကိုကိုဖရီး အလေလိုက်ပြီးသကာလ မိခင်နိုင်ငံကြီးအတွက် သမိုင်းပေးတာဝန်ထမ်းရွက်ဖို့ အချိန်တန်လာတယ်ခင်ည။ ပြန်လာဖို့လဲ ဟိုဘဘကြီးက ခေါ်နေတာကိုး..ဟိ။  ထို့ကြောင့် ကိုကိုဖရီးတစ်ယောက် ကျည်မဖောက်၊ ဗုံးမတိုးနိုင်သော အကျီ င်္ကြီးဝတ်၊ တိုင်းရင်းသားဘာသာစကားပေါင်းစုံ ပြောနည်း စာအုပ်ကြီးကိုင်ကာ ပါးစပ်မှ သက်စောင့်ဂါထာအကြိမ်တစ်သန်းရွတ်၊ မီဒီယာတွေလုံးဝ ဂရုမစိုက်အောင် ဟိုမင်းသမီးရဲ့ ယောက္ခမကြီးပိုင် ကုန်မဏီကားကြီးနဲ့အထွက် ...အမလေးဗျာ..အဟင့်...ကိုကိုဖရီးဗွေဆော်ဦးရလိုက်တာက..စကဒ်ဒုံးကျည်လဲ ဟုတ်ဘူး။ အာပီဂျီဗုံးသီးလည်းဟုတ်ဘူး။ နျူကလီးယားဒုံးပျံလဲ ဟုတ်ဘူး။ အဟင့်ဟင့်... အိမ်ရှေ့အိမ်က လင်မယားရန်ဖြစ်ရင်း ကိုကိုဖရီးရဲ့ လေကြောင်းပိုင်နက်ကို ကျူးလွန် ရောက်ရှိလာတဲ့ ဒန်အိုးစုတ်တစ်လုံးဗျ.. တိန်...ဒေါင်..အမလိ.. တေပြီဆြာ..။. ဤသို့ဤနယ် ကမ္ဘာကြီး ငြိမ်းချမ်းရေးကို အမှုထားတဲ့ ကိုကိုဖရီးတစ်ယောက် ကိုယ့်နိုင်ငံ ကိုယ့်အိမ်ဝန်းကျင်တောင် ငြိမ်းချမ်းမှုရှိအောင် မဆောင်ရွက်နိုင်သေးဟု နဖူးမှ ဘုအား စမ်းပြီး သုံးသပ်ကာ နောက်ဆုံးအိမ်ထဲ ခပ်ကုပ်ကုပ်ဝင်ခဲ့ရလေတော့....သတည်း ..။ (သာဓုမခေါ်ရ)
မှတ်ချက်။
”မိတ်ဆွေများအတွက် ဂလိုဘယ်အမြည်းနှင့် ယမကာဖရီး (ဇတ်သိမ်းပ်ုင်း) ၊ ပုလင်းထောင်မိုးမောင်               ( ဇတ်သိမ်ပိုင်း) များအား များမကြာမီ တင်ဆက်ပေးမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေး အာပေးလိုက်တဲ့.. “
မူလလက်ဟောင်း ကိုကိုဖရီး