ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Aug 12, 2008

ကိုကိုဖရီးနှင့်အိုလံပစ် ( Olympic in Myanmar)

အားကစားဝါသနာရှင် ဘလော့မိတ်ဆွေများခင်ဗျား။ ယခုဆိုရင်တရုတ်နိုင်ငံမှာ အိုလံပစ်ပွဲကြီးခြိမ့်ခြိမ့်သည်း ကျင်းပနေစဉ်ကိုကိုဖရီးခမျာခိုးလို့ခုလုဖြစိနေ၇ပါတယ် ဗျာ။ဘာကြောင့်လဲဆိုတော့အိုလံပစ်ပွဲကြီးကိုပြိုင်ချင်လွန်းလို့တစ်ယောက်တည်း ကျိတ်ကျင့်နေတာကြာလှပေါ့။ဒါပေမယ့်ကိုယ့်မြေကိုယ့်ပရိသတ်ရှေ့မှာဂုဏ်ဆောင်ချင်လွန်းလို့ မြန်မာနိုင်ငံအိမ်ရှင်ဖြစ်မှဝင်ပြိုင်ဖို့နဲ့တခြားမြေတွေမှာဆိုရင်ဝင်မပြိုင် ဘူးလို့ဆုံးဖြတ်ထားတယ်လေ။(အင်း-အရိုးဆွေးတာတောင်ဝင်ပြိုင်၇ဖို့မမြင်ပါဘူး)။ တကယ်ပါဗျ။ကိုကိုဖရီးကအားကစားဆိုရင်သိပ်ဝါသနာပါတာလေ။အားမှကစားတာ မအားရင်လုံးဝကစားတာမဟုတ်ဘူး။အားကစားလုပ်နေရရင်လည်းထမင်းမေ့ ဟင်းမေ့ပဲလေဟင်းမကောင်းတဲ့နေ့တွေမျိုးပေါ့..အဟီး)။အားကစားထဲမှာဝါသနာ အပါဆုံးကဘောလုံးလေ။ကိုကိုဖရီးကဘောလုံးကိုဘယ်လောက်တောင်ကျွမ်းကျင် လဲဆိုရင်..ဟဲဟဲ..ဘောလုံးကိုကြည့်လိုက်တာနဲ့ဘယ်ဘောလုံးကအထီး.. ဘယ်ဘောလုံးကအမလဲဆိုတာကအစတန်းသိတယ်ဗျ။ ပရိသတ်ကြီးလဲခွဲခြားသိချင်ရင် ..ဒီိလိုဗျ။ဖရီးကစ်ကန်ရင်ကြည့်အမျိုးသားပွဲတွေမှာဆို၇င်ဘောလုံးကလူတွေကိုရှောင်သွား ရင်အဲဒီဘောလုံးက“အထီး”ဗျ။အဲ..အမျိုးသမီဲးပွဲတွေမှာဆိုရင်တော့ဒီဘောလုံးက.. ဟိုနေရာတွေပြေးသွားတာတန်းခနဲဗျို့။ (အဟီး..ဂိုးထောင့်တို့၊ခြေထောက်တိုကပြော ပါတယ်)။ အဲ..ဘောလုံးက“အမ”ဆိုရင်တော့ရှင်းပါတယ်။ အမျိုးသားဘောလုံးသမားလေး တွေခမျာ ဘောလုံးမကြာခဏမှန်လို့ခုန်ဆွခုန်ဆွလုပ်ရလေရဲ့။အင်း..ဘယ်နေရာမှန်ကုန် လဲမသိပါဘူး။ အဲ..အမျိုးသမီး ဘောလုံးသမားတွေကတော့ ဘောလုံး“အမ”နဲ့ဆိုရင်ပေးတာ တခြားရောက်တာတခြားနဲ့ ဘောလုံးကလူကို အကပ်မခံတော့ဘူးဗျို့။ ဟော...ပြောရင်းဆိုရင်း ကိုကိုဖရီးဝင်ပြိုင်မဲ့ အားကစားနည်းတောင် မပြောရသေးဘူး။ ကိုကိုဖရီးဝင်ပြိုင်မှာက “အိုလံပစ်အမျိုးသားအလွတ်တန်းဘီယာသောက်ပြိုင်ပွဲ”ခင်မျ။ အင်း..ခက်တာကအိုလံပစ်အားကစားနည်းတွေထဲမှာလည်းဒီကစားနည်းမပါသေးတော့ ခက်တယ်ဗျာ။ဘာပဲဖြစ်ဖြစ် ကိုကိုဖရီးကတော့.မြန်မာနိုင်ငံအိမ်ရှင်ဖြစ်မယ့် အိုလံပစ်ပွဲ တြော်ကီးမှာ အိမ်ကွင်း..အဲ..အိမ်ရှင်ဆိုတော့..ခု..မျိုးချစ်စိတ်ပြည့်ဝစွာ မြန်မာ ဘီယာနဲ့ပဲ ထရိန်နင်ဆင်းနေပါကြောင်း ။ ။ အားလုံးကိုလေးစားလျက်..ကိုကိုဖရီး