ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Feb 15, 2008

အဲဒါပြောတာပေါ့့ ( It is to say)

တောက်.....လူငယ်တွေခက်လိုက်တာ။ ပြောလိုက်ရင် ပါရမီ မရှိဘူး ပါရမီ မရှိဘူးနဲ့။ ဟောကြည့်.....ပါရမီတွေ မှတ်တိုင်မှာ တစ်စီးပြီး တစ်စီးဆိုက်လာပြီ။ ကဲဗျာ...အဲဒါပြောတာပေါ့။ ။..ဟင်း..( သက်ပြင်းချလိုက်သည် )

Feb 11, 2008

လူဦးရေဇစ်မြစ် ( Source of population)

လူဦးရေတိုးပွားခြင်းနှင့်ပတ်သက်၍ အီကိုမှ ဘောဂဗေဒဆရာတစ်ဦးက ရာသီဥတုပူတာကြောင့်ဟု ပို့ချဖူးပါသည်။ တစ်မျိုးကြီးပဲ၊ရှင်းပြပေးပါအုံးခင်ဗျာဟု တောင်းပန်တော့ ”ဒီလှိုကွ။လူဦးရေတိုးနှုန်းမြင့်တဲ့နိုင်ငံတွေဆိုတာကအပူပိုင်းဒေသကများတယ်။ ဒီနိုင်ငံတွေမှာ ည ညဆို ပူုအိုက်လို့ တော်တော်နဲ့အိပ်မပျော်နိုင်ကြဘူး။ ဒီတော့ လုပ်စရာရှိတာတွေပဲ ဆက်လုပ်ကြရင်းနဲ့ပဲ လူဦးရေ တိုးလာတယ်ဆိုပါရောတဲ့။” ကျွန်တော်တို့က...ဆရာ ဒါအိုဗာတိုင်ဆင်းတာလားဆိုတော့။။ အေး၊ အချိန်ကိုအလကားမထားတာတ။ဲ့ ကျွန်တော်တို့လည်း.....ဟာ သိဲပြီ သိပြီ ဆရာ။ သြော် ဒါကြောင့်ကို။ ဟီး ဟီး ဟီး......ဟုရယ်မောခဲ့ကြရပါသည်။ ( It is referred to an Economist from YIE)