Jan 6, 2010
ဂလိုဘယ်အမြည်းနှင့် ယမကာဖရီး (၆)
(ယခင်အဆက်).အရက် နေပြန်တိုး သောက်ထားတဲ့ အကြွေးမဆပ်လို့ဆိုပြီး ဓါးကြိမ်း ကြိမ်းနေတယ် ”
“ ဟဲဟဲ အကိုကလဲဗျာ...ပြောပြောဆိုဆို ကိုကိုဖရီးတစ်ယောက် ဆိုင်ဘက်သို့ထွက်သွားစဉ်….
ဆိုင်အတွင်း၌ကား ကြောက်နေကြသော ဟန်သစ်မိန်တို့ အုပ်စုအားကြည့်ပြီး လက်နက်ကိုင်
အဖွဲ့ထဲမှ တစ်ဦးက “ ခင်ဗျားတို့ သိပ်မကြောက်ကြနဲ့လေ။ ကျုပ်တို့က ဂန်ပါပီ ကြီးကို
လာခေါ်တာပါဗျ” ။ ဟင်..အမလေး အဘား..အဘား..ကယ်တော်မူပါ။ ထိုအခါ ..ဂန်ပါပီကြီးခင်မျာ.. ပိန္နဲသီးလောက်ရှိသော မျက်နှာကြီးမှ မင်းဂွတ်သီးခန့်သာ ရှိသော မျက်နှာလေးဖြစ်သွားလေသည်။
“ဒီမှာ ဂန်ပါပီ ..ဒါခင်ဗျားအတွက် အခွင့်အရေးဗျာ။ ကျုပ်တို့နဲ့သာ လိုက်ခဲ့စမ်းပါ” ။ “မင်းတို့ ငါ့ကို ဘာလုပ်မလို့လဲဟင်” “ဘာမှမလုပ်ဘူး ၊ ကျုပ်တို့ခေါင်းဆောင်ကြီး အိုစမာအာလာဒင်က ခင်ဗျားကို
ဆိုမာလီယာ ပင်လယ်ဓားပြတွေဆီက ရစရာရှိတဲ့ အကြွေးတွေ သွားတောင်းခိုင်းမလို့တဲ၊ ပါစင်းတိတ် နဲ့ရမှာနော်..ငှဲ.ငှဲ”။ ပါစင်းတိတ် ဆိုသောအသံကြားသည့်အခါ ဂန်ပါပီကြီးလည်း မင်းဂွတ်သီးခန့်သာ
ရှိသော မျက်နှာမှ တစ်ဖန် ဒူးရင်းသီးခန့်ရှိသော မျက်နှာကြီး ပြန်ဖြစ်သွားလေသည်။ ဟီး….. ။
ဆိုင်အတွင်းရှိ လူအားလုံးလည်း အခုမှ သက်ပြင်းချနိုင်ကြပြီး အားကျသည့်အကြည့်ဖြင့်
ဂန်ပါပီအား ၀ိုင်းကြည့်ကြသည်။ မေ့ချင်ယောင်ဆောင်နေသော ပလေသင်ကာမှာလည်း.
.ရှက်ရယ်ရယ်ပြီး ထလာသည်။ ဟဲ.ဟဲ ။ ထို့ အတူ နောက်ဖေးထရံပေါက်မှ ချောင်းကြည့်နေသော
ဒိုင်နာရီဆိုသည့် ကပြားမလေးလည်း ဂန်ပါပီဆီပြေးလာကာ..“ကိုကိုဂန်..ကိုကိုဂန်..
ဟိုမှာသတိထားနော်။ မီးကိုလည်း အပြန်လက်ဆောင် အာဖရိကပြောင်းဖူးကြီးတွေ ၀ယ်ခဲ့ဦး။
သူတို့ပြောင်းဖူးတွေက အကြီးကြီးတွေလေ။ မီးက ဒါမျိုးမှကြိုက်တာ။ မီးက..ကိုကိုဂန်ကို
မျှော်နေမှာနော်” ဟု ကြက်ဆူဆီသုတ်ထားသောအသံဖြင့် ပြောလိုက်လေသည်။ “ဒါနဲ့
ဂန်ပါပီကြီးကို ဘာဖြစ်လို့ အိုစမာအာလာဒင်ကြီးက အကြွေးတောင်းဖို့ ရွေးထားတာလဲကွ”
ဂလိုဘဲကြီးမှ သူအကျင့်အတိုင်းစဖွလိုက်ရာ…“ဟေ့ကောင်..မင်းကလဲ ဝေးပါ့ကွာ၊ ဂန်ပါပီကြီးကမှ ဆိုမာလီယာဓားပြတွေလို လူဆိုးလူမိုက်တွေကိုမှ မကြောက်တာကိုး..သူ့ကို အပ်လိုက်မောင်..
အငြိမ်ပဲ။ ဟဲ.ဟဲ..” ထွန်းဂေါက်မြွေ မှလည်း သူ့အကျင့်အတိုင်း အလွတ်မပေးဘဲ
ဝင်ထောက်လိုက်လေသည်။ ပြုံးဖြီးဖြီးဖြစ်နေသော ဂန်ပါပီကြီးမှ..ကဲ..ဒါဆိုကျုပ် လိုက်သွားဦးမယ်ဗျာ၊ ခင်ဗျားတို့အတွက် ဒီမှာကျသင့်တာတွေအားလုံး ကျုပ်..အာလာဒင်ကြီးဆီက ပါစင်းတိတ်ရရင်
လာပေးမယ်နော်။ “ဟေး”…ဟု အားလုံးမှ ၀မ်းသာစွာ ၀ိုင်းအော်လိုက်စဉ် ဆိုင်ရှင်
ဂလိုဘဲကြီးခင်ဗျာ“..အဟင့် အဲလိုတော့..အလုပ်နဲ့လေဂျာ..အဟင့်..အဟင့်” ဟု
ငိုမဲ့မဲ့ဖြစ်သွားလေသည်။ ထို့နောက်…...
(ဆက်ရန်ပါခင်ဗျာ)
Subscribe to:
Posts (Atom)