ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Sep 2, 2013

“တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်သူကိုကိုဖရီးဒဏ်ကြေးဆောင်ရ”

အထီးကျန်လူပျိုကြီးဘ၀ဖြင့် ဘ၀ကိုလေးကန်ဖင့်နွဲ့ပျင်းရိစွာဖြတ်သန်းနေရသော
ကိုကိုဖရီးတစ်ယောက် ယမန်နေ့က တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ပွဲတစ်ရပ်အား အများသုံးအိမ်သာတစ်ခုတွင် ပြုလုပ်ခဲ့ရာ အိမ်သာစောင့်အား မြန်မာကျပ်ငွေ ၁၀၀ တိတိ

ဒဏ်ကြေးပေး ဆောင်ခဲ့ရပါကြောင်း ။ ။ 

အထင်အမြင်လွဲမှားမှု မရှိစေရန် မဖတ်မနေရအောက်ပါမှတ်ချက်ကိုဆက်ဖတ်ပါခင်ည ။

( မှတ်ချက် ။ ။ အိမ်သာတစ်ခုအားနှစ်ယောက်တက်ရပါက နှစ်ကိုယ်တော်ဆန္ဒ ထုတ်ဖော်ပွဲဟုခေါ်ပါသည်ခင်ည)

မူလလက်ဟောင်းဂန္ထ၀င်ကိုကိုဖရီး

ဖရီး၏ ရှက်ရှက် ကာကွယ်ရေးဝတ်စုံ

  



မြန်မာနိုင်ငံမှာလိင်အကြမ်းဖက်မှုများမြင့်တက်လာသောကြောင့် မြန်မာနိုင်ငံမှအမျိုးသမီးများ
စိတ်အေးစေရန် အင်နိုဗေးတစ်ဖရီးမှ သံမဏိကာကွယ်ရေးဝတ်စုံထုတ်လုပ်လိုက်ပါပြီ။သို့သော် မိုးရာသီတွင်ဝတ်ဆင်မည်ဆိုပါက အသက်အာမခံကြိုတင်လုပ်ထားပါရန် ကြိုတင်သတိပေးထား
ပါသည်။

(မှတ်ချက် ၊ ၊
အင်နိုဗေးတစ်ဖရီးမှ Personal မိုးကြိုးလွှဲ ကိရိယာထပ်မံထုတ်လုပ်ပါဦးမည်)

မူလလက်ဟောင်းပလာတာကိုကိုဖရီး

ဖရီး၏အိမ်သာအစွမ်း

အမျိုးသားများစွဲမြဲသုံးစရာ ကိုကိုဖရီး၏အိမ်သာပါ။

ကုန်ခမ်းသွားသောအားအင်များအတွက် အထူးအားတိုးဆေးများအားလည်း ကိုကိုဖရီး
မှအထူးစီမံဖော်စပ်ထားသဖြင့် ဆက်သွယ်ဝယ်ယူနိုင်ကြပါသည်။

မူလလက်ဟောင်း ကိုကိုဖရီး


ကိုကိုဖရီးနှင့် ၈၈၈၈ ဘီယာ


မြန်မာနိုင်ငံ၏ သမိုင်းဝင် ၈၈၈၈ နေ့အား အမှတ်တရဖြင့် ကိုကိုဖရီးမှ ဘီယာ ၈၈၈၈ ခွက်သောက်ကာဝင်ရောက်ဆင်နွှဲမည်ဟုအားထုတ်ခဲ့သော်လဲ ပထမ ၈ တစ်လုံးအတွက် 
၈ ခွက်မျှသောက်အပြီးတွင်ပင် လောကကြီးနှင့် အဆက်ပြတ်သွားပါသဖြင့် ယခုနှစ်ွ
၈ လေးလုံးပွဲတော်ကြီးအား ဤမျှနှင့်ပင် အဆုံးသတ်လိုက်ရပါကြောင်း ။ ။

ခင်မင်စွာဖြင့်
ကိုကိုဖရီး (၈၈ လက်ကျန်)