ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Nov 28, 2009

ဖွချင်တိုင်းဖွ..မွချင်တိုင်းမွ

မိတ်ဆွေတို့ရေ..အင်တာနက်ကြီးပေါ်မှလူတွေရဲ့သတင်းအချက်အလက် ဖလှယ်မှုဟာ အလွန်မြန်နေတဲ့ခေတ်ကြီင်္းနော်။ …ခုတလော..မြနန်းနွယ်ရုပ်တုကို လက်ထိပ်ခတ်မှုတို့၊ အထူးကုဆေးခန်းကြီးတစ်ခုမှာ မိန်းမပျိုလေးတစ်ယောက် အကြွေစောသွားတာတို့၊ ဘယ်သူဟာ ဘယ်လိုယုတ်မာသူကြီးပါဆိုပြီး အီးမေးတွေက တဆင့် ပြန့်ပွားနေတာလည်း လေ့လာဖတ်ရှုမိပါတယ်။ သို့ကလိုဆိုရကား..အင်တာနက်သတင်းဆိုပြီး လူတွေကြားထိုးဖောက်မှုတွေ အားကောင်းနေတာတွေ့ရတယ်ခင်ဗျာ။ ဒါကြောင့် အင်တာနက်ဆိုတာ..၃၇ နတ်မင်းထဲမှာပါလားမပါလား မသေချာသူတွေတောင် အရပ်ထဲ လှည့်ပြောနိုင်လာပြီလေ။ ဟိုးတလောကလည်း Buddhist နဲ့ တခြားဘာသာဝင် တွေကို ရန်တိုက်ပေးတဲ့ မေးလ်တွေ ပလူပျံနေတာဖတ်ဖူးကြမှာပေါ့။ အဆိုပါသတင်းတွေ မှန်တယ်..မမှန်တယ်အသာထားဗျာ..အမှန်တရားဆိုတာ သက်တမ်းတိုတောင်းလှပါတယ် ဆိုတဲ့ ဒီခေတ်ကြီးထဲမှာ သတင်းတစ်ခုရဲ့ ခိုင်မာရိုးသားမှုကို မစူးစမ်းဘဲ လက်လွတ်စပယ် ဖြန့်ဝေမှုတွေဟာ ကြောက်စရာတစ်ခုလို့ထင်တယ်လေ။ ကျွန်တောတို့ကိုယ်တိုင်ရော ဒီဖြစ်စဉ်ကြီးထဲမှာ ကင်းလွတ်ရဲ့လား လို့ မေးရမလိုဖြစ်လာတယ်ခင်ဗျ။ တကယ်တော့ ကျွန်တော်တို့မေးလ်ဘောက်တွေကိုဖယ်လ်တာမခံဘဲ၊ စပန်း မလုပ်ဘဲ ကြည့်မယ်ဆိုရင်လည်း ဖော်ဝပ်မေးလ်တွေနဲ့ အော်တိုမက်တစ်ဒလီဘရီ မေးလ်တွေက အစောင်၁၀၀ မှာ ၈၀ လောက်နေရာယူထားတာခင်ဗျ။ လူလူချင်းပို့တဲ့မေးလ်ဆိုတာက မနည်းလိုက်ရှာဖတ်နေရတယ်လေ။ မိတ်ဆွေအချင်းချင်း သိစေချင်လို့ စေတနာနဲ့ ဖော်ဝပ်မေးလ်ပို့တာတွေကတော့ သဘာဝကျပါတယ်ဗျာ။ဒါပေမယ့်..ဆိုးတာကတော့ဗျာ …ဒီမေးလ်ကိုပဲ ထပ်မံပြီး ဖော်ဝပ်မလုပ်ရင်…ဘယ်လိုဆိုးက်ျိုးခံစားရမှာတို့၊ ဒီမေးလ်ကို ဖော်ဝပ်မလုပ်သူဟာ ဘယ်လောက်ထိလူမှုရေးစိတ်ဓာတ်ညံ့ဖျင်းခေါင်းပါးသူဖြစ်သွားနိုင်တယ်ဆိုပြီး ခြိမ်းခြောက်စာလိုလိုရေးထားတာတွေကတော့ တစ်မျိုးကြီးပဲခင်ဗျ။ ဘာပဲပြောပြော၊ ဘယ်သူတွေကပဲ စစ..ဗျာ..ဒါတွေကြောင့်..ကာယကံရှင်တွေလည်း.ဖြေရ၊ သက်ဆိုင်ရာတွေလည်း ရှင်းရ၊ ဂျာနယ်တွေလည်း..စာမျက်နှာထက်တင်ရနဲ့အလုပ်ရကုန်ပါရဲ့။ သတင်းကစိတ်ဝင်စားစရာကောင်းလို့ဝယ်ဖတ်ကြပြန်တော့ စာဖတ်သူတွေခင်မျာ ..ဘယ်သူကမှားလို့ဘယ်သူကမှန်တယ် မသိဘဲေ၀၀ါးကုန်ကြတာပေါ့ခင်ဗျာ။ သြော်..ဒါကြောင့် ..ကိုကိုဖရီးတို့ကမ္ဘာလည်း နှုတ်ကြောင့်သေလက်ကြောင့်ကြေ ဆိုသလို ကံသုံးပါးအစပြုပြီး သကာလ ဖွချင်တိုင်းဖွ..မွချင်တိုင်းမွနေကြသကိုး ။ ။ ခင်မင်မှုအရိုးခံဖြင့်..ကိုကိုဖရီး...ဖရီးကိုကို