ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Nov 10, 2010

ဂလိုဘယ်အမြည်းနှင့်ယမကာဖရီး (၈)

ယခင်အဆက်....
အမလေး ဒီ..ကိုကိုဖရီးကလဲ ဘယ်လိုဖြစ်ပြီးငွေပဲကြည့်နေရတာလဲ..ဟဲ့ဟဲ့ ငါက
သူများတကာတွေကို ထောက်ပံ့နေတာကိုးဟ။ ဟင်..ဘယ်သူတွေကိုထောက်ပံ့နေရလို့လဲ။
မာဆတ်ခ်ျက ကောင်မလေးတွေပေါ့ဗျာ ဟဲဟဲ..ဟု ထွန်းဂေါက်မြွေမှ ၀င်ဖွလိုက်သည်။
ဟ.. ဒါက တိုင်းပြည် စီးပွားရေးတက်အောင် တစ်ဖက်တစ်လမ်းက ကူညီနေတာကွ။
သူတို့လေးတွေခမျာ သနားပါတယ်ကွာ။ ဒီလိုနေရာတွေမှာ ငွေသုံးလိုက်တော့ မာတီပလယာ
အက်ဖတ်ခ် တွေ ကြောင့် ဂျီဒီပီတိုးသွားနိုင်တယ် မဟုတ်လား။ အင်ဖော်မယ်ဆက်တာ
တွေကို လျှော့တွက်လို့မရဘူးကွ။ တစ်နည်းအားဖြင့် ဆားဗစ် ဆက်တာတွေပေါ့ကွာ။
ဖြည်းဖြည်းပြောစမ်းပါကွာ တံတွေးစင်လိုက်တာ။ အီးဝေဖြိုးဆိုသူ မိန်းကလေးမှ..
ကဲ..ကဲ..ဒါတွေ ခဏထားဦးရှင့်။ ဘလော့ဂါအချင်းချင်း ညီအစ်ကိုမောင်နှမလိုနေကြအောင်
ကျွန်မတို့က ကြိုးစားရမှာပေါ့ရှင်။ ဟုတ်တယ်ဟုတ်တယ်..ကျွန်မ တို့က သွေးထွက်သံယိုတွေ
မကြည့်ရဲလို့ ကိုရီးယားအချစ်ကားတွေပဲကြည့်ကြတာ။ ရောင်ဆင်၊ လင်လက်ဖြူ စသည့်
မိန်းကလေးများကပါ ၀င်ထောက်ခံလိုက်ကြသည်။ အင်း အချစ်ကားတွေထဲမှာ သွေးထွက်သံယို
ထွက်တဲ့ကားမှ မကြည့်ဘူးကြတာကိုး..ဟိ။ ဟင် ရှင်..ဘာပြောတာလဲ။ ဘာပြောတာလဲ။
ဟင်..ဘာမှပြောပါဘူး၊ ပြောပါဘူး။ အချစ်သရဲကားလို့ ပြောတာ။ဟီး။ ကတ်ကတ်လန်
ရန်တွေ့လိုက်သော ကောင်မလေးများကြောင့် ကိုကိုဖရီး ခမျာ မနည်းပြန်ဖြေလိုက်ရသည်။
ကိုကိုဖရီး တို့အုပ်စု ဆိုင်တွင်း၌ ဟိုပြောဒီပြော ပြောနေကြစဉ် ဆိုင်တွင်းသို့ ထပ်မံဝင်ရောက်
လာသူမှာ ခေတ်သစ်ဂျပုပိုင်ရှင်အရူးကတစ်မူးသာသည့် “ကိုယုသာ”ဆိုသူပင်ဖြစ်သည်။
ထိုသူမှာ ကုပ်ချောင်းချောင်းဖြင့် ၀င်လာကာ ညောင်နာနာအသံဖြင့် ကျွန်တော် ကဗျာစာအုပ်လေး
ရောင်းချင်လို့ပါခင်ည။ အေ့...ပြောရင်းဆိုရင်း..ခါးကြားထိုးထားသည့် အရက်ဖြူပုလင်း
ဆွဲထုတ်ကာ တစ်မော့မော့ချလိုက်သည်။ ထို့နောက် တုန်ချိချိဖြင့် အင်္ကျီရင်ဘတ်ကြားမှ
ကဗျာစာအုပ်များကိုထုတ်လိုက်လေသည်။ ကဲပါဗျာ...။ ခင်ဗျား ဘယ်နှအုပ်..ပါလဲ။
အကုန်ထားခဲ့။ ခင်ဗျားကြည့်ရတာ..ကဗျာဆရာပီသပါပေတယ်။ မွဲတေတေစုတ်ချာချာဆိုတော့။
.ဘယ်လောက်ကျလဲ..ကျုပ်ပဲ အကုန်ယူလိုက်မယ်။ ..ကိုကိုဖရီး၏ ဘောစိစတိုင် မထီတထီ
ပြောလိုက်ဟန်ကြောင့် ထိုသူ၏မျက်ဝန်းများမှာ ရီဝေနေရာမှ ရုတ်ချည်းတင်းမာသလိုဖြစ်ကာ
ကျုပ်အနုပညာကို ငွေကြေးနဲ့ တန်ဖိုးဖြတ်လို့တော့မရဘူးဗျ။ တော်ပြီ မရောင်းတော့ဘူး။ ရော့
အလကား ယူလိုက်တော့ ။ ဒါပေမယ့်အရက်တော့ဝယ်တိုက်..ဟီးဟီး ။ ကောင်မလေးဆီက ပိုက်ဆံချေးပြီးအသစ်ထုတ်ထားတာဟု. ကိုယုသာ ပြောနေစဉ်မှာပင် လက်တစ်ဖက်က ကင်မရာ
အစုတ်တစ်လုံးကိုင်ကာ နာမည်ကြီးဓာတ်ပုံဆရာလိုလို ကွန်ပြူတာ လိုက်ပြင်တဲ့သူလိုလို
မျက်မှန်တပ်ထားသည့် တိုတိုစတန်လေ ခြေတစ်လှမ်းကုဋေ တစ်သန်းနှုန်းဖြင့် ၀င်လာလေသည်။ “မိတ်ဆွေများခင်ဗျား..ကျွန်တော်ရဲ့ ဓာတ်ပုံဆိုင်ဖွင့်ပွဲလေးအတွက် အခမဲ့ ဖရီး ရိုက်ပေးဖို့ ပရိုမိုးရှင်း လာလုပ်တာခင်ဗျ” ဖြူတဲ့သူမည်းအောင် မည်းတဲ့သူမှောင်သွားအောင် စေတနာနဲ့
ရိုက်ပေးပါရစေခင်ဗျ” ဟာ..ကောင်းလိုက်တာဗျာ။ ကျွန်တော့်လို ညိုစိမ့်စိမ့် ချောသူတွေအတွက်ရော..ဘယ်လိုလဲဗျ”..ဟု ဂန်ပါပီနဲ့ အသားရောင်ချင်း မတိမ်းမယိမ်းဖြစ်နေသည့် ထွန်းဂေါက်မြွေမှ..ပြောလိုက်ရာ..ကိုကိုဖရီး..မှ မပူပါနဲ့ကွာ..မင်းကို ဖြူသွားအောင်အရင်လုပ်ပေးဖို့ နည်းလမ်းငါသိတယ်ကွ။ဟုတ်လား..။ အေး..ရေနွေးပူနဲ့အရင်လောင်းလိုက်မယ်လေ..ဟီး။
ခွေးကောင်..ဟု ထွန်းဂေါက်မြွေမှ ဖြူနုနေသော ကိုကိုဖရီးအား မလိုတမာဖြစ်စွာပြောလိုက်လေသည်။
ထိုအခါတွင် ငြိမ်နေသော...(နောက်မှဆက်ရန်ပါခင်ဗျ....)

အားနာစွာဖြင့် မူလလက်ဟောင်းဖရီး