ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Dec 12, 2008

ဂလိုဘယ်အမြည်းနှင့် ယမကာဖရီး (၂)

(၁) မှအဆက်---ဆိုင်တံခါးပွင့်သွားကာ............................................. ဆံပင်ကောက်ကောက် အသားမည်းမည်းလူတစ်ယောက် နှုတ်ခမ်းကြီးစူကာဆောင့်ကြီးအောင့်ကြီး ၀င်လာလေသည်။ ပါးစပ်မှလည်း ပွစိပွစိရွတ်နေ၏။ ထို့နောက်နီးရာ ခုံတစ်လုံးဆွဲယူထိုင်ကာ အော်လိုက်သည်မှာ... “၀ီး..အာ..အီးထွက်..” ။ .. “အီး” ဟူသော အသံဟု ကြားသည်နှင့် ဟန်သစ်မိန်ကြီး၏ ပါးစပ်မှ..အဟွတ်..ဟွတ်..ထွီး..ဝေါ့.. ဟူသော ရွံရှာသံနှင့်အတူ ပဲကြီးလှော်တစ်စေ့ ခုန်ထွက်လာလေသည်။ ဟေ့လူ..“ခင်ဗျား..ဘယ်သူလဲဗျ၊ အီးထွက် နေရင်လည်း အိမ်သာသွားပါလား...ဒီဘာလာလုပ်တာလဲ” ဟု.. စိတ်ဆိုးမာန်ဆိုး မေးလိုက် လေသည်။ ၀င်လာသောလူမှလည်း “ဟာ..ဟေ့လူ..စော်ကားလှချည်လား..ထွန်းဂေါက်မြွေ..ဆိုတာ ဘာကောင်လဲ မေးကြည့်လိုက်ဦး၊ ကျုပ်ဘာသာ အီးထွက်ထွက်..သေးထွက်ထွက် ခင်ဗျားနဲ့ဘာဆိုင်လဲဗျ” ။ ဒါ ကျုပ်ရဲ့မော့တိုဗျ။ `မင်းဟာမင်း ပေါက်ပဲပေါက်ပေါက်..ဂေါက် ပဲဂေါက်ဂေါက်..ပေါက်ချင်ရာပေါက်တဲ့ မြွေဖြစ်ပစေ ၊ ဟန်သစ်မိန်တဲ့ကွ..မူးလာရင်..လူနေပေမဲ့.ပညာမနေတဲ့.သိုင်းသမားကွ..” .ယား....ယိ....၀ု..ပြောရင်းမာန်သွင်းကာ ဟန်သစ်မိန်မှ ဘာဂျာအားကောက်ကိုင်လိုက်၏။ ဟား..ဟား..ဟား..။ `ခင်ဗျား တစ်ယောက်တည်း မှုတ်တတ်တာမဟုတ်ဘူးဗျ။ ကျုပ်လည်းရွာမှာမှုတ်နေကျဗျ။ ´ ဟန်သစ်မိန်မှ `ဟင်..ဘာ..ဘာ..ဘာမှုတ်တာလဲဟင်။ ...`ဟာ..ပုလွေပြောတာဗျ။ ပုလွေ။ ဒီမှာကြည့်´ ..ပြောပြောဆိုဆို ထွန်းဂေါက်မြွေသည် ခါးကြားမှ ပုလွေတစ်ချောင်း ထုတ်လိုက်လေသည်။ ရုတ်ချည်း တင်းမာလာသော အခြေအနေများကြောင့် ဆိုင်ရှင် ဂလိုဘဲကြီးလည်း မျက်လုံးများကျယ်ကာ ပုဆိုးတွေဘာတွေ ပြင်ဝတ်လိုက်၏။ ထို့နောက်ပြေးပေါက်ဆီ မယောင်မလည် ကုပ်ချောင်းချောင်းဖြင့်ပြေးရန်ပြင်နေ၏။ ထို့နောက် ... ရေတစ်ပုံးသွားခပ်လာ၏။ ရေပုံးကိုင်လာသောဂလိုဘယ်ကြီးအား ဟန်သစ်မိန် နှင့် ထွန်းဂေါက်မြွေ တို့မှ ဘုကြည့်ကြည့်ကာ`ဘာလဲ ခင်ဗျားက ကျုပ်တို့တွေကိုက်မယ်ထင်လို့လား..ဒါဘာလုပ်တာလဲဗျ´။ လန့်သွားသော ဂလိုဘယ်မှ `ဟုတ်ပါဘူးဂျာ..ဟီး..အိမ်သာသွားမလို့ပါဂျ။´သူတို့ သုံးယောက်အဖြစ်ကြောင့် ငြိမ်နေသော ပလေသင်ကာကြီးမှ ခွီးခနဲ ရယ်လိုက်လေသည်။ ထိုအခါတွင်တော့..... ဆက်လက်စောင့်မျှော်ဖတ်ရှုပါရန်( အားလုံးကိုလေးစားလျက်-ကိုကိုဖရီး)