------လေးစားစွာဖြင့် ကိုကိုဖရီး
------လေးစားစွာဖြင့် ကိုကိုဖရီး
သြော် ...သင်္ကြန်နားနီးလာတော့ သင်္ကြန်သီချင်းတွေ ဟိုဒီ ကြားလာ ရပါလားနော်။ ဆရာငြိမ်းရဲ့ဒိုးသံမြိုင်မြိုင်ဂန္ထ၀င်သီချင်းတွေကမရိုးနိုင်သလို ဒီဂျေတွေရဲ့
တက်ခနို၊ ဒစ်စကို ဗားရှင်းတွေကလည်းအံ့ရောဗျာ။ ရောချက် မွှေချက်….လေ။
ထုတ်လိုက်ကြတာဗျာ။ ပြန်ရော ပြန်ကျို ပြန်မွှေ ပြန်သမ တဲ့။ ဘတ်လဘိုင်ကို
လိုက်နေတာပဲ။သံစဉ်အရ စာသားအရ အနှေးဆိုရတဲ့ သီချင်းတွေလည်း ဗားရှင်းတွေ
ပြောင်းလိုက်တော့ အနောက်ကကျားလိုက်သလို အူယားဖားယား ဆိုရတာ
ဇိမ်ပျက်ရောဗျို့။ သူတို့ပြန်ရောမွှေသမတာမြင်တော့ ရွာဦးဘုန်ကြီးကျောင်းက
ဆွမ်းကျန်ဟင်းကျန် ပြန်ရောနှောသမပြီးစားရတာအမှတ်ရတယ်ဗျာ။ အင်း….
ကိုရီးယားကားထဲက မင်းသားမင်းသမီးတွေ ကင်ချီနဲ့ထမင်းရောနယ်ပြီးစားကြတာလို အရသာတွေစုံအောင် စေတနာနဲ့ဖြစ်မှာပါ။ ဟုတ်ဘူးလားလို့။ ကိုကိုဖရီးကတော့
သူတို့တွေလို ပြန်ရောမွှေ တာမလုပ်တတ်လို့ ၀ီစကီလေးနဲ့ ရေခဲတုံးလေးရယ် ကိုလာ လေးရယ်နဲ့ပဲပြန်ရောမွှေနေ နေရပါတယ်ဗျာ. အဟင့် ..ဟင့်