ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Jan 17, 2008

ယခုလ၏အရောင်းရဆုံးများ ( Monthly best sellers)

အနုပညာရပ်ကွက်မှရရှိသောသတင်းများအရ အောက်ပါ တို့မှာယခုလ၏အရောင်းရဆုံး စီးရီးခွေများနှင့်စာအုပ် များဖြစ်ကြောင်းသိရသည်။ ဂီတ (အမျိုးသား) - လေးဝါ ၏ (အောင်ခြင်းရှစ်ပါး) (အမျိုးသမီး) - နီနီကျော်သိန်း ၏ (မောင့်အခြစ်များစူး) တို့ဖြစ်ကြပါသည်။ စာပေ (အမျိုးသား) ဘက်တွင် ဆရာမောင်ဆူးစမ်း ၏ (မဆူးစမ်းမဆင်ခြင်သောယုန်သူငယ်) နှင့် စာရေးဆရာမ ပြူး တို့၏ (ပဲမြစ်တို့၏မာယာ) တို့ဖြစ်ကြောင်းသိရပါသည်။ "They are the most popular are works for this month"

Jan 16, 2008

ဖတ်သင့်မှတ်သင့်စကားပုံအသစ် ( New proverbs)

(၁) သမီးတစ်ကောင် လင်တစ်ထောင်။

( အဟီး နတ်သမီးလေးလို နတ်သားတစ်ဖက်ငါးရာနှင့်ဖြစ်သည်)

နတ်သားဖြစ်လိုသူများ စီဘောက်ထဲမှတဆင့် ဖရီးတော်ကာထံ အမြန်စာရင်းပေးရန်.......

(၂) ကံကိုယုံ၍ ချီးပုံမနင်းရာ

(မယုံလျှင်နင်းကြည့် ၊ သေချာပေါက်နံမည်။)

"Dead Sure Proverbs"

Jan 15, 2008

မှုခင်းသတင်းများ (Crimes)

(၁) စစ်ကြည့်လိုက်တော့ လုံခြုံရေးတပ်ဖွဲ့များ ကင်းလှည့်လာစဉ် မှောင်ရိပ်ထဲတွင် မသင်္ကာဖွယ်ရာ တွေ့ရှိရသဖြင့် ခေါ်ယူ စစ်မေးရာ အသက်မပြည့်သေးသော ခြင်တစ်ကောင်ဖြစ်နေသောကြောင့် တိရစ္ဆာန်ရုံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ ကြောင်းသိရသည်။ (၂) ငုံ့မခံနိုင်ဘူး လူ့ပြည်တွင် ဘီလူးအတု နည်းပညာများ ထွန်းကားနေမှုကြောင့် ဒသဂီရိ ဦးဆောင်ပြီး ဘီလူးအစစ်များက တရားစွဲဆိုရန် စီစဉ်နေကြကြောင်း သတင်းရရှိသည်။

"Those cases are latest criminal news"

Jan 14, 2008

လိုအပ်နေတာက ( The need for road map)

အရှေ့အလယ်ပိုင်းဒေသနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေးမြေပုံတစ်ခု အပြီးသတ်ရေးဆွဲမှုပိုင်းတွင် အားနည်းနေခြင်း အတွက် ပန်းချီကျောင်းဆင်းများနှင့်တိုင်ပင်သင့်ကြောင်း နိုင်ငံတကာမှ ထင်မြင်ချက် ပေးလျက်ရှိပါသည်။ 'For the help of Artists: A Road Map Plan'

အနှေးယာဉ် (ဆိုက်ကား)စည်းကမ်းသစ် (New trishaw rules)

အနှေးယာဉ်စည်းကမ်းသစ်များကို သက်ဆိုင်ရာမှ ထုတ်ပြန်ထားရာ အောက်ပါအတိုင်းဖြစ်သည်။ (၁) ယာဉ်မောင်းစဉ် ဟန်းဖုံးမပြောရ (လိုအပ်က ခေါင်းဖုံးပြောပါ) (ဦးထုပ်ဖြင့်) (၂) ယာဉ်မောင်းစဉ် ခါးပတ် ပတ်ထားရမည်။ (ဘေတားနှင့်ညီများဆိုင်တွင်ရသည်) (၃) ယာဉ်မောင်းစဉ် တံခါးပိတ်မောင်းရန်။ (ပြုတ်မကျစေရန်) (၄) ခြေနင်းတွင် လူပိုမတင်ရ။ (ခြေထောက်သာတင်ရန်) (၃) မိုးရွာစဉ်ယာဉ်မောင်းပါက ရေသုတ်တံပါရမည်။ (လိုအပ်ကမျက်မှန်တပ်ပြီးအ၀တ်စုတ်ဖြင့်သုတ်ရန်) (၄)တစ်နာရီ ၅၀ မိုင်ထက်ပိုမမောင်းရ။ (ကြွက်မတက်စေရန်) Trishaws are regulated by new rules)