ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Mar 11, 2008

ပါတီသစ် (New Party for Myanma Shakies)

ကိုကိုဖရီးတို့နိုင်ငံမှာ ရွေးကောက်ပွဲတွေလုပ်ဖြစ်ရင်တော့ ကိုကိုဖရီးလည်း ပါတီတစ်ခုထောင်ပြီး ၀င်ပြိုင်မလားစဉ်းစားမိတယ်ဗျာ။ ကိုကိုဖရီးထောင်မဲ့ ပါတီကတော“ မြန်မာနိုင်ငံလုံးဆိုင်ရာ ယမကာသမားများအသင်း”- League for Myanmar Drinkers (MDL) ဖြစ်ပါတယ်။
ဒီပါတီအတွက် အမာခံအအင်အားစုများ အတွက်လည်း ဘလော့ကာ ရှက်ကီများအပြင် မြန်မာတစ်နိုင်ငံလုံးမှ “ဘော်ဘော် အမားသမူး” တွေလည်းအဆင်သင့်ပါဘဲ။ထို့ပြင်အရက်ကိုတန်ဆေးလွန်ဘေးဆိုပြီး မှန်မှန်ချနေသူများ၊ ဘုရားမကြိုက်တာမလုပ်ဘူးမိမိကြိုက်တာပဲ လုပ်မည်ဆိုကာခပ်တည်တည်ကစ်နေသူများ၊ဘီယာပာာ အရက်မဟုတ်ဘူး ပြောကာ အမြဲမူးနေသူများအားလုံးလည်း ပါတီဝင်ရန်ဖိတ်ခေါ် အပ်ပါသည်။ ထို့ပြင်တခါတလေကြုံရင်ကြုံသလို ဆွဲတတ်သောမိန်းကလေးများနှင့်ပါရမီဖြည့်ဘက်များအဖြစ်အမြည်း လုပ်ပေးရန်စိတ်ဝင်စားသောအမျိုးသမီးများအားလုံးလည်း အဆင်ပြေပြေပါတီဝင်နိုင်အောင်စီစဉ်ဆောင်ရွက်ပေးသွားရန်ရှိပါသည်။ ထို့ကြောင့် အားလုံးရဲ့ အကြံပြုစာများကိုမျှော်လင့်လျက်…. Ko Ko Free ( Executive MDL Member )
မှတ်ချက်။ ။ ပထမဆုံးလာရောက်စာရင်းပေးသူများကတော့ ကိုကိုယု (http://yuthar.2kool4u.net) နှင့် လီယိုဝေဇင် ( http://leowaizin.blogspot.com) တို့ဖြစ်ပါတယ်။