ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Dec 18, 2011

ဖရီးနှင့် ပုလင်းထောင်မိုးမောင် - ၂ ( ဇတ်သိမ်းပိုင်း)

မိုးမောင်၏ ရွဲ့တဲ့တဲ့ ခပ်တိုးတိုးပြောသံကို မကြားသည့် အလားကိုကိုဖရီး တစ်ယောက် ဖရီးရသည့် ပဲနံပြားနဲ့ လက်ဘက်ရည်အား ကျိတ်တွယ်နေလေသည်။ (ယခင်အဆက်).. ပြီးမှ..
ကိုယ့်အစီအစဉ်က ပါတီတွေအတွက်အခြေခံအသုံးအ၀င်ဆုံးသင်တန်းဆိုပြီး ပါတီဆိုင်းဘုတ်ခိုင်ခိုင်ထူနည်း၊ ကတ်ကင်းကျကျ ပါတီ နာမည်ပေးနည်း၊ ပါတီအမည်ကို စာလုံးပေါင်းမှန်မှန်ရေးနည်း၊ အနိုင်ကျင့်လို့ ရတဲ့ သူတွေဆီက ပိုက်ဆံညှစ်နည်း အဲ..ပါတီရန်ပုံငွေကောက်ခံနည်းတွေ အပါအ၀င် ပါတီစည်းရုံးရေး နည်းလမ်းတွေဖြစ်တဲ့ ပါးစပ်ဖြင့်ပြောခြင်း၊ စာဖြင့်ရေးခြင်း၊ ကိုယ်ထိလက်ရောက်လည်ပင်းညှစ်စည်းရုံးရေး နည်းလမ်း တွေကို ရက်တိုအထူးသင်တန်းဆိုပြီး ပေးမှာနော်..ဟဲ..ဟဲ..။ နေဦးဗျ..ခင်ဗျားနည်းလမ်းတွေက မရိုးလွန်း ဘူးလား..လုပ်စားမှန်းသိပ်သိသာ နေတယ်နော် ..ဟွန်း ။ လူလေးမိုးမောင်..မှတ်လော့ Simple is the best.. တဲ့ကွ။ ဘာလဲ..ပက်စီကြော်ငြာ စာသားလား။ အေးကွ..ဟီး။ နေဦး.. ခင်ဗျားကဒါတွေ ကိုယ်တိုင်သင်မလို့လား။ အိုး..နိုး..နိုး။ ဒါတွေ ငါကိုယ်တိုင် သင်စရာလားကွာ..ဟီး..ငါလဲမတတ်ဘူး။ ဟဲဟဲ..မင်းကလဲ.. ဆိုင်းဘုတ် ထောင်တာ လောက်တော့.. ရပ်ကွက်ထဲက အရန်မီးသတ် တစ်ယောက်လောက် သင်လဲရပါတယ်ကွ။ သူတို့က ဟိုဆိုင်းဘုတ်ဒီဆိုင်းဘုတ် လိုက်ထောင်နေကြပဲဟာ။ ဥပမာ..နေရာတွင် “အမှိုက်မပုံရ ” ပုံ- ကိုယ်တိုင်ပုံသူ ..ဆိုတဲ့ ဟာမျိုးပေါ့။ အာ..ခင်ဗျားကလဲ..ဟား ဟား ဟား ။ ဒါဆို ပါတီနာမည်ပေးနည်းကျတော့ရော..။ သြော် ဒါလား..ဆရာကြီးမင်းသိင်္ခ.ရဲ့  ငါးဝမ်းကွဲတပည့်တို့ ..ရေမရောတပည့်စစ်စစ်တို့ဆိုပြီး နာမည်ခံခံတတ်တဲ့ ဗေဒင်ဆရာ တစ်ယောက်လောက်ဆိုရပါပြီကွာ။ အိုကေ..ဒါဆိုသိပြီ။ ပါတီစာလုံးပေါင်းနည်းကျတော့ ပြေတီဦးကို သင်ခိုင်းရမယ်။ သူက မြန်မာစာမြန်မာ စကားသင်နေတာဆိုတော့လေ။ ဟုတ်လိုက်လေ.. ကိုမိုးမောင်ရယ်..ခင်ဗျားလဲ ပုလင်းတင်မကဘူး အနံ့လေးပါပေးမှ သောက်ချင်..အဲအဲ..မြင်တတ်လာပြီ။ ကိုကိုဖရီး..ခင်ဗျားကလဲ.. အရက်သမား ဥပမာကကို မထွက်တော့ဘူး။ ပါတီ ရန်ပုံငွေကောက်ခံနည်း ကျတော့..နေဦး..အင်း.. ကိုကိုဖရီးမှ စဉ်းစားသလိုနှင့် ရူဘီတစ်လိပ်အား ဇိမ်ခံသောက်လိုက်လေသည်။ ပြီးမှ..ပိုက်ဆံကောက်တာဆိုတော့...အခွန်ကအငြိမ်းစား လူကြီးတစ်ယောက်ကို သင်ခိုင်းရင်ကောင်းမလား. ..။ ဟာ..ကိုကိုဖရီးကလဲ အဝေးကြီးရှာမနေပါနဲ့..ရပ်ကွက်ထဲ ပိုက်ဆံခဏခဏ လိုက်ကောက်တတ်တဲ့ ရပ်ကွက်လူကြီး..ဒါမှမဟုတ်..အလှူခံမဏ္ဍပ်က လူကြီးဆိုလဲ ရပါတယ်ဗျ။ အေး..ထားပါတော့ကွာ။ ဒါဆို ပါတီစည်းရုံးရေးကျတော့ရောဗျ။ ဒါကျတော့ ငါကိုယ်တိုင်သင်ပေးမှ ဖြစ်မယ်ကွ။ ကိုကိုဖရီး မှ လေးလေး နက်နက် ပြောလိုက်သော်လည်း မိုးမောင်မှ...သြော် .. သူ့ကျတော့ တော်တော်ခက်ခက်ခဲခဲ သင်ရမှာကိုး။ ဘာတဲ့.. ပါးစပ်ဖြင့်ပြောနည်း၊ စာဖြင့်ရေးနည်း..ဟုတ်လား။ ဟွန်း..ပါးစပ်ပါတဲ့သူတိုင်း..လက်ရှိတဲ့ သူတိုင်း သင်နိုင်တဲ့ဟာကိုး။ ဟေ့ ..လူကလေး မိုးမောင် ဒီလိုမပြောနဲ့လေ။ ပါးစပ်ပါတိုင်း.. စကားပြောလို့ရမှ.. လက်ရှိတိုင်း..စာရေးတတ်ဦးမှလေကွာ။ မင်းမယုံရင်..ကမ္ဘာကျော်ဘောလုံးသမား စီရော်နယ်ဒိုကို ပါတီနာမည်တစ်ခု မြန်မာလိုပြောခိုင်း ရေးခိုင်းကြည့်ပါလား...။ ဟာ..ဒါတော့ဘယ်ရမလဲ သူက နိုင်ငံခြားသားပဲ..မြန်မာစာမှ မတတ်တာ..။ ဟဲ..ဟဲ..ဒါပဲလေ..ဒိုလေးတောင်..မလုပ်နိုင်ပါဘူးလို့.။ ဟွန်း..ဘာမှလည်း မဆိုင်ဘူး..။ ထိုသို့မိုးမောင်၏ မကျေမနပ် ရေရွတ်သံကိုမူ ကိုကိုဖရီး.. မသိယောင်ဆောင်နေလိုက်၏။ တော်ကြာ..လက်ဖက်ရည်ဖိုးမရှင်းပေးရင် ဒုက္ခ ..။ ဒါဆို ကိုယ်ထိလက်ရောက်လည်ပင်းညှစ်စည်းရုံးရေး နည်းလမ်း လည်း..ခင်ဗျားပဲသင်မှာပေါ့။ ဟီး..ဒါတော့..ငါမသင်ချင်ဘူးကွာ။ ငါကမေတ္တာသမားဆိုတော့..ကိုယ်ထိလက်ရောက်ပြုရမှာ ၀န်လေးလို့။။ဟဲဟဲ..။ ဟိုတစ်လောက ငါ့ချစ်သူလေး..မော်ဒယ် မိုးပုစံ ကိုတောင်စိတ်ဆိုးတုန်း ခပ်ကြမ်ကြမ်း ဖက်နမ်းလိုက်မိတာ.. တွေးတိုင်း..စိတ်မကောင်းဘူး.. ဟိ ..ဟိ..ဟိ ။ သြော်...ခင်ဗျား စိတ်ဆိုးတာကလဲ..တ ဟိ..ဟိ.နဲ့..သွားရည်တောင်ထွက်လာသလိုပဲ။ ထားပါလေ...ဒါဆို ဒီအကြောင်း ဘယ်သူသင်မှာလဲဗျ..။ အေး..ငါစိတ်ကူးထားတာက..လုံးဂေါဖြစ်ဖြစ်..တွေ့မထောင်ဖြစ်ဖြစ်သင်ခိုင်းမလားလို့။ သူတို့က..လက်ရဲဇက်ရဲ ရှိတယ်လေကွာ..။ ဟုတ်ပါပြီ..ဒါဆိုခင်ဗျား..အစီအစဉ်က ဘယ်တော့စမလဲ...။ ကိုကိုဖရီးလဲ ဘယ်တော့စရမလဲဟုစဉ်းစားနေခိုက်..လောလောဆယ်မစရသေးသော မနက်ခင်း ရွှေဝမ်းတော်ကိစ္စကပေါ်လာသဖြင့်...အေးပါကွ..နေဦး..ငါလောလောဆယ်  ဆောင့်ကြောင့်သွားထိုင်ရင်း စဉ်းစားလိုက်ပါ့မယ်..ဟီး....။ တော်ပါပြီဗျာ..စဉ်းစားမနေပါနဲ့တော့ အဟုတ်မှတ်လို့ နားထောင်နေတာ လက်ဖက်ရည်ဖိုးကုန်တာပဲ အဖတ်တင်တယ်။...တော်ပြီ..ကိုယ့်ဘာသာ ပေါ်ပင်ပါတီတစ်ခုခုထဲ ၀င်လိုက်တာမှ ဟုတ်တုတ်တုတ်ဗျ။ အေး....ကိုယ့်ဘာသာ ၀င်ချင်တဲ့နေရာသာဝင်လိုက်တော့ မိုးမောင်ရေ....ဖရီးကတော့..အိမ်သာထဲပဲဝင်ရတော့မယ်..တာ့တာ...။ အမလေး. ပြေးမှ.ထွက်ကုန်ပြီ.. ..ဖွတ်..ဖလွတ်..ဖလွတ်..ဗရစ်တစ်....တစ်..တစ်.. ဗွီ ..။ ။ 
 ပြီးပါပြီ 
မူလလက်ဟောင်း ဖရီး
( ကိုမိုးမောင်ရေ..ခင်ဗျားကအချွန်နဲ့မလိုက်တာ ခုမှပဲ ပြီးလို့ စိတ်အေးရတော့တယ်..ဟီး. .ရွေးကောက်ပွဲကြီးလဲပြီးသွားတာကြာပြီဗျ..ဟဲ..ဟဲ...)