ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Showing posts with label funny. Show all posts
Showing posts with label funny. Show all posts

Dec 18, 2011

ဖရီးနှင့် ပုလင်းထောင်မိုးမောင် - ၂ ( ဇတ်သိမ်းပိုင်း)

မိုးမောင်၏ ရွဲ့တဲ့တဲ့ ခပ်တိုးတိုးပြောသံကို မကြားသည့် အလားကိုကိုဖရီး တစ်ယောက် ဖရီးရသည့် ပဲနံပြားနဲ့ လက်ဘက်ရည်အား ကျိတ်တွယ်နေလေသည်။ (ယခင်အဆက်).. ပြီးမှ..
ကိုယ့်အစီအစဉ်က ပါတီတွေအတွက်အခြေခံအသုံးအ၀င်ဆုံးသင်တန်းဆိုပြီး ပါတီဆိုင်းဘုတ်ခိုင်ခိုင်ထူနည်း၊ ကတ်ကင်းကျကျ ပါတီ နာမည်ပေးနည်း၊ ပါတီအမည်ကို စာလုံးပေါင်းမှန်မှန်ရေးနည်း၊ အနိုင်ကျင့်လို့ ရတဲ့ သူတွေဆီက ပိုက်ဆံညှစ်နည်း အဲ..ပါတီရန်ပုံငွေကောက်ခံနည်းတွေ အပါအ၀င် ပါတီစည်းရုံးရေး နည်းလမ်းတွေဖြစ်တဲ့ ပါးစပ်ဖြင့်ပြောခြင်း၊ စာဖြင့်ရေးခြင်း၊ ကိုယ်ထိလက်ရောက်လည်ပင်းညှစ်စည်းရုံးရေး နည်းလမ်း တွေကို ရက်တိုအထူးသင်တန်းဆိုပြီး ပေးမှာနော်..ဟဲ..ဟဲ..။ နေဦးဗျ..ခင်ဗျားနည်းလမ်းတွေက မရိုးလွန်း ဘူးလား..လုပ်စားမှန်းသိပ်သိသာ နေတယ်နော် ..ဟွန်း ။ လူလေးမိုးမောင်..မှတ်လော့ Simple is the best.. တဲ့ကွ။ ဘာလဲ..ပက်စီကြော်ငြာ စာသားလား။ အေးကွ..ဟီး။ နေဦး.. ခင်ဗျားကဒါတွေ ကိုယ်တိုင်သင်မလို့လား။ အိုး..နိုး..နိုး။ ဒါတွေ ငါကိုယ်တိုင် သင်စရာလားကွာ..ဟီး..ငါလဲမတတ်ဘူး။ ဟဲဟဲ..မင်းကလဲ.. ဆိုင်းဘုတ် ထောင်တာ လောက်တော့.. ရပ်ကွက်ထဲက အရန်မီးသတ် တစ်ယောက်လောက် သင်လဲရပါတယ်ကွ။ သူတို့က ဟိုဆိုင်းဘုတ်ဒီဆိုင်းဘုတ် လိုက်ထောင်နေကြပဲဟာ။ ဥပမာ..နေရာတွင် “အမှိုက်မပုံရ ” ပုံ- ကိုယ်တိုင်ပုံသူ ..ဆိုတဲ့ ဟာမျိုးပေါ့။ အာ..ခင်ဗျားကလဲ..ဟား ဟား ဟား ။ ဒါဆို ပါတီနာမည်ပေးနည်းကျတော့ရော..။ သြော် ဒါလား..ဆရာကြီးမင်းသိင်္ခ.ရဲ့  ငါးဝမ်းကွဲတပည့်တို့ ..ရေမရောတပည့်စစ်စစ်တို့ဆိုပြီး နာမည်ခံခံတတ်တဲ့ ဗေဒင်ဆရာ တစ်ယောက်လောက်ဆိုရပါပြီကွာ။ အိုကေ..ဒါဆိုသိပြီ။ ပါတီစာလုံးပေါင်းနည်းကျတော့ ပြေတီဦးကို သင်ခိုင်းရမယ်။ သူက မြန်မာစာမြန်မာ စကားသင်နေတာဆိုတော့လေ။ ဟုတ်လိုက်လေ.. ကိုမိုးမောင်ရယ်..ခင်ဗျားလဲ ပုလင်းတင်မကဘူး အနံ့လေးပါပေးမှ သောက်ချင်..အဲအဲ..မြင်တတ်လာပြီ။ ကိုကိုဖရီး..ခင်ဗျားကလဲ.. အရက်သမား ဥပမာကကို မထွက်တော့ဘူး။ ပါတီ ရန်ပုံငွေကောက်ခံနည်း ကျတော့..နေဦး..အင်း.. ကိုကိုဖရီးမှ စဉ်းစားသလိုနှင့် ရူဘီတစ်လိပ်အား ဇိမ်ခံသောက်လိုက်လေသည်။ ပြီးမှ..ပိုက်ဆံကောက်တာဆိုတော့...အခွန်ကအငြိမ်းစား လူကြီးတစ်ယောက်ကို သင်ခိုင်းရင်ကောင်းမလား. ..။ ဟာ..ကိုကိုဖရီးကလဲ အဝေးကြီးရှာမနေပါနဲ့..ရပ်ကွက်ထဲ ပိုက်ဆံခဏခဏ လိုက်ကောက်တတ်တဲ့ ရပ်ကွက်လူကြီး..ဒါမှမဟုတ်..အလှူခံမဏ္ဍပ်က လူကြီးဆိုလဲ ရပါတယ်ဗျ။ အေး..ထားပါတော့ကွာ။ ဒါဆို ပါတီစည်းရုံးရေးကျတော့ရောဗျ။ ဒါကျတော့ ငါကိုယ်တိုင်သင်ပေးမှ ဖြစ်မယ်ကွ။ ကိုကိုဖရီး မှ လေးလေး နက်နက် ပြောလိုက်သော်လည်း မိုးမောင်မှ...သြော် .. သူ့ကျတော့ တော်တော်ခက်ခက်ခဲခဲ သင်ရမှာကိုး။ ဘာတဲ့.. ပါးစပ်ဖြင့်ပြောနည်း၊ စာဖြင့်ရေးနည်း..ဟုတ်လား။ ဟွန်း..ပါးစပ်ပါတဲ့သူတိုင်း..လက်ရှိတဲ့ သူတိုင်း သင်နိုင်တဲ့ဟာကိုး။ ဟေ့ ..လူကလေး မိုးမောင် ဒီလိုမပြောနဲ့လေ။ ပါးစပ်ပါတိုင်း.. စကားပြောလို့ရမှ.. လက်ရှိတိုင်း..စာရေးတတ်ဦးမှလေကွာ။ မင်းမယုံရင်..ကမ္ဘာကျော်ဘောလုံးသမား စီရော်နယ်ဒိုကို ပါတီနာမည်တစ်ခု မြန်မာလိုပြောခိုင်း ရေးခိုင်းကြည့်ပါလား...။ ဟာ..ဒါတော့ဘယ်ရမလဲ သူက နိုင်ငံခြားသားပဲ..မြန်မာစာမှ မတတ်တာ..။ ဟဲ..ဟဲ..ဒါပဲလေ..ဒိုလေးတောင်..မလုပ်နိုင်ပါဘူးလို့.။ ဟွန်း..ဘာမှလည်း မဆိုင်ဘူး..။ ထိုသို့မိုးမောင်၏ မကျေမနပ် ရေရွတ်သံကိုမူ ကိုကိုဖရီး.. မသိယောင်ဆောင်နေလိုက်၏။ တော်ကြာ..လက်ဖက်ရည်ဖိုးမရှင်းပေးရင် ဒုက္ခ ..။ ဒါဆို ကိုယ်ထိလက်ရောက်လည်ပင်းညှစ်စည်းရုံးရေး နည်းလမ်း လည်း..ခင်ဗျားပဲသင်မှာပေါ့။ ဟီး..ဒါတော့..ငါမသင်ချင်ဘူးကွာ။ ငါကမေတ္တာသမားဆိုတော့..ကိုယ်ထိလက်ရောက်ပြုရမှာ ၀န်လေးလို့။။ဟဲဟဲ..။ ဟိုတစ်လောက ငါ့ချစ်သူလေး..မော်ဒယ် မိုးပုစံ ကိုတောင်စိတ်ဆိုးတုန်း ခပ်ကြမ်ကြမ်း ဖက်နမ်းလိုက်မိတာ.. တွေးတိုင်း..စိတ်မကောင်းဘူး.. ဟိ ..ဟိ..ဟိ ။ သြော်...ခင်ဗျား စိတ်ဆိုးတာကလဲ..တ ဟိ..ဟိ.နဲ့..သွားရည်တောင်ထွက်လာသလိုပဲ။ ထားပါလေ...ဒါဆို ဒီအကြောင်း ဘယ်သူသင်မှာလဲဗျ..။ အေး..ငါစိတ်ကူးထားတာက..လုံးဂေါဖြစ်ဖြစ်..တွေ့မထောင်ဖြစ်ဖြစ်သင်ခိုင်းမလားလို့။ သူတို့က..လက်ရဲဇက်ရဲ ရှိတယ်လေကွာ..။ ဟုတ်ပါပြီ..ဒါဆိုခင်ဗျား..အစီအစဉ်က ဘယ်တော့စမလဲ...။ ကိုကိုဖရီးလဲ ဘယ်တော့စရမလဲဟုစဉ်းစားနေခိုက်..လောလောဆယ်မစရသေးသော မနက်ခင်း ရွှေဝမ်းတော်ကိစ္စကပေါ်လာသဖြင့်...အေးပါကွ..နေဦး..ငါလောလောဆယ်  ဆောင့်ကြောင့်သွားထိုင်ရင်း စဉ်းစားလိုက်ပါ့မယ်..ဟီး....။ တော်ပါပြီဗျာ..စဉ်းစားမနေပါနဲ့တော့ အဟုတ်မှတ်လို့ နားထောင်နေတာ လက်ဖက်ရည်ဖိုးကုန်တာပဲ အဖတ်တင်တယ်။...တော်ပြီ..ကိုယ့်ဘာသာ ပေါ်ပင်ပါတီတစ်ခုခုထဲ ၀င်လိုက်တာမှ ဟုတ်တုတ်တုတ်ဗျ။ အေး....ကိုယ့်ဘာသာ ၀င်ချင်တဲ့နေရာသာဝင်လိုက်တော့ မိုးမောင်ရေ....ဖရီးကတော့..အိမ်သာထဲပဲဝင်ရတော့မယ်..တာ့တာ...။ အမလေး. ပြေးမှ.ထွက်ကုန်ပြီ.. ..ဖွတ်..ဖလွတ်..ဖလွတ်..ဗရစ်တစ်....တစ်..တစ်.. ဗွီ ..။ ။ 
 ပြီးပါပြီ 
မူလလက်ဟောင်း ဖရီး
( ကိုမိုးမောင်ရေ..ခင်ဗျားကအချွန်နဲ့မလိုက်တာ ခုမှပဲ ပြီးလို့ စိတ်အေးရတော့တယ်..ဟီး. .ရွေးကောက်ပွဲကြီးလဲပြီးသွားတာကြာပြီဗျ..ဟဲ..ဟဲ...)

Dec 17, 2011

ဂလိုဘယ်အမြည်းနှင့် ယမကာဖရီး- ၉(ဇတ်သိမ်းပိုင်းတော်ကြီး)


ထွန်းဂေါက်မြွေမှ ဖြူနုနေသော ကိုကိုဖရီးအား မလိုတမာဖြစ်စွာ ပြောလိုက်လေသည်။ ထိုအခါတွင် ငြိမ်နေသော...(ယခင်အဆက်) ပုလွေသင်ကာ.. အဲ..ပလေသင်ကာမှ.. “နေဦးဗျ..ဂန်ပါပီကြီးက ဘယ်တော့ပြန်လာမှာလဲ...သူကအကြွေးလာမဆပ်ရင်..ဂလိုဘဲကြီးတော့..အရင်းပြုတ်ပြီး ကျူပ်တို့လဲ သောက်စရာဆိုင်ရှိတော့မှာ မဟုတ်ဘူးနော်” “ဟာ..ဒါဆို ကောင်းတာပေါ့ နင်တို့လဲ အရက်ပြတ်ပြီလေ” ဟု အွန်လိုင်းမယ်တော်ကြီးတစ်ဦးမှ ၀င်ပြောလိုက်ရာ..“ ဟဲဟဲ ဆိုင်ရှင်က အရင်းမပြုတ်နိုင်ပါဘူး..သူကအရင်းကြီးတယ်လေ..ဟီး” “ဘာ..ဘာပြောတာလဲ နင်မညစ်ပတ်နဲ့နော်” ဟု ထွန်းဂေါက်မြွေ၏ စကားကို ဘလော့ဂါမမ မပျိုတပျို မအိုတအိုတို့မှ တစာစာ ၀ိုင်းဝန်းကန့်ကွက်ကြလေ သည်။ “အေးလေ..မင်းဟာကလဲ  ..အရင်းမလွတ်အဖျားမလွတ်နဲ့ ဟီး ..” ဟု ကိုကိုဖရီးမှစကားစရုံရှိသေး.. ““ဟွန်း.တော်ပြီ..ခုမှပိုဆိုးကုန်ပြီ..ကြားရတာတောင် နားကြောစိမ့်လာပြီ ..အဟင့်” ဟု မတက်ဆင်ကြီးမှ ရှက်သွေးဖြာနေသော မျက်နှာကြီးဖြင့် ၀င်ဟန့်လိုက်လေသည်။ ဆိုင်ရှင် ဂလိုဘဲကြီးလဲ မနေသာတော့ပဲ.. ”ရပါတယ်..ကျုပ်က အရင်းခိုင်ပါတယ်ဗျ။ မပြုတ်နိုင်ပါဘူး ဟီး၊  အိမ်က စက်ရုံရောင်းပြီး အရက်ဆိုင် ဖွင့်တာပဲ။ ကိုယ်လဲသောက်ရ..ခုနှစ်ရက်သားသမီးလဲ သောက်ရအောင်လေ..ဟဲဟဲဟဲ” “သြော် သူ့ပဲ ..အရက်ဆိုင်ဖွင့်တာ ကျေးဇူးတင်ရမလိုဖြစ်နေပြီ ..ဟွန်း”  မခင်ဦးမြွေမှ ခနဲ့လိုက်ရာ “ခင်ဗျားတို့ တင်ချင်နေမတင်ချင်နေ.. ကျုပ်တော့ တင်တယ်ဗျ..ရေ အကြွေး..အဲ..အရက်အကြွေးသောက်ရ နည်းလား.. အေ့..အော.. ” ဟု ရေမူးမူး..အဲ..အရက်မူးမူးနေသော ဟန်သစ်မိန်မှ ၀င်ပြောလိုက်သည်။ ဤသို့ ဆိုင်တွင်း၌ တစ်ယောက်တစ်ပေါက် ပြောဆိုနေကြစဉ်ပင်“.. .ဟောဟဲ..ဟောဟဲ..” .နောက်မှ ခွေးလိုက် ဆွဲသည့် သဖွယ် အူယားဖားယား ပြေးဝင်လာသောဂန်ပါပီကို အားလုံးတွေ့လိုက်ကြရသည်။ “..ဟာ..ဂန်ပါပီကြီး ဘာဖြစ်လာတာလဲ..အိုစမာကြီးဆီကရော  ပါစင်းတိတ်ခ်ျ မရလာဘူးလား.. ဆိုမာလီတွေနဲ့ အဆင်ပြေတယ်မဟုတ်လား”.. “အမလေးနေပါဦးဗျာ..အဟင့်..ဟောဟဲဟောဟဲ..ဟောဟောဟဲဟဲ...။” ဂန်ပါပီကြီးခင်မျာ..အမေးများအား ပြန်မဖြေနိုင်သော်လည်း..ညကများသွား၍ မနက်ပြန်ဖြေနေရသည့်အလား ပလေသင်ကာရှေ့မှ အရက်တစ်ခွက် အား အလောတကြီးအရင်ကောက်မော့လိုက်လေသည်။ ပြီးမှ.. မရမ်းသီးစားပြီး မန်ကျည်းရည်သောက်လိုက်သော်လည်း..၀မ်းမသွားနိုင်သေးသည့် မချိပြုံးပြုံး မျက်နှာဖြင့်..“ ဒါတွေရဖို့ နေနေသာသာဗျာ..အသက်တောင်မနည်းလုပြေးလာရတယ်ဗျို့..အဘားအဘား..၀ူး” “ဘာဖြစ်လို့လဲဗျ”.. “ဘာဖြစ်ရမလဲ..အိုပါးကြီး..အဲ..အိုဘာမားကြီးက အိုစမာကြီးအိမ်ကို ၀င်အရှင်း ကျုပ်လဲအပြေးမြန်လို့ဗျို့။ အဲဒီ မုဒိန်း ဆိုလား မရိန်း ဆိုလား ..ဒီကောင်တွေဝင်စီးချိန်တုန်းက ကျုပ်နဲ့ အိုစမာကြီးက ဟိုကားတွေကြည့်ပြီး အိုစမာကြီး သူ့မိန်းမရှိတဲ့အိပ်ခန်းထဲ အမြန်ဝင်သွားတုန်းမှာပေါ့။” “ဟင်..ဘာ..ဘာကားလဲဗျ..”ကိုကိုဖရီးမှ စိတ်ဝင်တစား မေးလိုက်သည်။ “ ဟာ..ဒါဆို မဟုတ်မှလွဲရော..အဲဒီကားပဲ” ထွန်းဂေါက်မြွေကပါ ၀င်ဖွလိုက်သည်။ “ဟာ..ဘာတွေလဲဗျ... တစ်မျိုးမထင်ကြပါနဲ့..စစ်ေ၇းလေ့ကျင့်မှု ကားတွေပါဗျာ..ခင်ဗျားတို့ကလဲ”..“သြော် သိဘူးလေဗျာ..။ ဒါဆိုခင်ဗျား..သူနဲ့ ခင်ဗျားအလုပ်ကိစ္စတော့မပြတ်ဘဲ.. သူ့ကိစ္စပဲ ပြတ်သွားတာပေါ့။” ဟုတ်တယ်ဗျ။ ကျွန်တော်လဲ..ခပ်တည်တည်နဲ့ ဒီမှာ အိုစမာကြီးကို ကျွန်တော်လာပြီး ဖျောင်းဖျနေတာပါ ဘာညာဆိုပြီး ရောကြိတ်လိုက်ရတယ်။ တော်သေးတာပေါ့ဗျာ..ကျွန်တော့်ကို ဒီကောင်တွေမှတ်မိပြီး မပစ်လို့..ဟီး။ “မှတ်မိမှာပေါ့ ခင်ဗျားရုပ်ကို ။ လေဆာသွားတိုက်ဆေးကြော်ငြာမှာတွေ့ဖူးနေတာကိုး။ ” “ ပိုက်ဆံကိစ္စတော့ မပြောနဲ့တော့.. ပါကစ္စတန်ကနေ..ဒီကို လမ်းစရိတ်မရှိလို့ ကုန်းကြောင်းပြန်ပြေး  လာတာသာကြည့်ပါတော့ဗျာ..အဟင့်..ဟင့်” ပြောရင်းဆိုရင်း ဂန်ပါပီကြီးခင်မျာ မထွက်သော မျက်ရည်ကို အတင်းဖျစ်ညစ် ငိုနေလေသည်။ “ ဟင်...ဒါဆို ကျွန်တော့်ရဲ့  အကြွေးတွေ.. အကြွေးတွေ  ဆုံး.ဆုံး... ဂစ်.ဂစ်..ဂစ်.. ဆိုင်ရှင်ဂလိုဘဲကြီးခင်ဗျာ ပြောရင်းဆိုရင်း သွားရည်များထွက်ကာ တက်သွားလေတော့သည်။ “ဟင်..သူပြောတော့ အရင်းခိုင်တယ်ဆို..ခု ကြွေးမရလို့  တက်နေပြီ။” “ဟုတ်.သူက အရင်းသာခိုင်တာပါ. အဖျားကကြီး..အဲ..အဲ.. သူ့အကြွေးတွေ ဒီလူတွေဆီကဘယ်တော့မှမရနိုင်တော့ဘူးဆိုတာသိလို့ တက်သွားတာပါရှင့်”..ဟု.. ဒိုင်နာရီကလေးမလေးမှ အကြောင်းသိသူပီပီ ၀င်ပြောလိုက်လေသည်။ “ဂလိုလား... ဒါဆိုအခြေအနေမကောင်းဘူး..တော်ကြာ ဂလိုဘဲကြီး ဒီလိုပုံနဲ့သေသွားရင် အသေမဖြောင့်ဘဲ..လိုက်ခြောက်နေဦးမယ်နော်..”ဂန်ပါပီကြီးမှ ထိုသို့ ကြောက်ကြောက်နှင့် ပြောလိုက်ရာ.. ကိုကိုဖရီးမှ..“သြော်..ဒါလား လွယ်ပါတယ်..အသေဖြောင့်အောင်..ကဲ..မိတ်ဆွေတို့ရေ.. ဂလိုဘဲကြီးကို ၀ါးလုံးနဲ့ ကျပ်စည်းလိုက်ကြစို့ဟေ့။ ဘယ်နေရာစည်းရမှာလဲကွ..မင်းကလဲ။ ဒီကောင့်မှာက ကောက်နေတာတွေ များတယ်။ ငါပြောတာ လက်ကိုပြောတာနော်။ ဟီး ။ သြော် ..အေး..ခေါင်းကနေ ခြေအထိ ဘေးကညှပ်စည်းလိုက်မယ်လေ..ဟိုမှာ ၀ါးလုံးတွေ။ ထိုကြောင့် အားလုံး အနားအုံလာပြီး ဂလိုဘဲကြီးအား ၀ိုင်းမြှောက်ကြရာတွင်.. ခေါင်းပိုင်းမှ အရင်ဆွဲမလိုက်သော ဟန်သစ်မိန်ကြီးကြောင့် မခိုင့်တခိုင်ဝတ်ထားသော ဂလိုဘဲကြီး၏ ပုဆိုးမှာ ချက်မှဒူးခေါင်းထိအောက်သို့ ပုံလျက်သားလျှောကျသွားလေတော့သည်။ ထိုအခါ...“ အမလေး”... “ဟောတော့”... “အာလားလား”...“ဟိုက်ရှားဘား..” ဟူသော ထိတ်လန့်သံဟု ဆိုရခက်ခက်၊ အံသြသံဟု ဆိုရန်မဟုတ်သေး၊ အထင်ကြီးအားကျသံဟု ပြောရမှာလဲ ခက်သော အသံများ ဂလိုဘဲကြီး၏ အရက်ဆိုင်အတွင်း၌ဝေစည်သွားလေတော့သည်။ ထိုသို့ ဖြစ်ရခြင်း၏ တကယ့်အဖြစ်မှန်မှာကား................. 


( ဤနေရာတွင် ကျွ်နုပ်၏ ဂလိုဘယ်အမြည်းနှင့် ယမကာဖရီး အခန်းဆက် ၀တ္ထုတော်ကြီး ပြီးဆုံးပါလတံ္တ့။ စောင့်မျှော် ဖတ်ရှုပေးကြသော မိတ်ဆွေးအပေါင်းအား ကျေးဇူးတင်လျက်) မူလလက်ဟောင်း ကိုကိုဖရီး
မှတ်ချက် ။ ။ ပုဂ္ဂိုလ်ရေးအရတချို့ အချက်အလက်များကာကွယ်ထိန်းသိမ်းရပါသဖြင့် အဖြစ်မှန်သိလိုသူများ ကိုကိုဖရီး kokofreefree@gmail.com သို့ လူသိရှင်ကြား ဆက်သွယ်မေးမြန်းပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည် ခင်ဗျာ ။

Sep 17, 2010

ပုလင်းထောင်မိုးမောင် နှင့် ဖရီး (၁)

တစ်နေ့တွင် ညညဘောလုံးပွဲများကြည့်ပြီးသကာလမနက်ကျအိပ်ရာထနောက်ကျတတ်သော
ကိုကိုဖရီးထံသို့ မိုးမှောင်သကဲ့သို့ မှုန်ကုပ်ကုပ် မှောင်တောင်တောင် မျက်နှာထားဖြင့်
မိုးမောင်တစ်ယောက် ရောက်ရှိလာလေသည်။ ဗျိုး.. ဖရီးဆွဲတဲ့ ကိုကိုဖရီး ။ ဖရီး ဆို
ကြိုက်တဲ့ ကိုကိုဖရီး လာစမ်းပါအုံးဗျ။ခုနှစ်သံချီမက ဆယ်သံချီဖြင့် အော်ခေါ်နေသော
အနှီ လူကလေးမိုးမောင်ကြောင့် အိပ်မက်ထဲတွင်ဟီလာရီဆွစ်ဖ် ဖြင့် အမ်တီဗွီရိုက်နေသော
ကိုကိုဖရီး တစ်ယောက် မထချင်ထချင် ထလာလိုက်ရလေသည်။ ဟာ..စောစောစီးစီးကွာ
ဘာတွေ အလျင်လိုနေတာလဲ...ကိုကိုဖရီး၏ အမေးကို ဟာ..ဒီမှာမပြောဘူး ဆိုင်မှာ
ပြောရအောင် မျက်နှာသစ်..လာ ။ ဟ.. ဟ..မနက်စောစောချည်း.. စောလှချည်လား
ခု ဆို ဆိုင်တောင် မဖွင့်သေးဘူး၊ ဒီအချိန်တော့ မလုပ်ပါနဲ့ကွာ ။ ဟာ..ဗျာ ဘာတွေ
ပြောနေတာလဲ။ လက်ဘက်ရည်ဆိုင်ကို ပြောနေတာဗျ။ ခင်ဗျားရဲ့ အင်ဂျီနီယာ ဆိုင်ကို
ပြောတာမဟုတ်ဘူး။ ဘာလဲကွ အင်ဂျင်နီယာဆိုင်ဆိုတာ.. ဟာ ခင်ဗျား သောက်တာ
ဘီအီး မဟုတ်လား ။ ဘီအီးရောင်းတဲ့ဆိုင်
ဆိုတော့ အင်ဂျင်နီယာဆိုင်ပေါ့ဗျာဟုတ်ဘူးလား။ ကိုင်း လာကြာတယ်။ သဒ္ဒါတဲ့စိတ်လေး
တောင် ပျောက်တော့မယ်။ ဟာ...ဖရီးသောက်ရမှာလား ။ ဒါဆို လာပြီလာပြီ။ ဖရီးဆို
သိပ်သိပ်ကြိုက် ။ ။ ဒီလိုနဲ့ ဆိုင်သို့ရောက်ပြီးသကာလ ( လက်ဖက်ရည်ဆိုင်ခင်ဗျ)
ရော့ ဒီမှာကြည့် ။ ဘုတ် ..ဆို.. မိုးမောင်က သတင်းစာတစ်စောင် ပစ်ချလိုက်သည်။
ဘာလဲကွ..မင်း ဟာက...ဟာ..ဒီမှာ ပါတီတွေ ထောင်ခွင့်ပြုလိုက်ပြီလေဗျာ။
သူများတွေဆို ထောင်လိုက်တာမှ ဟော..တစ်ပါတီ ဟော တစ်ပါတီနဲ့။ အလကားရနေတဲ့
အတိုင်းပဲ။ ခင်ဗျားက ဘာလုပ်နေတာလည်း။ အမ်ဒီအယ် အတွင်းရေးမူး လုပ်နေပြီး
အမူးသမားများ၏ အကျိုးစီပွားအတွက် ပါတီလေးဘာလေး ထောင်ဖို့လုပ်လေဗျာ။ အိမ်း.
..မင်းပြောချင်တာ ပြောပြီးပြီလား။ ဒါဆို....ကဲ....ညီလေးရေ...ဒီကို ကျဆိမ့်လေး
ပဲနံပြားလေး လုပ်ပါအုံး။ ပြောမလို ဟန်ပြင်ပြီး စားစရာလှမ်းမှာလိုက်သော ကိုကိုဖရီးကြောင့်
..ဟွန်း...ဒါမျိုးကျ ဖရီးရမယ်ဆို ထိပ်ဆုံးကပဲ ဟု..မိုးမောင်မှ မကြားတကြား
ကျိန်ဆဲလိုက်လေသည်။ ပြောပြော ခင်ဗျား ဘာပြောမှာလဲ ။ ဟ..ဟ လာမယ်လေကွာ။
မင်းက ငါ အိမ်မှာ ဘာမသိညာမသိ နှပ်နေတယ်ထင်လို့လားကွ။ ဒီမှာ... ဒါတွေ
မြင်မိလို့ သီအိုရီ ပိုင်အောင် political science စာတွေ ပြန်ဖတ်နေတာ ခု
အုပ်ရေ ၃၀ ကျော်ပြီကွ။ ဟ...ဒါတွေနဲ့ ဘာဆိုင်လို့လဲဗျ။ ဟာ..ဆိုင်တာပေါ့ကွ။
ပါတီထောင်မယ်ဆို ပါတီ သဘောတရားတွေ ၊ အခြေခံ နိုင်ငံရေး သီအိုရီတွေ၊
ကွန်စတီကျူးရှင်း တွေအကြောင်း သိသင့်တယ်လေ။ ဒါတွေထောင်ပြီး
ခင်ဗျားက ပါတီထောင်မှာလား၊ နိုင်ငံရေးကျူရှင်ပေးမှာလား။ သစ်စ်ရိုက်မောင်မင်း။
မင်းမဆိုးဘူး။အကောင်ပြရင် အရိပ်လောက်တော့မြင်တယ်။ နှစ်ခုလုံး လုပ်နိုင်တာပေါ့ကွာ။
ဟွန်း..သူ့ကိုယ်သူ ဖူကူယာမ လိုလို အိုင်းစတိန်းဘတ် လိုလိုနဲ့ လေးတန်းတောင်
ခိုးချပြီးအောင်တဲ့သူကများ။ မိုးမောင်၏ ရွဲ့တဲ့တဲ့ ခပ်တိုးတိုးပြောသံကို မကြားသည့် အလား
ကိုကိုဖရီးတစ်ယောက် ဖရီးရသည့် ပဲနံပြားနဲ့ လက်ဘက်ရည်အား ကျိတ်တွယ်နေလေသည်။
ဟီး ပြောပါစေလေ၊ သူတိုက်တဲ့ လက်ဘက်ရည်ပဲဟာ.ဟိဟိ။ ကဲ ဒီတော့ ခင်ဗျားရဲ့ အစီအစဉ်က..ဟဲဟဲ..လာမယ်လေ...ဒီလိုကွ ..

( နောက်မှ ဆက်ရန်ပါခင်ဗျ...) original free @ ko ko free

Sep 16, 2010

အရေးကြီးပစ္စည်း

ခုတစ်လော ကိုကိုဖရီးတစ်ယောက် ဂျာနယ်တွေထဲက အင်တာဗျူးလုပ်ထားတာတွေဖတ်ရင်း စိတ်ထဲ ခုလုခုလု ဖြစ်နေရပါတယ်။ အကြောင်းရင်းကတော့ ဖြည်းဖြည်းနဲ့ပေါ်လာမယ်နော်။ အင်တာဗျူးက မင်းသားမင်းသမီးတွေနဲ့မော်ဒယ်အချို့ကို မေးထားတာခင်ဗျ။ မေးထားတဲ့ အကြောင်းအရာတွေကတော့ သွားရည်ကျစရာတွေပါ။ (သွားရည်ခံအိတ်လေးဘာလေးခံပြီး ဖတ်ပေါ့) မေးထားတာက သူတို့ရဲ့သွားလေရာဆောင်တတ်တဲ့ တန်ဖိုးကြီး အသုံးအဆောင်တွေအကြောင်းခင်ဗျ။ ပြန်ဖြေထားတာတွေကလည်း အင်မတန်မှ အထင်ကြီး စရာပဲဗျာ။ ဆယ်သိန်းတန်ပန်းသီးဖုန်းတို့၊ ငါးသိန်းတန်ရဲမျက်မှန်တို့ အဲ..အဲ..(Police) ဘရန်းန်ကိုပြောတာနော်။ မင်းသားတစ်ယောက်ဆိုရင် သုံးနေတဲ့ပစ္စည်းတွေအားလုံး နိုင်ငံပေါင်းစုံက ၀ယ်လာတာချည်းပဲခင်ဗျ။ မြန်မာပြည်မှာ ၀ယ်တာတစ်ခုမှမရှိတော့ ..အင်း..နိုင်ငံခြားရောက်ဖူးတာ ထည့်ကြွားစရာမလိုတော့ဘူးခင်ဗျ။ ဟီး ။ သူတို့သုံးနေတဲ့ ပစ္စည်းတွေမှာ သိန်းကျော်တန် ဘောင်းဘီတွေ၊ စကဒ်တွေ၊ အင်္ကျီတွေ၊ နာရီတွေက မစားရ ၀ခမန်းပါပဲ။ ဘာပဲဖြစ်ဖြစ်မုဒိတာပွားရပါတယ်ခင်ဗျ။ (ကိုယ်က ဒါပဲတတ်နိုင်တာကိုး..ဟိဟိ)။ မော်ဒယ်လေးတစ်ယောက်ဆိုရင် သူ့ ၀င်ငွေဘယ်လောက်ရမှန်းတော့ မသိဘူး။ ဆင်ထားတဲ့ တစ်ကိုယ်လုံးက ပစ္စည်းတွေတန်ဖိုးက အင်မတန်မှ တန်ဖိုးကြီးပါတယ်။ ဟုတ်မဟုတ်တော့ မသိပါဘူးခင်ဗျ။ (ပြည်တွင်းအခွန်ဌာနကလူတွေ အလွတ်မပေးနဲ့နော်)။ ဒီတော့ မြန်မာပြည်မှာ မော်ဒယ်တွေဒီလောက်ထောနေမှန်း မသိတဲ့ ကိုကိုဖရီးတစ်ယောက် ညံ့ဖျင်းတာ ၀န်ခံရပါမယ် ခင်ဗျ။ အင်း..ဘာစပွန်ဆာ ညာစပွန်ဆာ တွေကလည်း သိပ်ရက်ရောကြတယ်ဆိုပဲ။ မော်ဒယ် အိုနာမီကမ်းဘဲတို့ စင်ဒီကရော့ဖို့ တို့တောင် ဒီမှာလာလုပ်စားဖို့ခက်နေဦးမယ် ခင်ဗျ။ ဒါပေမယ့်..ကိုကိုဖရီး သိပ်အံ့သြရတာ တွေ့လာတယ်ခင်ဗျ။ ဒီမော်ဒယ်တွေ မင်းသား မင်းသမီးတွေခမျာ တစ်ကိုယ်လုံးက ဟာတွေ ကုန်အောင်ကြွား..အဲ.အဲ..ဖြေထားတယ်ဆိုပေမယ့်. .အလွန့်အင်မတန်မှ အရေးကြီးတဲ့ အသုံးအဆောင်တွေများကျန်နေသေးသလားလို့ပါ။ ဟီးဟီး..ဘာများပါလိမ့်။ ဘာလဲဆိုတော့.. အတွင်းခံဘောင်းဘီတို့၊ ဘရာဇီယာတို့ခင်ဗျ။ ဟုတ်ဘူးလား။ အင်း...ဘယ်သူကမှ ကျွန်တော်ကဖြင့် ဘယ်လောက်တန် အတွင်းခံဘောင်းဘီ၊ ကျွန်မကဖြင့် ဘယ်လောက်တန် ဘော်လီဝတ်ထားတာတို့ ပြန်ဖြေတာ မတွေ့မိဘူးခင်ဗျ။ ဟီးဟီး..ဒီတော့..ကိုကိုဖရီးစဉ်းစားမိတာက.အင်း..သူတို့တွေ ဒါတွေမှ ၀တ်ကြရဲ့လားလို့ လေ။ မ၀တ်ဘဲနဲ့ဆိုရင်..အမလေး..လေး..တော်တော်သတ္တိရှိကြတဲ့သူတွေပဲဗျ။ ဒါပေမယ့် ဟို မော်ဒယ်မင်းသမီးကိုတော့ ချီးကျူးရမယ်ထင်တယ်။ အတွင်းခံဘောင်းဘီ ကြော်ငြာမှာ သူက ဘောင်းဘီကို ဦးစားပေးကြည့်တာခင်ဗျ။ ဘယ်နားကြည့်လဲ ပြောတော့ဘူး .. ပြောတော့ဘူး..။ ပြီးတော့ မင်းသားဘယ်ဘောင်းဘီဝတ်လာမှန်း ကြည့်လိုက်တာနဲ့တန်းသိပြီး တစ်ခါတည်းလိုက်သွားတယ်လေ။.. သြော်..ကြော်ငြာ ဒါရိုက်တာခမျာ တော်တော်လော့ဂျစ်ကျ အောင် ရိုက်နိုင်တယ်နော်။ ဒီလိုပဲ မြန်ပြည် ဘလောဂါ တစ်လွှား ဖိန့်ဖိန့်မတုန်အောင် လူမသိသေးတဲ့ကိုကိုဖရီးရဲ့ သွားလေရာ ယူသွားတဲ့ ဟာတွေကို ဂျာနယ်မမလေးတွေက မေးလာတယ်ဆိုရင်ဖြင့် အဟမ်း..ဟမ်း (၁) ထီးစုတ်တစ်လက် (၂) အပေါစားလေးဘမ်းတံဆိပ် နာရီတစ်လုံး (၃) လူအထင်ကြီးအောင် ဟန်ဆောင်ကိုင်ထားတဲ့ ကစားစရာ ဖုန်းတစ်လုံး (အပေါ်တွင် မော်တိုရိုလာ စာတန်းပါ)၊ (၄) ကိုးပါးဆေးလျက်ဆား၊ (၆) ကြက်ကြောက်အိတ် (နာဂစ်ခံဒေသမှလူများအခေါ်) ..အဲ..အိတ်အမဲတစ်လုံး (၇) တွယ်အပ်ကြီးကြီး (ဖိနပ်ပြတ်လျှင် သုံးရန်) တို့ဖြစ်ကြပါတယ်။ ကဲ..အမြင်မတော်.ဆင်တော်နဲ့ခလောက်ဆိုသလို.. လူ့သဘာဝအကြောင်း ကိုကိုဖရီးက ဖောက်သည်ချရင်း တစ်ရေးဆိုပြီးပြီမို့..၇ွာစားရေ..ကိုင်း... ဟိုအတွင်းခံဘောင်းဘီသွားဝယ်ရအောင်. .ဖရီးကို ခုပဲအခမဲ့ ပို့ပေးလိုက်ပါလို့..လို့ ။ (မူလလက်ဟောင်းဖရီး)

Sep 1, 2010

အောင်ရာအောင်ကြောင်း

မိတ်ဆွေများခင်ဗျား ..။ အချိန်တော်တော်လေးကြာအောင် မရေးဖြစ်နိုင်ခဲ့ခြင်းအတွက် တောင်းပန်ပါတယ်။ အကြောင်းကြောင်း အဲ..အစင်းစင်းကြောင့် မရေးနိုင်ခဲ့ပေမယ့် ရေးချင်တဲ့စိတ်ကအမြဲရှိနေပါတယ်လို့ ၀န်ခံရင်း ကဲ...မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေကြား ရွေးကောက်ပွဲနီးလာတော့ ကိုကိုဖရီးရဲ့ မိတ်ဆွေများ မည်သူ့ကို မည်သို့မည်ပုံ မေးပေးရန် အလို့ငှာ ခေါင်းစားနေပါသလား။ လွယ်ပါတယ်ခင်ဗျ။ အမြီးဘက်ပြောင်းစားလိုက်ပါလို့။ ဟီး ။ ပါတီထဲမှာ ကျွန်တော်အကြိုက်ဆုံးကတော့ ချာပါတီ ပါပဲလို့ ရဲရဲရင့်ရင့် ၀န်ခံရင်း ကိုကိုဖရီးလည်း ရွေးကောက်ပွဲဝင်ချင်တာ တစ်ပိုင်းကို သေလို့ခင်ဗျ။ ကျန်တဲ့တစ်ပိုင်းကတော့ ပလေသင်ကာဆိုတဲ့လူလား.. ဖရီးလာရိုက်သွားတယ်လေ။ အင်း....ရွေးကောက်ပွဲဆိုတဲ့ အတိုင်း ရွေးပြီးမှ ကောက်မှာဆိုတော့ ...မဒီချောချောလေးတွေကိုအရင်ရှာ.. ပြီးမှ. .တော်ကောက်ရရင်ကောင်းမလားလို့...ဟီး။ မယ်စကြ၀ဠာစံနှုန်းလောက်တော့လိုမှာပေါ့နော်။ ဟဲ..ဟဲ။ ဒါမျိုးက..အန်ကယ်ကြီး..အန်ကယ်လေး (လူမင်းမဟုတ်ပါ) တို့ကကျွမ်းပြီးသားဆိုလားပဲ။ (သေချာတယ်..အသည်းပါကျွမ်းချင်နေပြီ ထင်ပါ့) ။ အင်း..အလှုပ်အခတ်များတဲ့ ကိုကိုဖရီးတို့ခေတ်မှာ... ဟိုကွေ့ကို ဟိုတက်. .ဒီကွေ့ကို ဒီတက်နဲ့ လှော်ဖို့တောင်မလွယ်တော့ဘူးချင်ဗျ။ မာစတာ လှော်တက်တော့ ဆောင်ထားရမယ်ထင်တယ်ခင်ဗျ။ ဒါမှ...သာပေါင်းညာစား (သာပေါင်းစက်ရုံမှာ သွားရောက်ညာစားခြင်းမဟုတ်ပါ)..အပြောခံရမဲ့အစား လူနပ် ချမ်းသာ ဆိုတဲ့ စကားအတိုင်း ကြီးပွားတိုးတက်မှာကိုးခင်ဗျ။ မြတ်စွာဘုရားကလည်း ရီကွန်မန့် လုပ်ထားတာက မိတ်ဆွေကောင်းရှိခြင်းသည် အမှုကိစ္စကို ဟန်ဒရက် ပါစန့် အောင်မြင်စေနိုင်၏တဲ့ ခင်ဗျ။ ကိုကိုဖရီးခမျာ မိတ်ဆွေကွန်ရက်ကြီးဆောက်ထားလိုက်တာ အမှုကိစ္စ ဟန်ဒရက် ပါစန့် အောင်မြင်လား မအောင်မြင်လားမသိဘူး။ အမှုတွဲတွေထဲ ပါပါနေလို့ လိုက်ရှင်းနေရတာ.. ရှိတာလေးတွေပဲ.. ဟန်ဒရက် ပါစန့် ကုန်ကုန်သွားတယ်ခင်ဗျ။ အီး..ဟီး..။ ဒီတော့..ကွန်ရက်ကြီးထဲမှာ ဖယ်လ်တာတွေ ပြန်ခံလိုက်ရတယ်လေ။ ဖရီးရိုက်ရမဲ့လူလား၊ ၀ိုင်းရှယ်ရမဲ့လူလား၊ စပွန်ဆာပေးရမဲ့လူလားဆိုပြီးတော့ပေါ့။ ဒါပေမယ့်.. ဖရီးဆိုးရင် သိပ်သိပ်ကြိုက်ဆိုတဲ့ ကိုကိုဖရီးကတော့ ဖရီးအီလက်ရှင်နဲ့ ဖရီးစပွန်ဆာပေးမဲ့သူကို မျှော်လင့်ရင်း....ပြန်ဆုံတွေ့ကြပါစို့လို့ ။ ။ (မူလလက်ဟောင်းဖရီး)