ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Sep 16, 2010

အရေးကြီးပစ္စည်း

ခုတစ်လော ကိုကိုဖရီးတစ်ယောက် ဂျာနယ်တွေထဲက အင်တာဗျူးလုပ်ထားတာတွေဖတ်ရင်း စိတ်ထဲ ခုလုခုလု ဖြစ်နေရပါတယ်။ အကြောင်းရင်းကတော့ ဖြည်းဖြည်းနဲ့ပေါ်လာမယ်နော်။ အင်တာဗျူးက မင်းသားမင်းသမီးတွေနဲ့မော်ဒယ်အချို့ကို မေးထားတာခင်ဗျ။ မေးထားတဲ့ အကြောင်းအရာတွေကတော့ သွားရည်ကျစရာတွေပါ။ (သွားရည်ခံအိတ်လေးဘာလေးခံပြီး ဖတ်ပေါ့) မေးထားတာက သူတို့ရဲ့သွားလေရာဆောင်တတ်တဲ့ တန်ဖိုးကြီး အသုံးအဆောင်တွေအကြောင်းခင်ဗျ။ ပြန်ဖြေထားတာတွေကလည်း အင်မတန်မှ အထင်ကြီး စရာပဲဗျာ။ ဆယ်သိန်းတန်ပန်းသီးဖုန်းတို့၊ ငါးသိန်းတန်ရဲမျက်မှန်တို့ အဲ..အဲ..(Police) ဘရန်းန်ကိုပြောတာနော်။ မင်းသားတစ်ယောက်ဆိုရင် သုံးနေတဲ့ပစ္စည်းတွေအားလုံး နိုင်ငံပေါင်းစုံက ၀ယ်လာတာချည်းပဲခင်ဗျ။ မြန်မာပြည်မှာ ၀ယ်တာတစ်ခုမှမရှိတော့ ..အင်း..နိုင်ငံခြားရောက်ဖူးတာ ထည့်ကြွားစရာမလိုတော့ဘူးခင်ဗျ။ ဟီး ။ သူတို့သုံးနေတဲ့ ပစ္စည်းတွေမှာ သိန်းကျော်တန် ဘောင်းဘီတွေ၊ စကဒ်တွေ၊ အင်္ကျီတွေ၊ နာရီတွေက မစားရ ၀ခမန်းပါပဲ။ ဘာပဲဖြစ်ဖြစ်မုဒိတာပွားရပါတယ်ခင်ဗျ။ (ကိုယ်က ဒါပဲတတ်နိုင်တာကိုး..ဟိဟိ)။ မော်ဒယ်လေးတစ်ယောက်ဆိုရင် သူ့ ၀င်ငွေဘယ်လောက်ရမှန်းတော့ မသိဘူး။ ဆင်ထားတဲ့ တစ်ကိုယ်လုံးက ပစ္စည်းတွေတန်ဖိုးက အင်မတန်မှ တန်ဖိုးကြီးပါတယ်။ ဟုတ်မဟုတ်တော့ မသိပါဘူးခင်ဗျ။ (ပြည်တွင်းအခွန်ဌာနကလူတွေ အလွတ်မပေးနဲ့နော်)။ ဒီတော့ မြန်မာပြည်မှာ မော်ဒယ်တွေဒီလောက်ထောနေမှန်း မသိတဲ့ ကိုကိုဖရီးတစ်ယောက် ညံ့ဖျင်းတာ ၀န်ခံရပါမယ် ခင်ဗျ။ အင်း..ဘာစပွန်ဆာ ညာစပွန်ဆာ တွေကလည်း သိပ်ရက်ရောကြတယ်ဆိုပဲ။ မော်ဒယ် အိုနာမီကမ်းဘဲတို့ စင်ဒီကရော့ဖို့ တို့တောင် ဒီမှာလာလုပ်စားဖို့ခက်နေဦးမယ် ခင်ဗျ။ ဒါပေမယ့်..ကိုကိုဖရီး သိပ်အံ့သြရတာ တွေ့လာတယ်ခင်ဗျ။ ဒီမော်ဒယ်တွေ မင်းသား မင်းသမီးတွေခမျာ တစ်ကိုယ်လုံးက ဟာတွေ ကုန်အောင်ကြွား..အဲ.အဲ..ဖြေထားတယ်ဆိုပေမယ့်. .အလွန့်အင်မတန်မှ အရေးကြီးတဲ့ အသုံးအဆောင်တွေများကျန်နေသေးသလားလို့ပါ။ ဟီးဟီး..ဘာများပါလိမ့်။ ဘာလဲဆိုတော့.. အတွင်းခံဘောင်းဘီတို့၊ ဘရာဇီယာတို့ခင်ဗျ။ ဟုတ်ဘူးလား။ အင်း...ဘယ်သူကမှ ကျွန်တော်ကဖြင့် ဘယ်လောက်တန် အတွင်းခံဘောင်းဘီ၊ ကျွန်မကဖြင့် ဘယ်လောက်တန် ဘော်လီဝတ်ထားတာတို့ ပြန်ဖြေတာ မတွေ့မိဘူးခင်ဗျ။ ဟီးဟီး..ဒီတော့..ကိုကိုဖရီးစဉ်းစားမိတာက.အင်း..သူတို့တွေ ဒါတွေမှ ၀တ်ကြရဲ့လားလို့ လေ။ မ၀တ်ဘဲနဲ့ဆိုရင်..အမလေး..လေး..တော်တော်သတ္တိရှိကြတဲ့သူတွေပဲဗျ။ ဒါပေမယ့် ဟို မော်ဒယ်မင်းသမီးကိုတော့ ချီးကျူးရမယ်ထင်တယ်။ အတွင်းခံဘောင်းဘီ ကြော်ငြာမှာ သူက ဘောင်းဘီကို ဦးစားပေးကြည့်တာခင်ဗျ။ ဘယ်နားကြည့်လဲ ပြောတော့ဘူး .. ပြောတော့ဘူး..။ ပြီးတော့ မင်းသားဘယ်ဘောင်းဘီဝတ်လာမှန်း ကြည့်လိုက်တာနဲ့တန်းသိပြီး တစ်ခါတည်းလိုက်သွားတယ်လေ။.. သြော်..ကြော်ငြာ ဒါရိုက်တာခမျာ တော်တော်လော့ဂျစ်ကျ အောင် ရိုက်နိုင်တယ်နော်။ ဒီလိုပဲ မြန်ပြည် ဘလောဂါ တစ်လွှား ဖိန့်ဖိန့်မတုန်အောင် လူမသိသေးတဲ့ကိုကိုဖရီးရဲ့ သွားလေရာ ယူသွားတဲ့ ဟာတွေကို ဂျာနယ်မမလေးတွေက မေးလာတယ်ဆိုရင်ဖြင့် အဟမ်း..ဟမ်း (၁) ထီးစုတ်တစ်လက် (၂) အပေါစားလေးဘမ်းတံဆိပ် နာရီတစ်လုံး (၃) လူအထင်ကြီးအောင် ဟန်ဆောင်ကိုင်ထားတဲ့ ကစားစရာ ဖုန်းတစ်လုံး (အပေါ်တွင် မော်တိုရိုလာ စာတန်းပါ)၊ (၄) ကိုးပါးဆေးလျက်ဆား၊ (၆) ကြက်ကြောက်အိတ် (နာဂစ်ခံဒေသမှလူများအခေါ်) ..အဲ..အိတ်အမဲတစ်လုံး (၇) တွယ်အပ်ကြီးကြီး (ဖိနပ်ပြတ်လျှင် သုံးရန်) တို့ဖြစ်ကြပါတယ်။ ကဲ..အမြင်မတော်.ဆင်တော်နဲ့ခလောက်ဆိုသလို.. လူ့သဘာဝအကြောင်း ကိုကိုဖရီးက ဖောက်သည်ချရင်း တစ်ရေးဆိုပြီးပြီမို့..၇ွာစားရေ..ကိုင်း... ဟိုအတွင်းခံဘောင်းဘီသွားဝယ်ရအောင်. .ဖရီးကို ခုပဲအခမဲ့ ပို့ပေးလိုက်ပါလို့..လို့ ။ (မူလလက်ဟောင်းဖရီး)

No comments: