ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Sep 17, 2010

ပုလင်းထောင်မိုးမောင် နှင့် ဖရီး (၁)

တစ်နေ့တွင် ညညဘောလုံးပွဲများကြည့်ပြီးသကာလမနက်ကျအိပ်ရာထနောက်ကျတတ်သော
ကိုကိုဖရီးထံသို့ မိုးမှောင်သကဲ့သို့ မှုန်ကုပ်ကုပ် မှောင်တောင်တောင် မျက်နှာထားဖြင့်
မိုးမောင်တစ်ယောက် ရောက်ရှိလာလေသည်။ ဗျိုး.. ဖရီးဆွဲတဲ့ ကိုကိုဖရီး ။ ဖရီး ဆို
ကြိုက်တဲ့ ကိုကိုဖရီး လာစမ်းပါအုံးဗျ။ခုနှစ်သံချီမက ဆယ်သံချီဖြင့် အော်ခေါ်နေသော
အနှီ လူကလေးမိုးမောင်ကြောင့် အိပ်မက်ထဲတွင်ဟီလာရီဆွစ်ဖ် ဖြင့် အမ်တီဗွီရိုက်နေသော
ကိုကိုဖရီး တစ်ယောက် မထချင်ထချင် ထလာလိုက်ရလေသည်။ ဟာ..စောစောစီးစီးကွာ
ဘာတွေ အလျင်လိုနေတာလဲ...ကိုကိုဖရီး၏ အမေးကို ဟာ..ဒီမှာမပြောဘူး ဆိုင်မှာ
ပြောရအောင် မျက်နှာသစ်..လာ ။ ဟ.. ဟ..မနက်စောစောချည်း.. စောလှချည်လား
ခု ဆို ဆိုင်တောင် မဖွင့်သေးဘူး၊ ဒီအချိန်တော့ မလုပ်ပါနဲ့ကွာ ။ ဟာ..ဗျာ ဘာတွေ
ပြောနေတာလဲ။ လက်ဘက်ရည်ဆိုင်ကို ပြောနေတာဗျ။ ခင်ဗျားရဲ့ အင်ဂျီနီယာ ဆိုင်ကို
ပြောတာမဟုတ်ဘူး။ ဘာလဲကွ အင်ဂျင်နီယာဆိုင်ဆိုတာ.. ဟာ ခင်ဗျား သောက်တာ
ဘီအီး မဟုတ်လား ။ ဘီအီးရောင်းတဲ့ဆိုင်
ဆိုတော့ အင်ဂျင်နီယာဆိုင်ပေါ့ဗျာဟုတ်ဘူးလား။ ကိုင်း လာကြာတယ်။ သဒ္ဒါတဲ့စိတ်လေး
တောင် ပျောက်တော့မယ်။ ဟာ...ဖရီးသောက်ရမှာလား ။ ဒါဆို လာပြီလာပြီ။ ဖရီးဆို
သိပ်သိပ်ကြိုက် ။ ။ ဒီလိုနဲ့ ဆိုင်သို့ရောက်ပြီးသကာလ ( လက်ဖက်ရည်ဆိုင်ခင်ဗျ)
ရော့ ဒီမှာကြည့် ။ ဘုတ် ..ဆို.. မိုးမောင်က သတင်းစာတစ်စောင် ပစ်ချလိုက်သည်။
ဘာလဲကွ..မင်း ဟာက...ဟာ..ဒီမှာ ပါတီတွေ ထောင်ခွင့်ပြုလိုက်ပြီလေဗျာ။
သူများတွေဆို ထောင်လိုက်တာမှ ဟော..တစ်ပါတီ ဟော တစ်ပါတီနဲ့။ အလကားရနေတဲ့
အတိုင်းပဲ။ ခင်ဗျားက ဘာလုပ်နေတာလည်း။ အမ်ဒီအယ် အတွင်းရေးမူး လုပ်နေပြီး
အမူးသမားများ၏ အကျိုးစီပွားအတွက် ပါတီလေးဘာလေး ထောင်ဖို့လုပ်လေဗျာ။ အိမ်း.
..မင်းပြောချင်တာ ပြောပြီးပြီလား။ ဒါဆို....ကဲ....ညီလေးရေ...ဒီကို ကျဆိမ့်လေး
ပဲနံပြားလေး လုပ်ပါအုံး။ ပြောမလို ဟန်ပြင်ပြီး စားစရာလှမ်းမှာလိုက်သော ကိုကိုဖရီးကြောင့်
..ဟွန်း...ဒါမျိုးကျ ဖရီးရမယ်ဆို ထိပ်ဆုံးကပဲ ဟု..မိုးမောင်မှ မကြားတကြား
ကျိန်ဆဲလိုက်လေသည်။ ပြောပြော ခင်ဗျား ဘာပြောမှာလဲ ။ ဟ..ဟ လာမယ်လေကွာ။
မင်းက ငါ အိမ်မှာ ဘာမသိညာမသိ နှပ်နေတယ်ထင်လို့လားကွ။ ဒီမှာ... ဒါတွေ
မြင်မိလို့ သီအိုရီ ပိုင်အောင် political science စာတွေ ပြန်ဖတ်နေတာ ခု
အုပ်ရေ ၃၀ ကျော်ပြီကွ။ ဟ...ဒါတွေနဲ့ ဘာဆိုင်လို့လဲဗျ။ ဟာ..ဆိုင်တာပေါ့ကွ။
ပါတီထောင်မယ်ဆို ပါတီ သဘောတရားတွေ ၊ အခြေခံ နိုင်ငံရေး သီအိုရီတွေ၊
ကွန်စတီကျူးရှင်း တွေအကြောင်း သိသင့်တယ်လေ။ ဒါတွေထောင်ပြီး
ခင်ဗျားက ပါတီထောင်မှာလား၊ နိုင်ငံရေးကျူရှင်ပေးမှာလား။ သစ်စ်ရိုက်မောင်မင်း။
မင်းမဆိုးဘူး။အကောင်ပြရင် အရိပ်လောက်တော့မြင်တယ်။ နှစ်ခုလုံး လုပ်နိုင်တာပေါ့ကွာ။
ဟွန်း..သူ့ကိုယ်သူ ဖူကူယာမ လိုလို အိုင်းစတိန်းဘတ် လိုလိုနဲ့ လေးတန်းတောင်
ခိုးချပြီးအောင်တဲ့သူကများ။ မိုးမောင်၏ ရွဲ့တဲ့တဲ့ ခပ်တိုးတိုးပြောသံကို မကြားသည့် အလား
ကိုကိုဖရီးတစ်ယောက် ဖရီးရသည့် ပဲနံပြားနဲ့ လက်ဘက်ရည်အား ကျိတ်တွယ်နေလေသည်။
ဟီး ပြောပါစေလေ၊ သူတိုက်တဲ့ လက်ဘက်ရည်ပဲဟာ.ဟိဟိ။ ကဲ ဒီတော့ ခင်ဗျားရဲ့ အစီအစဉ်က..ဟဲဟဲ..လာမယ်လေ...ဒီလိုကွ ..

( နောက်မှ ဆက်ရန်ပါခင်ဗျ...) original free @ ko ko free

No comments: