ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Jan 25, 2008

တစ်ကိုယ်တော်လေကြောင်းလိုင်းသစ် (New Airline)

ခရီးသွား ဈေးကွက်၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် အတွက် လေကြောင်းလိုင်းသစ် တစ်ရပ်ကိုမကြာမီပြေးဆွဲပေးသွားမည်ဟု သတင်းရရှိပါသည်။ ယင်းးလေကြောင်းလိုင်းသစ်တွင် နည်းပညာ အဟောင်းကိုပင်သုံးထားကြောင်းသိရပါသည်။ နည်းပညာအရ ခရီးသည်များအား ဆက်ကပ်အဖွဲ့များတွင် သုံးလေ့ရှိသော အမြောက်ထဲသို့ ထည့်သွင်းကာပစ်လွှတ်လိုက်ခြင်းဖြင့် လိုရာခရီးသို့ လွတ်လွတ်လပ်လပ် တစ်ကိုယ်တော်ခရီးနှင်နိုင်မည်ဖြစ် ကြောင်း သိရသည်။

"This is a new airline for sole passengers"

Jan 24, 2008

သြော်..ဒါ့ကြောင့်ကိုး ( Top of Election)

၂၀၀၈ အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ ၀င်သည့် အမျိုးသမီးတစ်ဦးဖြစ်သူ ဟီလာရီကလင်တန် အနိုင်ရရန်ရေပန်းစားနေရခြင်းမှာ သူမငယ်စဉ်က အာလူး ကောက် ပြိုင်ပွဲများ တွင် ဆုများမကြာခဏရခြင်း၊ ထမင်းချက်ခါနီး စပါးလုံး ရွေးကောက် ရာတွင် ထူးချွန်ခြင်း တို့ကြောင့်ဖြစ်ကြောင်း နိုင်ငံရေး ကျွမ်းကျင်သူများက သုံးသပ်ပြောကြားနေကြသည်။ ( most of political analysts view so for Hilary Clinton)

Jan 23, 2008

စက်ရပ်သတင်းများ ( မီးပျက်သွားလို့) Causual news

(၁) အောက်ဘောများဖမ်းရာတွင် ကျွမ်းကျင်လှသော ချယ်ဆီးဂိုးသမား ပီတာဆက်ခ်ျသည် ဘောပွဲများကို စိတ်စွဲကာ ညဘက်အိပ်ရာတွင် ဘောပိုက် ပိုက်ပြီးအိပ်နေတတ်သဖြင့် သူ၏ဇနီးခမျာ စိတ်အနှောင့်အယှက် ဖြစ်နေရပါကြောင်း...။ (ဘောလုံးပြောပါတယ်) (၂) အမေရိကန်ဦးဆောင်ပြီး နေတိုး (NATO) ကိုထပ်ချဲ့မည်ဆိုသည့် သတင်းကြောင့် မြန်မာပြည်ရှိ မင်းသားခမျာ ညဘက်တွင်မအိပ်ရဲရအောင်ဖြစ်နေရပါကြောင်း...။ "Those are latest the most interesting news"

Jan 22, 2008

ယင်မောင်းအလိုရှိသည်။ (Required fly driver)

ယခုအခါ အင်တာနက်ဆိုင်အများအပြားတွင် ယင်မောင်းများလိုအပ်လျက်ရှိကြောင်းသိရသည်။ မည်သို့သော ၀က်ဆိုက်များကို ကြည့်ရှုသည်မသိ၊ အမျိုးသားအင်တာနက်သုံးစွဲသူအများစု၏ ကွန်ပျူတာများတွင် ယင်ကောင်များဝိုင်းအုံလာသဖြင့် ထိုသို့လိုအပ်နေခြင်းဖြစ်ကြောင်းသိရပါသည်။ (သတင်းထောက်-အာဖျံကွီိးပေးပို့သည်။) "By some news, most of Internet Cafe need fly drivers"