ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Showing posts with label General. Show all posts
Showing posts with label General. Show all posts

Jul 17, 2008

အားမနွှဲ့သူပါခင်ဗျာ ( Man and his new duty)

သြော်လူတွေ၊လူတွေ။ကိုယ့်ကိုကိုယ်လည်းပြóနာရှာတတ်ပါ့ဗျာ။ ကိုယ့်အစကိုယ်တောင်မရှာနိုင်တော့..လူကမျောက်ကတဲ့။ဒါဝင်..ဆိုတဲ့လူကြီး ပြောတာဆိုဘဲ။ မြန်မာပြည်မှာလဲ လူသားအစ တကောင်းကဆိုလား၊ ကျောက်ဆည်ကဆိုလား ငြင်းခုန်ဘူးပါရဲ့။တချို့ကတော့ ချင့်ချင့်နှိုင်းနှိုင်း ပြောပါတယ်။ လူသားအစ..ဂျမခါနကတဲ့။တချို့ကအမေ့ဆီကတဲ့။မှန်သလို လိုဘဲဗျ။ဟုတ်ဘူးလား။ဒါပေမယ့်အဖေမပါတော့မပြည့်စုံသေးဘူးထင်တာဘဲ။ ဒါကြောင့်..လူသားအစဟိုကိစ္စကဆိုရင်ပိုနီးစပ်မယ်ထင်ပါတယ်။ ဒါတောင် ဒီဘက်ခေတ်မှာ ကလေးမွေးဖို့ ဖခင်တောင်မလိုတော့ဘူးဆိုဘဲ။ မျိုးရည်ဘဏ်သွားဝယ်ပြီးထည့်လိုက်ရင်အိုကေသွားရောတဲ့။ ပြီးကျန်သေးတယ်။ ကိုယ်တိုင်ကိုယ်ဝန်ဆောင်မမွေးချင်ရင်တောင်ဗိုက်ငှားမွေးနိုင်သတဲ့ဗျာ။ အံ့ရောဗျို့။ဒါပေမယ့်..ကိုကိုဖရီးမျက်လုံးပြူးသွားတာကအမျိုးသားတောင် ကိုယ်ဝန်ဆောင်ကလေးမွေးနိုင်လာပြီတဲ့။ အမလေးဗျာ…သဘာဝတရားကြီးက ရေသာခိုအိမ်ထောင်ရှင်ထီးတွေ၊ လုံးရာကပြားချင်နေသူတွေကို မျှတအောင် စီစဉ်လိုက်တယ်ထင်ပါ့။ ဒါဆိုဖခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့၊ မြန်မာနိုင်ငံအမျိုးသားရေးရာအဖွဲ့ချုပ်တို့လဲဖွဲ့သင့်တာပေါ့ခင်ဗျာ။ ပြီး... လင်ကောင်မပေါ်ဘဲမွေးတဲ့ကောင်ထီးတို့၊ဆူးပေါ်ဆူးကျတော့ဆူးတွေအကုန် ကျိုးတာတွေဖြစ်ကုန်တော့မယ်ထင်တယ်ခင်ဗျ။ မိတ်ဆွေတို့ရော………………..။

Mar 23, 2008

ကတ်သီး ကတ်သတ် (၃) ( ket thi & ket tet )

ကတ်သတ်--အင်း ကိုကတ်သီးရေ ကျုပ်ကအင်္ဂလိပ်စာမကျွမ်းတော့ ရန်ကုန်က စတိတ်ရှိုးကြော်ငြာတွေဖတ်ရင် အသံထွက်မရတော့ ဂွကျတယ်ဗျာ။ ကတ်သီး--ဘယ်လိုများလဲဗျ။ ကတ်သတ်--တချို့နာမည်တွေများကျောချမ်းစရာကြီးဗျာ။ ဘာတဲ့ အိတ်စမ်းပလိုက်ဆိုလား ။ တချို့နာမည်တွေကျတော့ ရယ်စရာကြီးတွေ... ဘီလူးပါရယ်၊ဒီလိုရယ်၊ကိုဘာယာတဲ့၊ချာပါတီတဲ့၊ပက်လက်အိုး တဲ့ဗျာ။ ကတ်သီး--ဟာ "Examplez, Blue Berry,Theory, Cobra, Chapter, Black Hole ” တွေပါဗျ။ ခင်ဗျားကလည်း။ ကတ်သတ်--ပြီးရှိသေးတယ် တိရစ္ဆာန်နာမည်တွေ .ခြင်ပေါက်၊ ဖားပေါက် နဲ့ ကြက်မ ဆိုလားဘဲ။ ပြီးတော့ ကွိကွိ၊ ကိကိ တဲ့ ဘာသံတွေလဲမသိဘူး ကတ်သီး-- ဟာ….“ဆင်ပေါက်နဲ့ ကျားပေါက် ၊ ကြက်ဖ”လုပ်စမ်းပါ ကိုကတ်သတ်ရယ် ကတ်သတ်-- ဒီကြားထဲ သားဆိုးတို့၊ ရင်မီ တို့ ၊ဂင်ချီ တို့၊ ပဲလေး တို့ကပါသေး။ ပြီးတော့ ဓာတုဗေဒ နာမည်တွေ ဘာ..အိတ်တူးအို၊ အိုတူး တဲ့ဗျာ ကတ်သီး--သြော် သားစိုး၊ ဂျေမီ နဲ့ ဟဲလေး တို့ထင်တယ်။ ဓာတုဗေဒနာမည်... သြော် ..ဓာတုဗေဒ ဘာသာရပ် ချစ်လို့နေမှာပေါ့ဗျာ ကတ်သတ်--ပြီးတော့ ဘာဖုန်း ညာဖုန်း တွေရှိသေးတယ်ဆို။ လူကနေဖုန်းဖြစ်ရတယ်လို့ဗျာ။ ကတ်သီး--ခင်ဖုန်း၊ ရှင်ဘုဏ်း ပါဗျာ ခင်ဗျားကလည်း။ ကတ်သတ်--မသိပါဘူးဗျာ။ ဦးဖိုးကျားရဲ့မိတဆိုးရှင်ပြုထဲက“လှုပ်လီလှုပ်လဲ့သော်မော် အရည်ပျော်”ဆိုကလို ဒီခေတ်နာမည်တွေက ဆန်းသကိုး။ ကတ်သီး--အင်း ဟုတ်ပါတယ်။ ဒါပေမယ့် ခင်ဗျား အင်္ဂလိပ်စာ ညံ့တာလဲထည့်ပြောအုံးလေ။ ကတ်သတ်--ဟုတ်ပြီ ဒါဆို အလကားရတဲ့ အင်္ဂလိပ်စာ ပညာဒါနသင်တန်းတွေ လိုက်တက်ဦးမယ်ဗျာ။ ကတ်သီး--တက်ပါ။ ပညာကတော့ ဒါနနဲ့ပါ။ ဒါပေမယ့်…ကျန်တာကတော့...ဟီး ဟီး ဟီး

Mar 20, 2008

မပြောချင်ဘူး ( Don't want to say but...)

တချို့တွေပြောပါတယ်။ အသက်လာလာမေးတော့ အမှန်အတိုင်းပြောတော့လဲ လက်မခံချင်ကြဘူး။ ကျွန်တော့်အသက်က နှစ်ဆယ်ကျော်ပဲဆိုတော့ ရယ်ကြတယ်လေ။နှစ်ဆယ်ကို ဘယ်နှစ်နှစ် ကျော်ကျော် နှစ်ဆယ်ကျော်ရင် ပြီးတာပဲမဟုတ်ဘူးလားလို့။ပြီးတော့ ရည်စားမရှိဘူးပြောတော့လဲ မဖြစ်နိုင်ဘူးတဲ့။ ကြည့်ဗျာ ရုပ်ချောတိုင်း ရည်းစားရ ရမှာလား။ ဒါတောင်တချို့ က ဟိုးအရင် အွန်စောတို့၊ ရှာရာပိုဗာ တို့ နဲ့ဖြစ်ဘူးတာကို လာပြောချင်ကြတယ်လေ။ ဒါတွေကကြာခဲ့ပါပြီဗျ။ ဘာပဲဖြစ်ဖြစ် သိန်းသုံးထောင်လောက် ရရင်တော့ လိုတာဝယ်ပြီး တောထဲမှာပဲ အေးဆေးဆေး တရားသွားထိုင်တော့မယ်ဗျာ။

တာ့တာ......

Mar 11, 2008

ပါတီသစ် (New Party for Myanma Shakies)

ကိုကိုဖရီးတို့နိုင်ငံမှာ ရွေးကောက်ပွဲတွေလုပ်ဖြစ်ရင်တော့ ကိုကိုဖရီးလည်း ပါတီတစ်ခုထောင်ပြီး ၀င်ပြိုင်မလားစဉ်းစားမိတယ်ဗျာ။ ကိုကိုဖရီးထောင်မဲ့ ပါတီကတော“ မြန်မာနိုင်ငံလုံးဆိုင်ရာ ယမကာသမားများအသင်း”- League for Myanmar Drinkers (MDL) ဖြစ်ပါတယ်။
ဒီပါတီအတွက် အမာခံအအင်အားစုများ အတွက်လည်း ဘလော့ကာ ရှက်ကီများအပြင် မြန်မာတစ်နိုင်ငံလုံးမှ “ဘော်ဘော် အမားသမူး” တွေလည်းအဆင်သင့်ပါဘဲ။ထို့ပြင်အရက်ကိုတန်ဆေးလွန်ဘေးဆိုပြီး မှန်မှန်ချနေသူများ၊ ဘုရားမကြိုက်တာမလုပ်ဘူးမိမိကြိုက်တာပဲ လုပ်မည်ဆိုကာခပ်တည်တည်ကစ်နေသူများ၊ဘီယာပာာ အရက်မဟုတ်ဘူး ပြောကာ အမြဲမူးနေသူများအားလုံးလည်း ပါတီဝင်ရန်ဖိတ်ခေါ် အပ်ပါသည်။ ထို့ပြင်တခါတလေကြုံရင်ကြုံသလို ဆွဲတတ်သောမိန်းကလေးများနှင့်ပါရမီဖြည့်ဘက်များအဖြစ်အမြည်း လုပ်ပေးရန်စိတ်ဝင်စားသောအမျိုးသမီးများအားလုံးလည်း အဆင်ပြေပြေပါတီဝင်နိုင်အောင်စီစဉ်ဆောင်ရွက်ပေးသွားရန်ရှိပါသည်။ ထို့ကြောင့် အားလုံးရဲ့ အကြံပြုစာများကိုမျှော်လင့်လျက်…. Ko Ko Free ( Executive MDL Member )
မှတ်ချက်။ ။ ပထမဆုံးလာရောက်စာရင်းပေးသူများကတော့ ကိုကိုယု (http://yuthar.2kool4u.net) နှင့် လီယိုဝေဇင် ( http://leowaizin.blogspot.com) တို့ဖြစ်ပါတယ်။

Feb 26, 2008

သြော် မီး မီး မီး (ှScreaming for Fire)

..သြော် မီးလောင်တဲ့သတင်းတွေ ကြားရပြန်တော့ ....ချစ်တယ်မီးရယ် လို့ဆိုတဲ့ ရန်အောင်၊ မီးကလေ... မီးကလေ လို့ပြောတတ်တဲ့ မိန်းကလေးတွေ ၊ မီး ဆိုတဲ့နာမည်ပါတဲ့ ကောင်မလေး( ကျွန်တော့်အသိမဟုတ်) တွေကို ရင်နာ တယ်ဗျာ။ ကိုထွန်းရွှေ ကြီးရေ ရက်ပ်တစ်ပုဒ်လောက် မီးအကြောင်း ဟဲလိုက်စမ်းပါဗျာ။ အဟင့်...

Feb 25, 2008

ဘလော့ရှင်မင်းတြားကြိီးမှာတမ်း (Blog King's Words)

ဘလော့သူ ဘလော့သား အပေါင်းတို့လေ... .(ဒူ ဝေ ဝေ ဝေ ဝေ...........မဝေ.... တဝေ....ဝေ....) ဘလော့ရှင်မင်းတြားကြိီး မိန့်တော်မူလိုက်သည်မှာ...... ”ပူပြင်းခြောက်သွေ့သော နွေရာသီ မီးပျက်ရက်များသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် မိမိတို့အိမ်များတွင်ဖယာင်းတိုင်များ၊ အင်ဗာတာများ၊ မီးစက်များ၊ မီးခြစ်၊လက်နှိပ်ဓာတ်မီးများ စသည်တို့ အရံသင့်ဆောင်ထားကြရန်ဖြစ်ပေသည်”(ဒူ ဝေ ဝေ ဝေ ဝေ.................မဝေ တဝေ....ဝေ ဝေ....) This is notify that to be ready in accessories during current-out period for all bloggers by Blog King.

Feb 15, 2008

အဲဒါပြောတာပေါ့့ ( It is to say)

တောက်.....လူငယ်တွေခက်လိုက်တာ။ ပြောလိုက်ရင် ပါရမီ မရှိဘူး ပါရမီ မရှိဘူးနဲ့။ ဟောကြည့်.....ပါရမီတွေ မှတ်တိုင်မှာ တစ်စီးပြီး တစ်စီးဆိုက်လာပြီ။ ကဲဗျာ...အဲဒါပြောတာပေါ့။ ။..ဟင်း..( သက်ပြင်းချလိုက်သည် )

Feb 6, 2008

ဆြာဖရီး၏ ယတြာများ ( Sir free's suggestions)

၁.Monday သားသမီးများ ဖိနပ်မစီးဘဲလမ်းထလျှောက်ပေးရန်

၂.Tuesday သားသမီးများထီဆိုင်နားသွားကာကျကျန်မည့်ထီလက်မှတ်စောင့်နေရန်

၃.Wednesday သားသမီးများခုံဖိနပ်ပြောင်းစီးရန်

၎.Thursday သားသမီးများ အောင်စာ၇င်းသွားမကြည့်ရန်

၅.Friday သားသမီးများ ဆူမိုနပမ်းသွားသင်ထားရန်

၆.Saturday သားသမီးများ အိမ်မှထွက်ရာတွင် ပိုက်ဆံမထည့်ဘဲထွက်သွားရန်

၇.Sunday သားသမီးများ အိမ်ထဲရေသောက်ဗိုက်မှောက်နေ၇န်

  • မှတ်ချက်။ ။ယတြာမချေက ယတြာမကြေပါ။ (လိုအပ်ရင်တူသုံးရန်)

"Those are advices to offset the becoming happens"

Feb 4, 2008

ဆြာဖရီး၏တစ်လစာလွဲစာတမ်း ( Horoscope)

Monday သားသမီးများ အိမ်မှာထိုင်နေရင်း အညောင်းမိမည်။ Tuesday သားသမီးများ ထီလက်မှတ်ကောက်ရပြီးမှ ထီပေါက်မည်။ Wednesday သားသမီးများ လမ်းလျှောက်ရင်းဖိနပ်ပါးမည်။ Thursday သားသမီးများ မဖြေဆိုထားသည်စာမေးပွဲများအောင်မည်။ Fridayသားသမီးများ အိမ်ထောင်ဘက်၊ ချစ်သူရည်းစားများနှင့်နပမ်းသတ်ရမည်။ Saturdayသားသမီးများအပြင်ထွက်လည်ကငွေကုန်ကြေးကျများမည်။ Sunday သားသမီးများ ဈေးဝယ်ရင်း ကုန်ဈေးနှုန်းနှင့် ရန်ဖြစ်ရမည်။

(ယတြာများမကြာမီတင်ဆက်သွားပါမည်။)

These are forecasts of "Sir Free"

Jan 23, 2008

စက်ရပ်သတင်းများ ( မီးပျက်သွားလို့) Causual news

(၁) အောက်ဘောများဖမ်းရာတွင် ကျွမ်းကျင်လှသော ချယ်ဆီးဂိုးသမား ပီတာဆက်ခ်ျသည် ဘောပွဲများကို စိတ်စွဲကာ ညဘက်အိပ်ရာတွင် ဘောပိုက် ပိုက်ပြီးအိပ်နေတတ်သဖြင့် သူ၏ဇနီးခမျာ စိတ်အနှောင့်အယှက် ဖြစ်နေရပါကြောင်း...။ (ဘောလုံးပြောပါတယ်) (၂) အမေရိကန်ဦးဆောင်ပြီး နေတိုး (NATO) ကိုထပ်ချဲ့မည်ဆိုသည့် သတင်းကြောင့် မြန်မာပြည်ရှိ မင်းသားခမျာ ညဘက်တွင်မအိပ်ရဲရအောင်ဖြစ်နေရပါကြောင်း...။ "Those are latest the most interesting news"

Jan 22, 2008

ယင်မောင်းအလိုရှိသည်။ (Required fly driver)

ယခုအခါ အင်တာနက်ဆိုင်အများအပြားတွင် ယင်မောင်းများလိုအပ်လျက်ရှိကြောင်းသိရသည်။ မည်သို့သော ၀က်ဆိုက်များကို ကြည့်ရှုသည်မသိ၊ အမျိုးသားအင်တာနက်သုံးစွဲသူအများစု၏ ကွန်ပျူတာများတွင် ယင်ကောင်များဝိုင်းအုံလာသဖြင့် ထိုသို့လိုအပ်နေခြင်းဖြစ်ကြောင်းသိရပါသည်။ (သတင်းထောက်-အာဖျံကွီိးပေးပို့သည်။) "By some news, most of Internet Cafe need fly drivers"

Jan 16, 2008

ဖတ်သင့်မှတ်သင့်စကားပုံအသစ် ( New proverbs)

(၁) သမီးတစ်ကောင် လင်တစ်ထောင်။

( အဟီး နတ်သမီးလေးလို နတ်သားတစ်ဖက်ငါးရာနှင့်ဖြစ်သည်)

နတ်သားဖြစ်လိုသူများ စီဘောက်ထဲမှတဆင့် ဖရီးတော်ကာထံ အမြန်စာရင်းပေးရန်.......

(၂) ကံကိုယုံ၍ ချီးပုံမနင်းရာ

(မယုံလျှင်နင်းကြည့် ၊ သေချာပေါက်နံမည်။)

"Dead Sure Proverbs"