ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Jul 17, 2008

အားမနွှဲ့သူပါခင်ဗျာ ( Man and his new duty)

သြော်လူတွေ၊လူတွေ။ကိုယ့်ကိုကိုယ်လည်းပြóနာရှာတတ်ပါ့ဗျာ။ ကိုယ့်အစကိုယ်တောင်မရှာနိုင်တော့..လူကမျောက်ကတဲ့။ဒါဝင်..ဆိုတဲ့လူကြီး ပြောတာဆိုဘဲ။ မြန်မာပြည်မှာလဲ လူသားအစ တကောင်းကဆိုလား၊ ကျောက်ဆည်ကဆိုလား ငြင်းခုန်ဘူးပါရဲ့။တချို့ကတော့ ချင့်ချင့်နှိုင်းနှိုင်း ပြောပါတယ်။ လူသားအစ..ဂျမခါနကတဲ့။တချို့ကအမေ့ဆီကတဲ့။မှန်သလို လိုဘဲဗျ။ဟုတ်ဘူးလား။ဒါပေမယ့်အဖေမပါတော့မပြည့်စုံသေးဘူးထင်တာဘဲ။ ဒါကြောင့်..လူသားအစဟိုကိစ္စကဆိုရင်ပိုနီးစပ်မယ်ထင်ပါတယ်။ ဒါတောင် ဒီဘက်ခေတ်မှာ ကလေးမွေးဖို့ ဖခင်တောင်မလိုတော့ဘူးဆိုဘဲ။ မျိုးရည်ဘဏ်သွားဝယ်ပြီးထည့်လိုက်ရင်အိုကေသွားရောတဲ့။ ပြီးကျန်သေးတယ်။ ကိုယ်တိုင်ကိုယ်ဝန်ဆောင်မမွေးချင်ရင်တောင်ဗိုက်ငှားမွေးနိုင်သတဲ့ဗျာ။ အံ့ရောဗျို့။ဒါပေမယ့်..ကိုကိုဖရီးမျက်လုံးပြူးသွားတာကအမျိုးသားတောင် ကိုယ်ဝန်ဆောင်ကလေးမွေးနိုင်လာပြီတဲ့။ အမလေးဗျာ…သဘာဝတရားကြီးက ရေသာခိုအိမ်ထောင်ရှင်ထီးတွေ၊ လုံးရာကပြားချင်နေသူတွေကို မျှတအောင် စီစဉ်လိုက်တယ်ထင်ပါ့။ ဒါဆိုဖခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့၊ မြန်မာနိုင်ငံအမျိုးသားရေးရာအဖွဲ့ချုပ်တို့လဲဖွဲ့သင့်တာပေါ့ခင်ဗျာ။ ပြီး... လင်ကောင်မပေါ်ဘဲမွေးတဲ့ကောင်ထီးတို့၊ဆူးပေါ်ဆူးကျတော့ဆူးတွေအကုန် ကျိုးတာတွေဖြစ်ကုန်တော့မယ်ထင်တယ်ခင်ဗျ။ မိတ်ဆွေတို့ရော………………..။

4 comments:

Unknown said...

ဟားဟား.... နောက်ဆိုရင် အိမ်ထောင်ဦးစီးမတို့ အိမ်ရှင်ထီးတို့ ဖြစ်လာကြတော့မယ်နဲ့ တူတယ်ဗျို့။

Han Thit Nyeim said...

ဖြား... ဖြား... ဘုရား... အထီးကျန်နေ့ရက်များအပြင် အမကျန်နေ့ရက်များဆိုပြီး သီချင်းတွေစပ်ကြဦးမလား မသိဘူး။

မသက်ဇင် said...

အဲဒါတကယ်လားမယုံနိုင်စရာနော်

ခင်မင်လျက်
မသက်ဇင်

၀ဿန်ဦး said...

ဟားဟား....... ဒီလိုဆို ကျနော့်ကဗျာတွေလည်း ပြောင်းရေးရတော့မယ် ထင်ပါ့... :P