ထွန်းဂေါက်မြွေမှ ဖြူနုနေသော ကိုကိုဖရီးအား မလိုတမာဖြစ်စွာ ပြောလိုက်လေသည်။
ထိုအခါတွင် ငြိမ်နေသော...(ယခင်အဆက်) ပုလွေသင်ကာ.. အဲ..ပလေသင်ကာမှ..
“နေဦးဗျ..ဂန်ပါပီကြီးက ဘယ်တော့ပြန်လာမှာလဲ...သူကအကြွေးလာမဆပ်ရင်..ဂလိုဘဲကြီးတော့..အရင်းပြုတ်ပြီး
ကျူပ်တို့လဲ သောက်စရာဆိုင်ရှိတော့မှာ မဟုတ်ဘူးနော်” “ဟာ..ဒါဆို ကောင်းတာပေါ့ နင်တို့လဲ အရက်ပြတ်ပြီလေ”
ဟု အွန်လိုင်းမယ်တော်ကြီးတစ်ဦးမှ ၀င်ပြောလိုက်ရာ..“ ဟဲဟဲ ဆိုင်ရှင်က အရင်းမပြုတ်နိုင်ပါဘူး..သူကအရင်းကြီးတယ်လေ..ဟီး”
“ဘာ..ဘာပြောတာလဲ နင်မညစ်ပတ်နဲ့နော်” ဟု ထွန်းဂေါက်မြွေ၏ စကားကို ဘလော့ဂါမမ မပျိုတပျို
မအိုတအိုတို့မှ တစာစာ ၀ိုင်းဝန်းကန့်ကွက်ကြလေ သည်။ “အေးလေ..မင်းဟာကလဲ ..အရင်းမလွတ်အဖျားမလွတ်နဲ့ ဟီး ..” ဟု ကိုကိုဖရီးမှစကားစရုံရှိသေး..
““ဟွန်း.တော်ပြီ..ခုမှပိုဆိုးကုန်ပြီ..ကြားရတာတောင် နားကြောစိမ့်လာပြီ ..အဟင့်” ဟု
မတက်ဆင်ကြီးမှ ရှက်သွေးဖြာနေသော မျက်နှာကြီးဖြင့် ၀င်ဟန့်လိုက်လေသည်။ ဆိုင်ရှင် ဂလိုဘဲကြီးလဲ
မနေသာတော့ပဲ.. ”ရပါတယ်..ကျုပ်က အရင်းခိုင်ပါတယ်ဗျ။ မပြုတ်နိုင်ပါဘူး ဟီး၊ အိမ်က စက်ရုံရောင်းပြီး အရက်ဆိုင် ဖွင့်တာပဲ။ ကိုယ်လဲသောက်ရ..ခုနှစ်ရက်သားသမီးလဲ
သောက်ရအောင်လေ..ဟဲဟဲဟဲ” “သြော် သူ့ပဲ ..အရက်ဆိုင်ဖွင့်တာ ကျေးဇူးတင်ရမလိုဖြစ်နေပြီ
..ဟွန်း” မခင်ဦးမြွေမှ ခနဲ့လိုက်ရာ “ခင်ဗျားတို့
တင်ချင်နေမတင်ချင်နေ.. ကျုပ်တော့ တင်တယ်ဗျ..ရေ အကြွေး..အဲ..အရက်အကြွေးသောက်ရ နည်းလား..
အေ့..အော.. ” ဟု ရေမူးမူး..အဲ..အရက်မူးမူးနေသော ဟန်သစ်မိန်မှ ၀င်ပြောလိုက်သည်။ ဤသို့
ဆိုင်တွင်း၌ တစ်ယောက်တစ်ပေါက် ပြောဆိုနေကြစဉ်ပင်“.. .ဟောဟဲ..ဟောဟဲ..” .နောက်မှ ခွေးလိုက် ဆွဲသည့် သဖွယ်
အူယားဖားယား ပြေးဝင်လာသောဂန်ပါပီကို အားလုံးတွေ့လိုက်ကြရသည်။ “..ဟာ..ဂန်ပါပီကြီး ဘာဖြစ်လာတာလဲ..အိုစမာကြီးဆီကရော
ပါစင်းတိတ်ခ်ျ မရလာဘူးလား.. ဆိုမာလီတွေနဲ့ အဆင်ပြေတယ်မဟုတ်လား”.. “အမလေးနေပါဦးဗျာ..အဟင့်..ဟောဟဲဟောဟဲ..ဟောဟောဟဲဟဲ...။”
ဂန်ပါပီကြီးခင်မျာ..အမေးများအား ပြန်မဖြေနိုင်သော်လည်း..ညကများသွား၍ မနက်ပြန်ဖြေနေရသည့်အလား
ပလေသင်ကာရှေ့မှ အရက်တစ်ခွက် အား အလောတကြီးအရင်ကောက်မော့လိုက်လေသည်။ ပြီးမှ.. မရမ်းသီးစားပြီး
မန်ကျည်းရည်သောက်လိုက်သော်လည်း..၀မ်းမသွားနိုင်သေးသည့် မချိပြုံးပြုံး မျက်နှာဖြင့်..“
ဒါတွေရဖို့ နေနေသာသာဗျာ..အသက်တောင်မနည်းလုပြေးလာရတယ်ဗျို့..အဘားအဘား..၀ူး” “ဘာဖြစ်လို့လဲဗျ”..
“ဘာဖြစ်ရမလဲ..အိုပါးကြီး..အဲ..အိုဘာမားကြီးက အိုစမာကြီးအိမ်ကို ၀င်အရှင်း ကျုပ်လဲအပြေးမြန်လို့ဗျို့။
အဲဒီ မုဒိန်း ဆိုလား မရိန်း ဆိုလား ..ဒီကောင်တွေဝင်စီးချိန်တုန်းက ကျုပ်နဲ့ အိုစမာကြီးက
ဟိုကားတွေကြည့်ပြီး အိုစမာကြီး သူ့မိန်းမရှိတဲ့အိပ်ခန်းထဲ အမြန်ဝင်သွားတုန်းမှာပေါ့။”
“ဟင်..ဘာ..ဘာကားလဲဗျ..”ကိုကိုဖရီးမှ စိတ်ဝင်တစား မေးလိုက်သည်။ “ ဟာ..ဒါဆို မဟုတ်မှလွဲရော..အဲဒီကားပဲ”
ထွန်းဂေါက်မြွေကပါ ၀င်ဖွလိုက်သည်။ “ဟာ..ဘာတွေလဲဗျ... တစ်မျိုးမထင်ကြပါနဲ့..စစ်ေ၇းလေ့ကျင့်မှု
ကားတွေပါဗျာ..ခင်ဗျားတို့ကလဲ”..“သြော် သိဘူးလေဗျာ..။ ဒါဆိုခင်ဗျား..သူနဲ့ ခင်ဗျားအလုပ်ကိစ္စတော့မပြတ်ဘဲ..
သူ့ကိစ္စပဲ ပြတ်သွားတာပေါ့။” ဟုတ်တယ်ဗျ။ ကျွန်တော်လဲ..ခပ်တည်တည်နဲ့ ဒီမှာ အိုစမာကြီးကို
ကျွန်တော်လာပြီး ဖျောင်းဖျနေတာပါ ဘာညာဆိုပြီး ရောကြိတ်လိုက်ရတယ်။ တော်သေးတာပေါ့ဗျာ..ကျွန်တော့်ကို
ဒီကောင်တွေမှတ်မိပြီး မပစ်လို့..ဟီး။ “မှတ်မိမှာပေါ့ ခင်ဗျားရုပ်ကို ။ လေဆာသွားတိုက်ဆေးကြော်ငြာမှာတွေ့ဖူးနေတာကိုး။
” “ ပိုက်ဆံကိစ္စတော့ မပြောနဲ့တော့.. ပါကစ္စတန်ကနေ..ဒီကို လမ်းစရိတ်မရှိလို့ ကုန်းကြောင်းပြန်ပြေး
လာတာသာကြည့်ပါတော့ဗျာ..အဟင့်..ဟင့်” ပြောရင်းဆိုရင်း
ဂန်ပါပီကြီးခင်မျာ မထွက်သော မျက်ရည်ကို အတင်းဖျစ်ညစ် ငိုနေလေသည်။ “ ဟင်...ဒါဆို ကျွန်တော့်ရဲ့ အကြွေးတွေ.. အကြွေးတွေ ဆုံး.ဆုံး... ဂစ်.ဂစ်..ဂစ်.. ဆိုင်ရှင်ဂလိုဘဲကြီးခင်ဗျာ
ပြောရင်းဆိုရင်း သွားရည်များထွက်ကာ တက်သွားလေတော့သည်။ “ဟင်..သူပြောတော့ အရင်းခိုင်တယ်ဆို..ခု
ကြွေးမရလို့ တက်နေပြီ။” “ဟုတ်.သူက အရင်းသာခိုင်တာပါ.
အဖျားကကြီး..အဲ..အဲ.. သူ့အကြွေးတွေ ဒီလူတွေဆီကဘယ်တော့မှမရနိုင်တော့ဘူးဆိုတာသိလို့ တက်သွားတာပါရှင့်”..ဟု.. ဒိုင်နာရီကလေးမလေးမှ
အကြောင်းသိသူပီပီ ၀င်ပြောလိုက်လေသည်။ “ဂလိုလား... ဒါဆိုအခြေအနေမကောင်းဘူး..တော်ကြာ ဂလိုဘဲကြီး
ဒီလိုပုံနဲ့သေသွားရင် အသေမဖြောင့်ဘဲ..လိုက်ခြောက်နေဦးမယ်နော်..”ဂန်ပါပီကြီးမှ ထိုသို့
ကြောက်ကြောက်နှင့် ပြောလိုက်ရာ.. ကိုကိုဖရီးမှ..“သြော်..ဒါလား လွယ်ပါတယ်..အသေဖြောင့်အောင်..ကဲ..မိတ်ဆွေတို့ရေ..
ဂလိုဘဲကြီးကို ၀ါးလုံးနဲ့ ကျပ်စည်းလိုက်ကြစို့ဟေ့။ ဘယ်နေရာစည်းရမှာလဲကွ..မင်းကလဲ။ ဒီကောင့်မှာက
ကောက်နေတာတွေ များတယ်။ ငါပြောတာ လက်ကိုပြောတာနော်။ ဟီး ။ သြော် ..အေး..ခေါင်းကနေ ခြေအထိ
ဘေးကညှပ်စည်းလိုက်မယ်လေ..ဟိုမှာ ၀ါးလုံးတွေ။ ထိုကြောင့် အားလုံး အနားအုံလာပြီး ဂလိုဘဲကြီးအား
ဝိုင်းမြှောက်ကြရာတွင်.. ခေါင်းပိုင်းမှ အရင်ဆွဲမလိုက်သော ဟန်သစ်မိန်ကြီးကြောင့် မခိုင့်တခိုင်ဝတ်ထားသော
ဂလိုဘဲကြီး၏ ပုဆိုးမှာ ချက်မှဒူးခေါင်းထိအောက်သို့ ပုံလျက်သားလျှောကျသွားလေတော့သည်။
ထိုအခါ...“ အမလေး”... “ဟောတော့”... “အာလားလား”...“ဟိုက်ရှားဘား..” ဟူသော ထိတ်လန့်သံဟု
ဆိုရခက်ခက်၊ အံသြသံဟု ဆိုရန်မဟုတ်သေး၊ အထင်ကြီးအားကျသံဟု ပြောရမှာလဲ ခက်သော အသံများ
ဂလိုဘဲကြီး၏ အရက်ဆိုင်အတွင်း၌ဝေစည်သွားလေတော့သည်။ ထိုသို့ ဖြစ်ရခြင်း၏ တကယ့်အဖြစ်မှန်မှာကား.................
( ဤနေရာတွင် ကျွ်နုပ်၏ ဂလိုဘယ်အမြည်းနှင့် ယမကာဖရီး
အခန်းဆက် ၀တ္ထုတော်ကြီး ပြီးဆုံးပါလတံ္တ့။ စောင့်မျှော် ဖတ်ရှုပေးကြသော မိတ်ဆွေးအပေါင်းအား
ကျေးဇူးတင်လျက်) မူလလက်ဟောင်း ကိုကိုဖရီး
မှတ်ချက် ။ ။ ပုဂ္ဂိုလ်ရေးအရတချို့ အချက်အလက်များကာကွယ်ထိန်းသိမ်းရပါသဖြင့်
အဖြစ်မှန်သိလိုသူများ ကိုကိုဖရီး kokofreefree@gmail.com သို့
လူသိရှင်ကြား ဆက်သွယ်မေးမြန်းပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည် ခင်ဗျာ ။