ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Nov 19, 2009

ဒီလောကီသားမို့...

သြော်..အဖြစ်ရယ်..မှဆိုးရတော့မယ်။ ကိုယ့်ဘလော့ကိုယ်တောင် မရောက်တာကြာလို့ မနည်း လမ်းရှာပြီးလာရတယ်ခင်ဗျ။ေ၇းလက်စတောင် မရေးနိုင်တော့ အားနာတယ်လို့ မပြောရဲပါဘူး (ဒီလို..ပြောပေါင်းလဲများပြီ..)။ လာကြည့်တဲ့သူတွေလဲ စိတ်ပျက်လို့ မလာတော့တာ သိပါတယ်ခင်ဗျ။ ၀င်ရတာလဲအရမ်း မဟားဒယားခက်နေတော့...ရပ်လိုက်တော့မယ်စိတ်ကူးပြီး နှုတ်ဆက်ပို့စ်လေး တင်လိုက်ပါသေးတယ်။ ဒါပေမယ့်..“ဒီလောကီသားမို့..ရှောင်လွှဲရန်ခက်လို့..“ ဆိုတဲ့ သီချင်းထဲကလို..ကော်နက်ရှင်ဂိတ်စောင့်ကြီးက လွတ်လွတ်ကျွတ်ကျွတ် ဖြတ်ခွင့်ပြုမဲ့ နေ့ကိုစောင့်စားရင်း...ထာဝရအဆုံးတိုင်..နှုတ်မဆက်ပါကွယ်.. ထာဝရအဆုံးတိုင်..ကိုယ်တန်ဖိုးထားပါ့မယ်....လို့။