ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Aug 26, 2008

အချိန်ရှိခိုက်လုံ့လစိုက် ( time waits for no sportmen)

ယခုဆိုရင် တရုတ်နိုင်ငံမှာ အိုလံပစ်ပွဲတော်ကြီး ခမ်းခမ်းနားနား ကျင်းပပြီးဆုံးသွားပါပြီ။ ကိုဖရီးကတော့ အားကစားသမားကောင်းပီသစွာ မြန်မာနိုင်ငံမှာ ကျင်းပမဲ့ အိုလံပစ် beer drinking ပြိုင်ပွဲအတွက် ထရိန်နင်ကို မလျှော့ဘူးခင်ဗျ။ ခုဆိုရင် ကိုကိုဖရီးချိန်ထားတဲ့ ရွှေတံဆိပ်ကို လုမဲ့သူတွေလည်း များလာတယ်လေ။ ATLinn တို့၊ မိုးမောင်(happycloud) ၊ကိုမော်စီတို့ က ပြိုင်ပွဲဝင်ဖို့ ကြိုတင်ပြင်ဆင်နေကြ ပြီတဲ့ခင်ဗျ။ ဒါတောင် ကိုသင့်တို့၊ ကိုဟန်သစ်ငြိမ်တို့က လယ်ဗယ်နိမ့်တယ်ဆိုပြီး ၀င်မပြိုင်သေးဘူးလေ။ ကိုစတန်လေ ကလည်း ၀င်ပြိုင်ချင်ပေမယ့် သူ့ခမျာ နီးရာဓားကြောက်နေရတော့ လေသံတောင် မဟရဲတော့ဘူးခင်ည။ ကိုယုသာ ဆိုတဲ့လူကြီးကတော့ ၀င်ပြိုင်ချင်ပေမယ့် စိတ်သွား တိုင်းကိုယ်မပါဖြစ်နေလို့ ဟိုဆေးတွေ မှီဝဲနေရတယ်လေ။ (သိချင်ရင် သူ့သာ မေးကြည့် ကြဗျာ..အဟင့်)။ ဒါပေမယ့်...ဒီမိတ်ဆွေတွေ ပြိုင်ပွဲဝင်နိုင်မယ်မထင်ပါဘူးဗျာ။ အဲဒီ အချိန်ကျရင် ဘယ်လိုက်ရှာရမှန်း တောင်မသိတော့ပါဘူး။ ခုကတည်းကအသက်ရှည် အောင်ရေခဲတောင်ကြာပွင့်စားထားမှ တော်ကာကျမှာလေ။ ကိုကိုဖရီးကတော့တရုတ်ကား ထဲက မင်းသားဆီမှာ ဘီအီးတစ်လုံးနဲ့ လဲထားပြီးပြီလေ။ ငှဲ.. ငှဲ...ငှဲ....။ အင်း..တကယ်တော့ ပြိုင်ပွဲ လေ့ကျင့်စရိတ်က ထောင်းတယ်ဗျာ။ ဘယ် ဘီယာcompany ကမှ စပွန်ဆာမပေး တော့အိတ်စိုက် လေ့ကျင့်ရတာ မတတ်သာဘူးလေ။ ဟော..ပြောရင်းဆိုရင်း မိုးရွာလာပြီ။ ဒါ အားကစားသမားတွေ အကြိုက်ပဲ။ အချိန်ရှိတုန်း ဆိုင်ပြေးပြီး ကစ်..အဲ...အဲ..လေ့ကျင့်လိုက် ဦးမှ.။ ....တာ့...တာ။ အားလုံးဆီက စပွန်ဆာမျှော်လင့်လျက်..ကိုကိုဖရီး...ဟီး။