ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Dec 11, 2009

ရွှေကြိမ်လုံးဆုရှင်

မိတ်ဆွေတို့ရေ…..ကိုကိုဖရီးတို့ကြားခဲ့ရတဲ့ ပေါ်ပြူလာသတင်းတွေထဲမှာ နိုင်ငံခေါင်းဆောင်တွေဖိနပ်နဲ့ ပေါက်ခံရတဲ့ သတင်းတွေလည်း ပါတယ်ခင်ဗျ။ အမေရိကန် သမ္မတ ဘုရှ် အပါအ၀င်တရုတ်ဝန်ကြီးချုပ် နဲ့ ကိုကိုဖရီးတို့ဝန်ကြီးချုပ်လည်း ဖိနပ်နဲ့ပေါက်ခံရတယ် ကြားရပြန်တော့ မက်ဆီ တို့နဲ့အပြိုင် ရွှေဖိနပ်ဆုရှင်တွေလားလို့ တွေးမိတယ်ခင်ဗျ။ ဘုရှ်ကိုပေါက်တဲ့ အီရတ်သတင်းစာဆရာ တစ်ယောက်ဆိုရင် နေ့ချင်းညချင်း နာမည်ကြီးသွားလိုက်တာ သမီးရှင်တွေတောင် ၀ိုင်းနေကြတယ်ဆိုပဲ။ ဖိနပ်နဲ့ပေါက်လို့ ထောင်ကျခံရပြီး ပြန်ထွက်လာတော့ သူလည်း ရွှေဖိနပ်ဆုရှင် ပြန်ဖြစ်သွားတယ်တဲ့ခင်ဗျ။ သို့ကလို..ဖိနပ်ပျံ အကြောင်းများတွေးမိတဲ့သကာလ ကိုကိုဖရီး အလယ်တန်းကျောင်းသားဘ၀လောက်က အဖြစ်အပျက်လေး သတိရမိလာပါတယ်။တစ်နေ့ နေ့လည်ဘက်ကြီး သူငယ်ချင်းတစ်ယောက်က ကိုကိုဖရီးရဲ့ ကျောကို ဖြန်းခနဲရိုက်ပြီး ထွက်ပြေးသွားတယ်ခင်ဗျ။ ရုတ်တရက် ဒေါသထွက်သွားတဲ့ ကိုကိုဖရီးလည်း သူငယ်ချင်းကျောပြင်ကို ဖိနပ်ချွတ်ပြီး ကောက်ပေါက်လိုက်ပါတယ်။ ဒါပေမယ့်..အဟင့်..ကံဆိုးချင်တော့ ကိုကိုဖရီးရဲ့ ဖိနပ်ပျံခင်မျာ..ပစ်မှတ်လွဲပြီး အခန်းထဲက ထွက်လာတဲ့ သမိုင်းဆရာမကို တည့်တည့် သွားမှန်ပါတော့တယ်။ နဂိုကတည်းက လက်လက်ထလို့ ကြည့်မရတဲ့ ကိုကိုဖရီးကို ဆရာမက ရည်ရွယ်ချက်ရှိရှိ လုပ်တယ်ထင်ပြီး ပွဲကြမ်းပါတော့တယ်ခင်ဗျ။ ထို့ကြောင့် ကိုကိုဖရီးခင်မျာ..အီရတ်သတင်းစာဆရာလို သမီးရှင်တွေ ၀ိုင်းခံရမဲ့အစား ဆော်ချင်နှက်ချင်တဲ့ ဆရာမတွေဝိုင်းခံရပြီးေ၇ွှကြိမ်လုံးဆုကို ပြိုင်ဘက်မရှိ ရသွားပါတော့တယ်ခင်ဗျာ။ သြော်..မေ့မရတဲ့ တစ်သက်စာအလွဲများပါလားနော် ။ အဟင့်..ဟင့်။