ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Showing posts with label Social. Show all posts
Showing posts with label Social. Show all posts

Sep 19, 2010

ဂလိုဘယ်အမြည်းနှင့် ယမကာဖရီး (၇)

ဂန်ပါပီကြီးနှင့် အိုစမာအာလာဒင်၏တပည့်များ ထွက်သွားပြီးနောက်
ချက်ချင်းဆိုသလို အွန်လိုင်းမယ်တော်ကြီးများဟု နာမည်ကြီးနေသော
ဘလော့ဂါမမများ ဆိုင်အတွင်းသို့ အူလျားဖားလျား ၀င်လာသည်ကို
တွေ့လိုက်ရလေသည်။ ယင်းအုပ်စုတွင် မတက်ဆင်(သက်ဆင်၏ညီမမဟုတ်ပါ)၊
ဂရင်း၊ ဘုဝေ၊ နန္ဒာမှိုင် ၊ နှင်းပွဖြူလေး၊ ဆောင်းနှင်းဘူ၊
စားတော်ကဲ ချန်ဂိန်ခေါ် အန်တီဂလုဂလု၊ ခင်ဦးမြွေ၊ အီးဝေဖြိုး၊ ရောင်ဆင်၊
လင်လက်ဖြူ စသည့် ဘလော့ဂါ ပျိုဖြူလေး၊ ပျိုဖြူကြီး၊ ပျိုဖြူစကောစကကြီး
များ ပါဝင်လေသတည်း။ မတက်ဆင်မှ “..ကဲ..ကဲ..ဒီမှာဘာလုပ်နေကြတာလဲ.
..ခုဘလော့ဂါတွေ.. ဆော်ကြနှက်ကြကုန်ပြီတဲ့” “ဘာ....
ဘယ်သူတွေဘာဖြစ်ကြတာလဲဗျ..” ထွန်းဂေါက်မြွေ၏အမေးသံနှင့်အတူ...
ပလေသင်ကာမှ “..ဟာ..ဒါများဗျာ..အရင်ကတည်းက အုပ်စုတွေအမျိုးမျိုး
ကွဲနေကြတာ...ဖြစ်ကြတာလည်း ဘာဆန်းတာမှတ်လို့..”ဟု အေးအေးလေး
ပြောလိုက်၏။ “အေးလေ...ဘလော့ဂါယူနီယံဘာညာ
တောင်မရှိသေးတဲ့ဟာ... ကိုယ်ထင်ရာကိုယ်ရေး..ကိုယ်ဆော်ချင်တဲ့သူကို
ဆော်နေမှတော့ ဖြစ်မှာပေါ့” “ဟာ..ဒီလိုကိုယ်ထင်ရာ ကိုယ်ရေးတယ်လို့တော့
လွယ်လွယ်မပြောနဲ့လေ” ဟု ဟန်သစ်မိန်ကြီးမှ ထွန်းဂေါက်မြွေ၏ စကားကို
လက်မခံနိုင်သည့်ပုံစံဖြင့် ပြောလိုက်ရာ..“တော်ပါတော့ရှင်.. တော်ကြပါတော့..
ရှင်တို့ကလည်း ဒီလိုပဲ တစ်ဆိတ်ရှိ ကိုက်ချင်...အဲ..အချင်ချင်းတိုက်ဖို့ပဲ
ချောင်းနေတာပဲ။တကတည်း..ဟွန်း..” ဟု မဘုဝေ မှ မြင်ပြင်းကတ်စွာ
ပြောလိုက်လေသည်။ အခြေအနေကြည့်၍ ဂလိုဘယ်ကြီးခမျာလည်း ပုလင်းများ၊
ဖန်ခွက်များကို မသိမသာရော သိသိသာသာကြီးပါ လိုက်သိမ်းနေ၏။ ထိုအခိုက်
..ကိုကိုဖရီးမှ..“ဟားဟားဟား..ဟုတ်ပြီ...ဒါ ဘလော့ဂါတွေအခက်
ကျွန်တော်ရဲ့အကွက်ပဲဗျ. “ဘာ..ဘာကွက်လဲ၊ ပွေးကွက်လား” “ဟာ..
.ဘယ်ကလာ..ခင်ဗျားဖင်က အကွက်ဖြစ်ရမှာလဲ၊ ဒါဂွင်ဗျဂွင်..” ဟု
ထွန်းဂေါက်မြွေ၏ အမေးကို ကိုကိုဖရီးမှ ဖြေလိုက်သည်။ ကျုပ်စဉ်းစားမိတာက
ဘလော့ဂါပေါင်းစုံလက်ဝှေ့ ပြိုင်ပွဲကြီး ကျင်းပမလို့လေ။ ၀ိတ်တန်းကတော့
အလွတ်တန်းလေးပေါ့ဗျာ။ ဟဲဟဲ။“အင်း..ဒီဖရီးကလဲ အလကားနေရင်း ဖရီးရိတ်ရမဲ့
ဂွင်ပဲ ဆင်နေတာပဲ။ ” “ဆင်ရမယ်ဗျ။ ဆင်ရမယ်။ ခုဆိုရင် ဟီလာရီဆွဖ်နဲ့ မီဂန်ဖောက်စ်
တို့က သူတို့ကို အတည်တကျယူပါ တကဲကဲဖြစ်နေလို့ မနည်းတားထားရတယ်။ ဟွန်း။
ငွေက ရှာရလွယ်တာမဟုတ်ဘူး။” “ အု..ပြောမိတာမှားပါတယ် ဖရီးရယ် ။”
ကိုကိုဖရီးနှင့် ခင်ဦးမြွေ တို့၏ စကားကြောအား
အန်တီဂလုဂလုမှ..ကဲ..ကဲ..အဲ့ဒါတွေ နောက်မှပြော..ဗိုက်ဆာနေပြီ။ ရောက်တုန်း
ရှိတာလေးတွေအကုန်ချ၊ စားလိုက်ဦးမယ်။ ထိုအခါ ဒိုင်နာရီဆိုသည့်
ကပြားမလေးမျက်နှာမှာဝမ်းချုပ်တာကြာ၍ အလွန်ပြင်းထန်သည့် ဓာတုဓာတ်ငွေ့အား
ရှူရှိုက်မိသည့်အလား ရှုံ့ တွသွားလေသည်။ မီးတို့ဆီမှာ ဘာမှအရှိတော့ဘူး။
စားချင်ရင် ကိုယ့်ဘာသာ သွားဝယ်ပြီး ချက်စားတော့ ဟု လောကွတ်ပျူငှာစွာ
ပြောလိုက်လေသည်။ ဂလိုဘဲကြီးမှ..ဟဲ့ဟဲ့.. အဲဒီလိုမပြောနဲ့လေ။ သွား..မနေ့က
နောက်ဖေးမှာ ရိုက်သတ်ထားတဲ့ ကြွက်စုတ်ကြီးတစ်ကောင်ရှိသေးတယ် မဟုတ်လား။
ရှယ်ကင်ပေးလိုက်ပါလား ။ ထိုအခါ...ဝေါ့...ဂလိုဘဲကြီး၏ ကြွက်ကင်အသံ
ကြားလိုက်သည်နှင့် ဟန်သစ်မိန်ကြီးခမျာ.သောက်ထားသောရေများ..အဲ...
အရက်များ ပြန်အန်ထွက်လာလေသည်။ “ခင်ဗျား..ဗျာ..အမြည်းကို
ဒါမျိုးတွေ ပြင်ထားရလားဗျ။ တော်ပြီ နောက် လာမသောက်တော့ဘူး။”
“အေးလေ၊ ရတယ်။ မသောက်ချင်နေပေါ့။ ခင်ဗျားလို အရက်ထက်
ရေများများသောက်၊ အကြွေးကလဲ ယူသေးတဲ့သူမျိုး မရောင်းရရင် ပိုတောင်
ကောင်းသေးတယ်။ ခင်ဗျားကို ရေဖိုးပဲယူမယ်၊ အရက်ဖိုးတော့မယူဘူး သိလား
၊ ဟွန်း။ ”ဂလိုဘဲကြီး၏ ဘုကျကျစကားကြောင့် ဟန်သစ်မိန်ကြီးခင်ဗျာ..
အမြီးကုပ် အဲ..ဟိုကုပ်ဒီကုပ် ကုပ်ရင်း ငြိမ်သွားလေသည်။ ထိုစဉ်..ကဲ..
ဘယ်လိုလဲ..ကျွန်တော့်အကြံကို..ဟု ကိုကိုဖရီးမှမေးလိုက်စဉ်
ဆောင်းနှင်းဘူ ဆိုသည့်ကောင်မလေးမှ...

(ဆက်လက်စောင့်စားဖတ်ရှုပါရန်ဟု တောင်းပန်ရင်း)

မူလလက်ဟောင်း အော်ရီဂျင်နယ်ဖရီး

Feb 22, 2010

ဖရီးရဲ့စာမေးပွဲအထူးထုတ် ဖော် ဆယ်တန်း စတုဒန့်စ်

ခု..ဆယ်တန်းတွေ စာမေးပွဲနီးလာတော့ ကျောင်းသားတွေရော..မိဘတွေရော ရင်ခုန်နေကြပြီပေါ့ဗျာ။ (မှတ်ချက်။။ ဂိုက်ဆရာတွေ၊ ကျူရှင်ဆရာတွေပါ..ပါသည်။ ဒီနှစ်..ကျောင်းသားတွေအခြေအနေကောင်းမှ နောက်နှစ် သူတို့လည်း အခြေအနေကောင်းမှာကိုး)စပေါ့တွေ၊ ဒါပဲကြည့်ကွက်တိ တွေ၊ လမ်းကြောင်းက တဆင့် ရထားတာတွေ၊ မပိုင်ရင်ခြင်တောင်မရိုက်ဘူးဆိုတဲ့ဆရာတွေကလည်း အုံးအုံးကျွက်ကျွက်ပါပဲ။ ဒီကြားထဲ မအောင်ရင် ငွေပြန်အမ်းလိုက်မယ် ဆိုတဲ့သူတွေတောင်ပါသေးသဗျ။ စားမေးပွဲဖြေနည်း လမ်းညွှန်တွေလဲ ပလူပျံအောင် တွေ့နေရတော့ ကိုကိုဖရီလည်း တတ်သည့်ပညာ မနေသာဆိုသလို နည်းနည်းလေး ၀င်ပလေးချင်ပါတယ်။ ကိုကိုဖရီး က ဆယ်တန်းကျောင်းသားများအတွက် အထူးစပယ်ရှယ်ဂိတ်ဆုံး စာမေးပွဲလမ်းညွှန် ထုတ်မလို့လေ။ ကိုကိုဖရီးရဲ့ စာအုပ်မှာဆိုရင် ခိုးချနည်းပေါင်းစုံ နှစ်ရာကျော်၊ ဘာမှရေးဘဲ အမှတ်ရနည်း တစ်ရာကျော်၊ စာမေးပွဲစောင့်တဲ့ ဆရာဆရာမတွေကို ပေါင်းနည်း သုံးဆယ်၊ အနားလာမကပ်အောင်လုပ်နည်း နှစ်ဆယ့်လေးနည်းနဲ့ အမှတ်ရအောင် ဖြီးဖြန်းရေးနည်း တွေအပြင်၊ ဆေးရုံကဖြေနိုင်ခွင့်ရဖို့ရောဂါရအောင်လုပ်နည်းပေါင်းစုံ အပါအ၀င် စာကို အရကျက်နည်းရော-မရတရကျက်နည်းတွေရော ပါတယ်ခင်ဗျ။ ဒါတွေတင်မကသေးဘူး။ အထူးလမ်းညွှန်းချက်ဆိုပြီးတော့ မျဉ်းကို ခဲတံဖြင့်တားနည်း၊ ခေါင်းစဉ်ကို ဘောပင်ဖြင့်တပ်နည်း၊ ခုံနံပါတ်နဲ့နာမည်တွေ၊ အဖြေနံပါတ်ထိုးနည်းတွေ၊ လူရှိန်အောင်စာရွက်ကို ပေါပေါလောလောဖြုန်းရေးနည်း၊ ခဲဖျက်နဲ့ကော်ရက်ရှင်မင်ဖျက်နည်း တွေလည်း ပါသေးတယ်နော်။ ဒါပေမယ့် ကိုကိုဖရီး ရဲ့အကြံကို လက်ခံပြီး အရင်းအနှီးထုတ်ပေးမဲ့ ပါဘလစ်ရှာ တစ်ယောက်တော့ လိုနေတယ်ခင်ဗျ။ ဒါကြောင့် စိတ်ပါဝင်စားသူများ၊ စာအုပ်လိုချင်သူများ (kokofreefree@gmail.com) သို့အမြန်ဆက်သွယ်စာရင်း ပေးကြပါရန်..။ ။ (မှတ်ချက် ။ ။ ကျောင်းသားများအတွက် တကယ်စေတနာထားသူသာဖြစ်ရမည်)

Jan 6, 2010

ဂလိုဘယ်အမြည်းနှင့် ယမကာဖရီး (၆)

(ယခင်အဆက်).အရက် နေပြန်တိုး သောက်ထားတဲ့ အကြွေးမဆပ်လို့ဆိုပြီး ဓါးကြိမ်း ကြိမ်းနေတယ် ” “ ဟဲဟဲ အကိုကလဲဗျာ...ပြောပြောဆိုဆို ကိုကိုဖရီးတစ်ယောက် ဆိုင်ဘက်သို့ထွက်သွားစဉ်…. ဆိုင်အတွင်း၌ကား ကြောက်နေကြသော ဟန်သစ်မိန်တို့ အုပ်စုအားကြည့်ပြီး လက်နက်ကိုင် အဖွဲ့ထဲမှ တစ်ဦးက “ ခင်ဗျားတို့ သိပ်မကြောက်ကြနဲ့လေ။ ကျုပ်တို့က ဂန်ပါပီ ကြီးကို လာခေါ်တာပါဗျ” ။ ဟင်..အမလေး အဘား..အဘား..ကယ်တော်မူပါ။ ထိုအခါ ..ဂန်ပါပီကြီးခင်မျာ.. ပိန္နဲသီးလောက်ရှိသော မျက်နှာကြီးမှ မင်းဂွတ်သီးခန့်သာ ရှိသော မျက်နှာလေးဖြစ်သွားလေသည်။ “ဒီမှာ ဂန်ပါပီ ..ဒါခင်ဗျားအတွက် အခွင့်အရေးဗျာ။ ကျုပ်တို့နဲ့သာ လိုက်ခဲ့စမ်းပါ” ။ “မင်းတို့ ငါ့ကို ဘာလုပ်မလို့လဲဟင်” “ဘာမှမလုပ်ဘူး ၊ ကျုပ်တို့ခေါင်းဆောင်ကြီး အိုစမာအာလာဒင်က ခင်ဗျားကို ဆိုမာလီယာ ပင်လယ်ဓားပြတွေဆီက ရစရာရှိတဲ့ အကြွေးတွေ သွားတောင်းခိုင်းမလို့တဲ၊ ပါစင်းတိတ် နဲ့ရမှာနော်..ငှဲ.ငှဲ”။ ပါစင်းတိတ် ဆိုသောအသံကြားသည့်အခါ ဂန်ပါပီကြီးလည်း မင်းဂွတ်သီးခန့်သာ ရှိသော မျက်နှာမှ တစ်ဖန် ဒူးရင်းသီးခန့်ရှိသော မျက်နှာကြီး ပြန်ဖြစ်သွားလေသည်။ ဟီး….. ။ ဆိုင်အတွင်းရှိ လူအားလုံးလည်း အခုမှ သက်ပြင်းချနိုင်ကြပြီး အားကျသည့်အကြည့်ဖြင့် ဂန်ပါပီအား ၀ိုင်းကြည့်ကြသည်။ မေ့ချင်ယောင်ဆောင်နေသော ပလေသင်ကာမှာလည်း. .ရှက်ရယ်ရယ်ပြီး ထလာသည်။ ဟဲ.ဟဲ ။ ထို့ အတူ နောက်ဖေးထရံပေါက်မှ ချောင်းကြည့်နေသော ဒိုင်နာရီဆိုသည့် ကပြားမလေးလည်း ဂန်ပါပီဆီပြေးလာကာ..“ကိုကိုဂန်..ကိုကိုဂန်.. ဟိုမှာသတိထားနော်။ မီးကိုလည်း အပြန်လက်ဆောင် အာဖရိကပြောင်းဖူးကြီးတွေ ၀ယ်ခဲ့ဦး။ သူတို့ပြောင်းဖူးတွေက အကြီးကြီးတွေလေ။ မီးက ဒါမျိုးမှကြိုက်တာ။ မီးက..ကိုကိုဂန်ကို မျှော်နေမှာနော်” ဟု ကြက်ဆူဆီသုတ်ထားသောအသံဖြင့် ပြောလိုက်လေသည်။ “ဒါနဲ့ ဂန်ပါပီကြီးကို ဘာဖြစ်လို့ အိုစမာအာလာဒင်ကြီးက အကြွေးတောင်းဖို့ ရွေးထားတာလဲကွ” ဂလိုဘဲကြီးမှ သူအကျင့်အတိုင်းစဖွလိုက်ရာ…“ဟေ့ကောင်..မင်းကလဲ ဝေးပါ့ကွာ၊ ဂန်ပါပီကြီးကမှ ဆိုမာလီယာဓားပြတွေလို လူဆိုးလူမိုက်တွေကိုမှ မကြောက်တာကိုး..သူ့ကို အပ်လိုက်မောင်.. အငြိမ်ပဲ။ ဟဲ.ဟဲ..” ထွန်းဂေါက်မြွေ မှလည်း သူ့အကျင့်အတိုင်း အလွတ်မပေးဘဲ ၀င်ထောက်လိုက်လေသည်။ ပြုံးဖြီးဖြီးဖြစ်နေသော ဂန်ပါပီကြီးမှ..ကဲ..ဒါဆိုကျုပ် လိုက်သွားဦးမယ်ဗျာ၊ ခင်ဗျားတို့အတွက် ဒီမှာကျသင့်တာတွေအားလုံး ကျုပ်..အာလာဒင်ကြီးဆီက ပါစင်းတိတ်ရရင် လာပေးမယ်နော်။ “ဟေး”…ဟု အားလုံးမှ ၀မ်းသာစွာ ၀ိုင်းအော်လိုက်စဉ် ဆိုင်ရှင် ဂလိုဘဲကြီးခင်ဗျာ“..အဟင့် အဲလိုတော့..အလုပ်နဲ့လေဂျာ..အဟင့်..အဟင့်” ဟု ငိုမဲ့မဲ့ဖြစ်သွားလေသည်။ ထို့နောက်…... (ဆက်ရန်ပါခင်ဗျာ)

Jan 1, 2010

ဂလိုဘယ်အားရာထူးမှနုတ်ထွက်ခွင့်ပြုခြင်း

Myanmar Drinkers League (MDL) မြန်မာနိုင်ငံအရက်သမားများအသင်း (အမ်ဒီအယ်လ်) အမိန့်ကြော်ငြာစာအမှတ် (၀၀၁၊၁၀) အကြောင်းအရာ ။ ။ ဘဏ္ဍာရေးမူး အား အသင်းဝင်တာဝန်မှ အနားယူခွင့်ပြုခြင်း အထက်ပါအကြောင်းအရာအရ အသင်းတွင် မကောင်းတတ်၍ ခန့်ထားသော မျိုးကြီးခေါ် ဂလိုဘယ်မှာ ၄င်း၏ကိုယ်ပိုင်ဆန္ဒအရ အသင်းပိုင်ငွေမျာဖြင့် အကုန်သောက်သုံးမျိုဆို့ပြီးနောက် ၂၀၁၀ တွင် အနားယူလိုကြောင်း တင်ပြလာသဖြင့် အသင်းမှနုတ်ထွက်ခွင့်ပြုလိုက်သည်။ ၄င်းမှ အသင်း အတွက်ပြုခဲ့ဖူးသော ကျေးဇူးများအား ထောက်ထား၍ အရက်ပုလင်းအလွတ် ၅ လုံးအား ဂုဏ်ပြုချီးမြင့်လိုက်ပါသည်။ တပ်သားမျိုးကြီးခေါ် ဂလိုဘယ် ...သင်သွားလိုရာသွားနိုင်ပြီ။ ။ ပုံ.. အတွင်းရေးမူး ကိုကိုဖရီး (အမ်ဒီအယ်လ်)

Dec 11, 2009

ရွှေကြိမ်လုံးဆုရှင်

မိတ်ဆွေတို့ရေ…..ကိုကိုဖရီးတို့ကြားခဲ့ရတဲ့ ပေါ်ပြူလာသတင်းတွေထဲမှာ နိုင်ငံခေါင်းဆောင်တွေဖိနပ်နဲ့ ပေါက်ခံရတဲ့ သတင်းတွေလည်း ပါတယ်ခင်ဗျ။ အမေရိကန် သမ္မတ ဘုရှ် အပါအ၀င်တရုတ်ဝန်ကြီးချုပ် နဲ့ ကိုကိုဖရီးတို့ဝန်ကြီးချုပ်လည်း ဖိနပ်နဲ့ပေါက်ခံရတယ် ကြားရပြန်တော့ မက်ဆီ တို့နဲ့အပြိုင် ရွှေဖိနပ်ဆုရှင်တွေလားလို့ တွေးမိတယ်ခင်ဗျ။ ဘုရှ်ကိုပေါက်တဲ့ အီရတ်သတင်းစာဆရာ တစ်ယောက်ဆိုရင် နေ့ချင်းညချင်း နာမည်ကြီးသွားလိုက်တာ သမီးရှင်တွေတောင် ၀ိုင်းနေကြတယ်ဆိုပဲ။ ဖိနပ်နဲ့ပေါက်လို့ ထောင်ကျခံရပြီး ပြန်ထွက်လာတော့ သူလည်း ရွှေဖိနပ်ဆုရှင် ပြန်ဖြစ်သွားတယ်တဲ့ခင်ဗျ။ သို့ကလို..ဖိနပ်ပျံ အကြောင်းများတွေးမိတဲ့သကာလ ကိုကိုဖရီး အလယ်တန်းကျောင်းသားဘ၀လောက်က အဖြစ်အပျက်လေး သတိရမိလာပါတယ်။တစ်နေ့ နေ့လည်ဘက်ကြီး သူငယ်ချင်းတစ်ယောက်က ကိုကိုဖရီးရဲ့ ကျောကို ဖြန်းခနဲရိုက်ပြီး ထွက်ပြေးသွားတယ်ခင်ဗျ။ ရုတ်တရက် ဒေါသထွက်သွားတဲ့ ကိုကိုဖရီးလည်း သူငယ်ချင်းကျောပြင်ကို ဖိနပ်ချွတ်ပြီး ကောက်ပေါက်လိုက်ပါတယ်။ ဒါပေမယ့်..အဟင့်..ကံဆိုးချင်တော့ ကိုကိုဖရီးရဲ့ ဖိနပ်ပျံခင်မျာ..ပစ်မှတ်လွဲပြီး အခန်းထဲက ထွက်လာတဲ့ သမိုင်းဆရာမကို တည့်တည့် သွားမှန်ပါတော့တယ်။ နဂိုကတည်းက လက်လက်ထလို့ ကြည့်မရတဲ့ ကိုကိုဖရီးကို ဆရာမက ရည်ရွယ်ချက်ရှိရှိ လုပ်တယ်ထင်ပြီး ပွဲကြမ်းပါတော့တယ်ခင်ဗျ။ ထို့ကြောင့် ကိုကိုဖရီးခင်မျာ..အီရတ်သတင်းစာဆရာလို သမီးရှင်တွေ ၀ိုင်းခံရမဲ့အစား ဆော်ချင်နှက်ချင်တဲ့ ဆရာမတွေဝိုင်းခံရပြီးေ၇ွှကြိမ်လုံးဆုကို ပြိုင်ဘက်မရှိ ရသွားပါတော့တယ်ခင်ဗျာ။ သြော်..မေ့မရတဲ့ တစ်သက်စာအလွဲများပါလားနော် ။ အဟင့်..ဟင့်။

Nov 28, 2009

ဖွချင်တိုင်းဖွ..မွချင်တိုင်းမွ

မိတ်ဆွေတို့ရေ..အင်တာနက်ကြီးပေါ်မှလူတွေရဲ့သတင်းအချက်အလက် ဖလှယ်မှုဟာ အလွန်မြန်နေတဲ့ခေတ်ကြီင်္းနော်။ …ခုတလော..မြနန်းနွယ်ရုပ်တုကို လက်ထိပ်ခတ်မှုတို့၊ အထူးကုဆေးခန်းကြီးတစ်ခုမှာ မိန်းမပျိုလေးတစ်ယောက် အကြွေစောသွားတာတို့၊ ဘယ်သူဟာ ဘယ်လိုယုတ်မာသူကြီးပါဆိုပြီး အီးမေးတွေက တဆင့် ပြန့်ပွားနေတာလည်း လေ့လာဖတ်ရှုမိပါတယ်။ သို့ကလိုဆိုရကား..အင်တာနက်သတင်းဆိုပြီး လူတွေကြားထိုးဖောက်မှုတွေ အားကောင်းနေတာတွေ့ရတယ်ခင်ဗျာ။ ဒါကြောင့် အင်တာနက်ဆိုတာ..၃၇ နတ်မင်းထဲမှာပါလားမပါလား မသေချာသူတွေတောင် အရပ်ထဲ လှည့်ပြောနိုင်လာပြီလေ။ ဟိုးတလောကလည်း Buddhist နဲ့ တခြားဘာသာဝင် တွေကို ရန်တိုက်ပေးတဲ့ မေးလ်တွေ ပလူပျံနေတာဖတ်ဖူးကြမှာပေါ့။ အဆိုပါသတင်းတွေ မှန်တယ်..မမှန်တယ်အသာထားဗျာ..အမှန်တရားဆိုတာ သက်တမ်းတိုတောင်းလှပါတယ် ဆိုတဲ့ ဒီခေတ်ကြီးထဲမှာ သတင်းတစ်ခုရဲ့ ခိုင်မာရိုးသားမှုကို မစူးစမ်းဘဲ လက်လွတ်စပယ် ဖြန့်ဝေမှုတွေဟာ ကြောက်စရာတစ်ခုလို့ထင်တယ်လေ။ ကျွန်တောတို့ကိုယ်တိုင်ရော ဒီဖြစ်စဉ်ကြီးထဲမှာ ကင်းလွတ်ရဲ့လား လို့ မေးရမလိုဖြစ်လာတယ်ခင်ဗျ။ တကယ်တော့ ကျွန်တော်တို့မေးလ်ဘောက်တွေကိုဖယ်လ်တာမခံဘဲ၊ စပန်း မလုပ်ဘဲ ကြည့်မယ်ဆိုရင်လည်း ဖော်ဝပ်မေးလ်တွေနဲ့ အော်တိုမက်တစ်ဒလီဘရီ မေးလ်တွေက အစောင်၁၀၀ မှာ ၈၀ လောက်နေရာယူထားတာခင်ဗျ။ လူလူချင်းပို့တဲ့မေးလ်ဆိုတာက မနည်းလိုက်ရှာဖတ်နေရတယ်လေ။ မိတ်ဆွေအချင်းချင်း သိစေချင်လို့ စေတနာနဲ့ ဖော်ဝပ်မေးလ်ပို့တာတွေကတော့ သဘာဝကျပါတယ်ဗျာ။ဒါပေမယ့်..ဆိုးတာကတော့ဗျာ …ဒီမေးလ်ကိုပဲ ထပ်မံပြီး ဖော်ဝပ်မလုပ်ရင်…ဘယ်လိုဆိုးက်ျိုးခံစားရမှာတို့၊ ဒီမေးလ်ကို ဖော်ဝပ်မလုပ်သူဟာ ဘယ်လောက်ထိလူမှုရေးစိတ်ဓာတ်ညံ့ဖျင်းခေါင်းပါးသူဖြစ်သွားနိုင်တယ်ဆိုပြီး ခြိမ်းခြောက်စာလိုလိုရေးထားတာတွေကတော့ တစ်မျိုးကြီးပဲခင်ဗျ။ ဘာပဲပြောပြော၊ ဘယ်သူတွေကပဲ စစ..ဗျာ..ဒါတွေကြောင့်..ကာယကံရှင်တွေလည်း.ဖြေရ၊ သက်ဆိုင်ရာတွေလည်း ရှင်းရ၊ ဂျာနယ်တွေလည်း..စာမျက်နှာထက်တင်ရနဲ့အလုပ်ရကုန်ပါရဲ့။ သတင်းကစိတ်ဝင်စားစရာကောင်းလို့ဝယ်ဖတ်ကြပြန်တော့ စာဖတ်သူတွေခင်မျာ ..ဘယ်သူကမှားလို့ဘယ်သူကမှန်တယ် မသိဘဲေ၀၀ါးကုန်ကြတာပေါ့ခင်ဗျာ။ သြော်..ဒါကြောင့် ..ကိုကိုဖရီးတို့ကမ္ဘာလည်း နှုတ်ကြောင့်သေလက်ကြောင့်ကြေ ဆိုသလို ကံသုံးပါးအစပြုပြီး သကာလ ဖွချင်တိုင်းဖွ..မွချင်တိုင်းမွနေကြသကိုး ။ ။ ခင်မင်မှုအရိုးခံဖြင့်..ကိုကိုဖရီး...ဖရီးကိုကို

Jun 14, 2009

ဂလိုဘယ်အမြည်းနှင့်ယမကာဖရီး (၅)

...(.ယခင်အဆက်)...ဆိုင်အတွင်းရှိလူများ အာလုံးပျာယာခတ်သွားစဉ် ဆိုင်ရှင်ဂလိုဘဲ ကြီးကတော့ ခပ်တည်တည်နှင့် ရှေ့ကိုထွက်ကာ…`ဟေ့..ဟေ့ ..အရမ်းမလုပ်ကြပါနဲ့။ ကျုပ်တို့ကိုလုပ်ကြံရင်လဲဘယ်သူမှ အာဇာနည်နေ့ဆိုပြီး လုပ်ပေးမှာမဟုတ်ပါဘူးခင်ညာ။ မလုပ်ကြပါနဲ့..အဟင့်.အဟင့်...´ဟု တောင်းပန်လိုက်စဉ် ..ထွန်းဂေါက်မြွေ က…`ဟာဗျာ..အာဇာနည်တွေလို့ သတ်မှတ်ဖို့ နေနေသာသာ .အရက်ဆိုင်တွင် အသေဆိုးနှင့်သေသွားသောအမူးသမားများ လို့ဘဲ ပြောခံရမှာဗျ..ဟဲ.ဟဲ။ ´သိုင်းဆရာကြီး ဟန်သစ်မိန်ကမူ တတ်သည့်ပညာမနေသာဆိုသလို ကိုယ်ဖောပညာ…အဲ.အဲ. ကိုယ်ဖော့ပညာ အရ. ဖော့ဖိနပ်စီးပြီး နောက်ဖေးပေါက်မှ ခြေဖော့ ပြေးရန် ဖောဖောသီသီ ကြံစည်နေလေသည်။ အားလုံးနှင့်တစ်မူထူးခြားစွာ တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေသူကတော့ ပလေသင်ကာကြီးပင် ဖြစ်လေသည်။ ထို့ကြောင့် ဂန်ပါပီ ကြီးမှ လေးစားစွာဖြင့်အနားကပ်ကြည့်လိုက်ရာတွင်..`အာမလေးဘ..ဒီမှာ..ယူတစ်ရောက်..မေ့နေပြီ´ ..မှန်ပါသည်။ ပလေသင်ကာခင်ဗျာ..လက်နက်ကိုင်များကို မြင်ပြီးနောက် အမူးလွန်သည့်ပုံ မေ့ချင်ယောင်ဆောင်နေခြင်းဖြစ်ပါသည်။ ဂလိုဖြင့် ဆိုင်အတွင်းတွင်..ဗရုတ်ဗရက်ဖြစ်နေကြစဉ်.ဆိုင်အပြင်ဘက်တွင်မူ…… ဂန်ပါပီကြီး၏ အပြန်လမ်းကို စောင့်ရင် အရက်ဆိုင် လမ်းထိပ် အရိပ်ကောင်း သစ်ပင်အောက် ဆိုက်ကားကို ရပ်နားပြီး တရေးလောက် မိန်းလိုက်ဦးမယ် စဉ်းစားရင်း ခရီးသည် ထိုင်ခုံပေါ်တွင် ဆိုက်ကားသမားအထာနှင့် နတ်စည်းစိမ် ရယူမလို့ ကြံတုန်းသကာလ... ခပ်လွင့်လွင့် ပျံလွင့်လာသော တပိုင်းစတ ကွဲချင်း ( မူးရင်သီဆိုသော သံစဉ်) တပုဒ်ကို လူတယောက် ငြီးဆိုရင်း ပလက်ဖေါင်းပေါ်တွင် ယိုင်တိယိုင်ထိုး လမ်းသလားနေသည်ကို မြင်လိုက်သည်။ ဘူလေးလဲ... ဘူလေးလဲ.. အဲဒါ ဘူလေးလဲ... အနားဖြတ်လျှောက်သွားသော ကောင်မလေး နှစ်ယောက်၏ အနံကို ရလိုက်သောအခါ ရင်ဘတ်အတွင်းက ထွက်ကြလာသော ခံစားချက်များ ဖြစ်ဟန်ရှိ၏။ အနှီသကောင့်သားမှာ မျက်လုံးများ မဖွင့်နိုင်လောက်အောင် ဇက်ရက် စည်းစိမ်ဖြင့် လောကကြီးအား မိန်းမောပြီး တိုင်းခမ်းလှည့်လည်ကာ တောင်လေတိုက်၍ နှာခေါင်းထဲ သနပ်ခါးရနံလေးတွေ ၀င်လာသောကြောင့် မပိမသ ရွတ်ဆိုလိုက်သော အသံဖြစ်သည်။ သကောင့်သားလေးတော့ ကွဲလာပြီ၊ အရစ်က ဂျပန်မူလီလို ရှည်ဦးမယ် ( စကား ) ဆိုပြီး ညီးညူတဲ့စိတ်ကို ခဏ ပယ်ချလိုက်ပြီး ဆက် အိပ်မလို့ ကြံတုန်း.... “ ဟေ့ ကလူ၊ ဒီနေ့ နေ့တွက် ကိုက်ရဲ့လား” ဘုန်းကြီးပျံ ဧရင်ကြူးသည့် လေသံနှင့်တူသော သံစဉ်တခု နားစည်ကို ရိုက်ခတ်လာသည်။ “ ဟ ကောင်လေး ဖရီး၊ နေတွက် ညတွက် လတွက် ဂြိုလ်တွက် တွေနဲ့ ဗေဒင်ဆရာ လေသံနဲ့ နားညီးတယ်။ မူးရင် ငြိမ်ငြိမ်လေး နေစမ်း . .. ဟို ပချုပ်ဆိုင်မှာ ဂန်ပါပီ ဒကာခံထားရစ်လို့ ၀ိုင်းစိုနေပြီ .. ကြွတော်မှုပါ မင်းကြီးသားရယ်” “ အကိုကြီကလဲ လေစိမ်းတွေ တိုက်နေတယ်၊ မသွားချင်ပါဘူးဗျ၊ ဒီပချုပ်ဆိုင်က ကျုပ်တို့လို အဆင့်ရှိရှိ မူးတဲ့ ယာမကာဆိုင်မဟုတ်ဘူးဗျာ ” “ အောင်မာ နင်ကများ အရာရာစစ၊ ဒီဆိုင်ရင်က မောင်မင်းကြီးသား အရက် နေပြန်တိုး သောက်ထားတဲ့ အကြွေးမဆပ်လို့ဆိုပြီး ဓါးကြိမ်း ကြိမ်းနေတယ် ” “ ဟဲဟဲ အကိုကလဲဗျာ... ( ဆိုင်အပြင်ဘက်မှ အဖြစ်အပျက်များအား..ချစ်ကိုကြီး လူလမှ ကိုယ်တိုင်ခံစားရေးဖွဲ့မှုန်းခြယ်..လျှောက်ရေးပေးထားပါကြောင်း။။အဟီး) (ကျေးဇူးပဲအစ်ကိုရေ။ နောက်လဲ ကူရေးပေးပါဦးဗျာ) အကြောင်းကြောင်းကြောင့် နှောင့်နှေးမှုများအတွက်အားလုံးကိုလေးစားစွာ တောင်းပန်လျက်....

Feb 19, 2009

ဂလိုဘယ်အမြည်းနှင့်ယမကာဖရီး(၄)

ယခင်အဆက်..(ဆိုင်တွင်းသို့ အလွန်မဟားဒယား စမတ်ကျလှစွာဖြင့် ၀င်လာသူမှာ) ကုလအတွင်းရေမှူးချုပ်၏ အထူးကိုယ်စားလှယ်တော်ကြီး ဂန်ပါပီ ဖြစ်နေပြီး ဆိုင်ထဲမီးရောင် မှိန်နေသည်မို့ အဖြူရောင်သွားများသာမြင်ကြရသည်။ (မှတ်ချက်။ ။လေဆာသွားတိုက်ဆေးကြော်ငြာတွင် သရုပ်ဆောင်အဖြစ် သုံးသင့်ပါသည်)သွားများအတန်းလိုက် ပေါ်အောင် ပါးစပ်ကြီးဖြဲပြီး “ဟဲရိုး မိတ်ဆွေးတို့ .. ဘားဖြစ်နေလဲ။ အရက်အေးအေးလေး သောက်ကြပါ။ အကုန် ကျနော်ပေးမယ်နော်။ မပုနဲ့ချကြပါ။ ချပါ” မြန်မာပြည် အရောက်များ သဖြင့် တတ်သလောက်မှတ်သလောက် ဂန်ပါပီကြီးမှ မြန်မာလို မှုတ်လိုက်လေသည်။ တင်းမာနေသော ပလေသင်ကာတို့ဝိုင်းမှာ ဂန်ပါပီ့စကားကြောင့် ပြုံးစိစိဖြစ်ကုန်ကြလေသည်။ ဟန်သစ်မိန်မှ“ဒီမှာ အရက်အေးအေးလဲ မရှိဘူး၊ မပုလဲ မရှိဘူးဗျ” ဟု ၀င်နောက်စဉ်..ကလင် ကလင် ကလင်..ဘဲလ်သံနှင့်အတူ ဆီမကုန်အောင် ဆိုက်ကားနင်းစားနေသောကိုလူလှ ကြီး ၀င်လာလေသည်။ “ကလူရ..ဘာဖြစ်လို့ပါလဲ။” ဂန်ပါပီအမေးကိုကိုလူလှမှ “အန်ကယ်ပီ သွားချင်တဲ့နေရာတွေ ပို့ပေးထားတယ်လေ။ ခု သားသားကို ဆိုက်ကားခရှင်းပါအုံး” “ဟုတ်လား။ ဘယ်လောက်ပါလဲ” “အင်း..လန်ဒန်ကနေ တိုကျို ထိက ၅၀၀၀၊ တိုကျိုကနေ ပဲရစ် ထိက ၂၀၀၀၊ ပဲရစ်ကနေ စင်ကာပူ ထိ ဆိုရင် ၁၀၀၀ ဗျာ။ ဒီတော့ စုစုပေါင်း ၈၀၀၀ အရင်ပေးထားဦး” “ဟ..နေပါဦး ခင်ဗျားက အင်တာနေရှင်နယ် ဆိုက်ကားသမားလားဗျ..နိုင်ငံစုံလိုက်တာ”..ဟု ထွန်းဂေါက်မြွေမှ ၀င်မေးလိုက်လေသည်။ “ဟာ..ဘယ်ကလာ...လန်ဒန်စီးကရက်စက်ရုံ၊ တိုကျို ဒိုးနပ်၊ ပဲရစ် မုန့်တိုက် နဲ့ စင်ကာပူဘုန်းကြီးကျောင်း တွေကို ပြောတာဗျ။ ကျုပ် ဒီဆိုက်ကားက နိုင်ငံတကာမပြောနဲ့ ဟိုနားဒီနားတောင်..ရဲကြည့်ပြီး ရှောင်မောင်း နေရတာလေ။ ကျုပ်ကလဲ အသိအမှတ်ပြု ဆိုက်ကားနင်းသင်တန်းတက်ပြီး လိုင်စင်ရထားတာမဟုတ်ဘူးဗျ။” “သြော်..ဟားဟားဟား။” ဂန်ပါပီကြီးလည်း ဆိုက်ကားခပေးရန် သူ၏လက်ဆွဲအိတ်ကြီးကို ဟန်ပါပါဖွင့်လိုက်ကာ အတွင်းမှ ၉၀ တန် ရာအုပ်တစ်အုပ် ဆွဲထုတ်လိုက်လေသည်။ “ဒီမှာ..ကုတ်ထောင်ကုတ်ယူပါ။” “ဟင်..၉၀ တန်တွေပါလား..ဒီလိုတော့ အလုပ်နဲ့ဗျာ။ တခြား အတန်မရှိဘူးလားဗျ..အဟင့်..” ကိုလူလှခမျာ လည်းပင်းပြုး ..အဲ အဲ..မျက်လုံးများပြူးပြီး ငြင်းရှာလေသည်။ ( တခြားဘယ်နေရာ ပြူးမှန်းမသိရသေး)။ “ရပါဒယ်..၄၅ အတံ ရှိပါတယ်။ ယူမရား”..“ အမလေး..တော်ပါပြီ။ ဒါပဲယူပါ့မယ်ဗျာ။” ပြောပြောဆိုဆို ကိုလူလှကြီးလည်း ၉၀ တန်တစ်အုပ်ကိုင်ကာ လူအများနှင့် အာပေါက်အောင် ပြောဆိုရမည့်အရေး စဉ်းစားရင်းအပြင်ထွက်သွားလေသည်။ ဂန်ပါပီ ကြီးမှ “ကလူရ စောင့်ဦးနော် ..ရှန်ဟဲ သွားဦးမှာ” ဟု လှမ်းအော်လိုက်သည်။ “အင်း..ရှန်ဟဲကုန်တိုက် ထင်တယ်..။ ”ဂလိုဘဲ မှပြောလိုက်လေသည်။ ကိုလူလှထွက်သွားပြီး မကြာခင်မှာပင် ရဟတ်ယာဉ်သလိုလိုကြားရပြီး မရှေးမနှောင်းဆိုင်တွင်းသို့ အနက်ရောင်ဝတ်စုံဝတ် လက်နက်ကိုင်နှစ်ယောက် ဒယိမ်းဒယိုင် မူးရူးပြီး ၀င်ရောက်လာသည်။ ထိုအခါ ဆိုင်တွင်းရှိလူများအားလုံး ပျာယာခတ်သွားစဉ်..... (အလွန်အားနာစွာဖြင့်..အပိုင်း ၅ မျှော်ပါရန်)

Jan 16, 2009

ဂလိုဘယ်အမြည်းနှင့် ယမကာဖရီး (၃)

(ယခင်အဆက်- ခွီးခနဲ ရယ်လိုက်လေသည်။ ထိုအခါတွင်တော့ .....) ထွက်လုနီးပါးဖြစ်နေသောအီး...အဲ..ဒေါသကို မနိုင်မနင်းထိန်းနေရသော ဟန်သစ်မိန်သည် ပလေသင်ကာ ကြီးဘက် ပြောင်းဝလှည့် (ဒေါသမြားဦးဟု နားလည်ပေးပါရန်) ကာ `ဟေ့လူ.. ခင်ဗျား ဘာနားလည်လို့လဲ။ မဆီမဆိုင် ၀င်မရှုပ်စမ်းပါနဲ့။ ရေသောက်ပြီး အေးအေးဆေးဆေးနေစမ်းပါ။´ `ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ ကျုပ်သိတာ ဘာမှမရှိပါဘူး။ ဒါပေမယ့် သိတာတစ်ခုတော့ရှိတယ်။ အဲ့ဒါ ကျုပ်ဘာမှမသိသေးဘူး ဆိုတာပဲ´..ပြောပြောဆိုဆို ပလေသင်ကာကြီးသည် နောက်ဆုံးအချိန်တွင် အဆိပ်ခွက်ကို ရဲ့ဝင့်စွာသောက်ရင်းအသေခံသွားသည့် ဆိုကရေးတီး ပုံစံဖြင့် ရေခွက်..အဲ..အရက်ခွက်ကို တစ်ချိုင့်တည်း မော့ချလိုက်လေတော့သည်။ ထို့နောက် ပြင်းလွန်းသဖြင့် ရှုံ့မဲ့ပြပုံမှာ ဘီလူးသံပုရာသီး စားမိသဖြင့် ချဉ်နေသောပုံစံ ဖြစ်နေလေသည်။ ပါလက်စတိုင်း-အစ္စရေး စစ်ပွဲသဖွယ်၊ ဂျက်ကီချမ်းနှင့်ဂျက်လီ တင်းနေသည့်သဖွယ်၊ ဟောင်ကောင်ဘောလုံးမင်းသားနှင့် စီရိုနယ်ဒို ခွက်စောင်းခုတ်နေသည့်သဖွယ် မျက်ထောင့်နီ၊ မျက်ထောင့်ဝါ၊ မျက်ထောင့်ပြာများဖြင့် ကြည့်နေကြသော ဟန်သစ်မိန်နှင့် ထွန်းဂေါက်မြွေ တို့ကြောင့် ပလေသင်ကာကြီးလည်း လေချိုးသွေးကာ....`ဒီက ချီးကိုကြီး..ကြီး..ကြီး....´ `ဟေ့ ..ဟေ့..စကားကိုပီအောင်ပြောကွ..ဝေါ့...ထွီ.´ဟန်သစ်မိန် ရဲ့ ၀န်ဟန့်လိုက်သံပင်။ `၀ုတ်ကဲ့..အဲ..ဟုတ်ကဲ့..နည်းနည်းများသွားလို့ပါ´ `ဘာများတာလဲ....ဟွန်း..မှာတာက.. တစ်စိတ်လေးနဲ့များ..´ဆိုင်ရှင် ဂလိုဘဲကြီးက မကျေမနပ် ရေရွတ်လိုက်သည်။ ` ဒီလိုပါ..ချစ်ကိုကြီးတို့ ရန်ဖြစ်တာ...ပညာရှင်အဆင့်တွေဆိုတော့ ကြည့်ကောင်းပြီမှတ်လို့ပါ။´..` ဘာဗျ...ခင်ဗျားက ကျုပ်တို့ ကွိုင်တက်တာကို...ကူလ်ဖီး နဲ့ နယူးတိုင်စင် တို့ပွဲများမှတ်နေလား။´`... ဟာ....ဟိုလ်ဖီးနဲ့ မိုက်တိုင်စန် လုပ်ဆိုင်ပါဗျ။ ခင်ဗျားလုပ်တာနဲ့ေ၇ခဲချောင်းတွေ..ရွှေဆိုင်တွေဖြစ်ကုန်ပြီ။´ `ဟီး..ဆောရီး..မှားသွားလို့.။ `ကဲ..ကဲ..အားလုံးပဲ တော်ကြပါတော့ဗျာ။ ဆိုင်မှာ စီးပွားရေးမကောင်းရတဲ့ကြားထဲ..ခင်ဗျားတို့ကလဲတစ်မှောင့် ဂလိုဘဲကြီးမှ ညစ်ညစ်နှင့် ၀င်ပြောလိုက်လေသည်။ ထိုစဉ်..ကလင်..ကလင်..ကလင်... ဘဲလ်သံနှင့်အတူ..မရှေးမနှောင်းမှာပင် ဆိုင်တွင်းသို့ အလွန်မဟားဒယား စမတ်ကျလှစွာဖြင့် ၀င်လာသူမှာ........ စောင့်မျှော်ဖတ်ရှုပါရန်..(အားနာစွာဖြင့်..ကိုကိုဖရီး)

Dec 12, 2008

ဂလိုဘယ်အမြည်းနှင့် ယမကာဖရီး (၂)

(၁) မှအဆက်---ဆိုင်တံခါးပွင့်သွားကာ............................................. ဆံပင်ကောက်ကောက် အသားမည်းမည်းလူတစ်ယောက် နှုတ်ခမ်းကြီးစူကာဆောင့်ကြီးအောင့်ကြီး ၀င်လာလေသည်။ ပါးစပ်မှလည်း ပွစိပွစိရွတ်နေ၏။ ထို့နောက်နီးရာ ခုံတစ်လုံးဆွဲယူထိုင်ကာ အော်လိုက်သည်မှာ... “၀ီး..အာ..အီးထွက်..” ။ .. “အီး” ဟူသော အသံဟု ကြားသည်နှင့် ဟန်သစ်မိန်ကြီး၏ ပါးစပ်မှ..အဟွတ်..ဟွတ်..ထွီး..ဝေါ့.. ဟူသော ရွံရှာသံနှင့်အတူ ပဲကြီးလှော်တစ်စေ့ ခုန်ထွက်လာလေသည်။ ဟေ့လူ..“ခင်ဗျား..ဘယ်သူလဲဗျ၊ အီးထွက် နေရင်လည်း အိမ်သာသွားပါလား...ဒီဘာလာလုပ်တာလဲ” ဟု.. စိတ်ဆိုးမာန်ဆိုး မေးလိုက် လေသည်။ ၀င်လာသောလူမှလည်း “ဟာ..ဟေ့လူ..စော်ကားလှချည်လား..ထွန်းဂေါက်မြွေ..ဆိုတာ ဘာကောင်လဲ မေးကြည့်လိုက်ဦး၊ ကျုပ်ဘာသာ အီးထွက်ထွက်..သေးထွက်ထွက် ခင်ဗျားနဲ့ဘာဆိုင်လဲဗျ” ။ ဒါ ကျုပ်ရဲ့မော့တိုဗျ။ `မင်းဟာမင်း ပေါက်ပဲပေါက်ပေါက်..ဂေါက် ပဲဂေါက်ဂေါက်..ပေါက်ချင်ရာပေါက်တဲ့ မြွေဖြစ်ပစေ ၊ ဟန်သစ်မိန်တဲ့ကွ..မူးလာရင်..လူနေပေမဲ့.ပညာမနေတဲ့.သိုင်းသမားကွ..” .ယား....ယိ....၀ု..ပြောရင်းမာန်သွင်းကာ ဟန်သစ်မိန်မှ ဘာဂျာအားကောက်ကိုင်လိုက်၏။ ဟား..ဟား..ဟား..။ `ခင်ဗျား တစ်ယောက်တည်း မှုတ်တတ်တာမဟုတ်ဘူးဗျ။ ကျုပ်လည်းရွာမှာမှုတ်နေကျဗျ။ ´ ဟန်သစ်မိန်မှ `ဟင်..ဘာ..ဘာ..ဘာမှုတ်တာလဲဟင်။ ...`ဟာ..ပုလွေပြောတာဗျ။ ပုလွေ။ ဒီမှာကြည့်´ ..ပြောပြောဆိုဆို ထွန်းဂေါက်မြွေသည် ခါးကြားမှ ပုလွေတစ်ချောင်း ထုတ်လိုက်လေသည်။ ရုတ်ချည်း တင်းမာလာသော အခြေအနေများကြောင့် ဆိုင်ရှင် ဂလိုဘဲကြီးလည်း မျက်လုံးများကျယ်ကာ ပုဆိုးတွေဘာတွေ ပြင်ဝတ်လိုက်၏။ ထို့နောက်ပြေးပေါက်ဆီ မယောင်မလည် ကုပ်ချောင်းချောင်းဖြင့်ပြေးရန်ပြင်နေ၏။ ထို့နောက် ... ရေတစ်ပုံးသွားခပ်လာ၏။ ရေပုံးကိုင်လာသောဂလိုဘယ်ကြီးအား ဟန်သစ်မိန် နှင့် ထွန်းဂေါက်မြွေ တို့မှ ဘုကြည့်ကြည့်ကာ`ဘာလဲ ခင်ဗျားက ကျုပ်တို့တွေကိုက်မယ်ထင်လို့လား..ဒါဘာလုပ်တာလဲဗျ´။ လန့်သွားသော ဂလိုဘယ်မှ `ဟုတ်ပါဘူးဂျာ..ဟီး..အိမ်သာသွားမလို့ပါဂျ။´သူတို့ သုံးယောက်အဖြစ်ကြောင့် ငြိမ်နေသော ပလေသင်ကာကြီးမှ ခွီးခနဲ ရယ်လိုက်လေသည်။ ထိုအခါတွင်တော့..... ဆက်လက်စောင့်မျှော်ဖတ်ရှုပါရန်( အားလုံးကိုလေးစားလျက်-ကိုကိုဖရီး)

Nov 30, 2008

ဂလိုဘယ်အမြည်းနှင့် ယမကာဖရီး (၁)

ယခု မဟာဂန္ထ၀င် ၀တ္ထုတော်ကြီးမှာ အက်ျွနုပ်၏ မိတ်ဆွေကြီးဖြစ်သော ဂလိုဘယ်ကြီး၏ ပြည်တော်ပြန်ခရီးမှ ပြန်ရောက်ပြီးတွေ့ကြပြီးသကာလ အိုင်ဒီယာများရလာသဖြင့် ထထည့်ရေးလိုက်ဖြစ်ချေသည်တမုံ့။ ထို့အတူ ပို့စ် အသစ်တင်ရန် နားပူနားဆာ လုပ်နေသော ရောင်းရင်းဘလော့ကာညီအစ်ကိုများအား ဂုဏ်ပြုရန် ရေးသားခြင်းဟု မှတ်ယူသော်လည်း မှန်ပေစွ။ အချုပ်အားဖြင့်..အားလုံးရယ်မောပျော်ရွှင်နိုင်ရန်သာ ရည်ရွယ်ပါကြောင်း နှင့် အမှားပြုလုပ်မိပါက မိတ်ဆွေများကို အနူးအညွှတ်တောင်းပန်ရင်းနဲ့...၀တ္ထုကိုယခုလိုဖွင့်လိုက်ပါတော့သည်.........။
“အလွန်မြင့်မားလှသောမိုးမျှော်တိုက်ကြီးများကြားရှိ အလွန်တရာညစ်ပတ်စုတ်ပြတ်ချိနဲ့နေသော ကုလားထိုင်များစားပွဲ များ ခင်းကျင်းထားသော အရက်ဖြူ ဆိုင်အတွင်းတွင်ဖြစ်သည်။ အရက်ဆိုင်ဟုလူတိုင်းသိနိုင်သော ထိုအခန်းတွင် ကောင်မလေးပုံမပေါ့တပေါ်များဖြင့် အရက်ကြော်ငြာများမှာ အခန်းတွင်းနေရာအနှံ့ယူထား၏။ ဆိုင်ထောင့်တစ်နေရာတွင် လူပုံပိန်ပိန်ပါးပါးဖြင့် မျက်မှန်တပ်ထားသော လူတစ်ယောက်သည် ဟိုကြည့်ဒီကြည့်ဖြင့် ပဲကြီးလှော်ဝါးလိုက် ရေများများ ရောထားသော အရက်သောက်လိုက်နှင့် ဂနာမငြိမ်ဖြစ်နေပုံရ၏။ ထိုသူကား..သိုင်းလောကတစ်လွှားဖိန့်ဖိန့်တုန်အောင် ကျော်ကြားသော အရက်မူးသိုင်းသမားကြီး ဟန်သစ်မိန်ပင်ဖြစ်သည်။ သူ၏စားပွဲပေါ်တွင်လည်း မှုတ်နေကျ ဘာဂျာ တစ်လက်တင်ထားလေသည်။ ထိုသူနှင့် မလှမ်းမကမ်းကစားပွဲတွင်မူ အရက်သောက်ရင်း အရက်ကြော်ငြာများမှ ကောင်မလေးများ၏ကောက်ကြောင်းအလှကို တနေကုန်ထိုင်ပြီးတစိမ့်စိမ့်ကြည့် နေတတ်သော အတွေးအခေါ်ဆရာကြီး ပလေသင်ကာ ထိုင်နေ၏။ နှာခေါင်းမှ ၀ပ်၄၀ မီးသီးသဖွယ် နီနေသော ပလေသင်ကာကြီး ၏ အမြည်းခွက်ထဲံရှိ ဘယာကြော်တွေကိုမူ ပိုးဟပ်နှစ်ကောင်က ပွဲတော်တည်နေလေသည်။ ဆိုင်အတွင်းတွင် ထိုသူနှစ်ဦးမှလွဲပြီး သောက်သုံးသူလည်းတစ်ဦးမှ မရှိချေ။ စီးပွားရေးမကောင်းသဖြင့် ရှုံ့တွနေသောမျက်နှာဖြင့် ဆိုင်ရှင် ဦးဂလိုဘဲ ကြီးမှာ ကောင်တာတွင်အိပ်ငိုက်ရင်း ဟိုကုတ်ဒီကုတ် ကုတ်နေလေသည်။ ဆိုင်ရှင်ကြီးက အကြံတစ်မျိုးဖြင့်ခေါ်ထားသော ဒိုင်နာရီ ဆိုသည့်ကပြားမလေးမှာလည်း ချောင်တစ်နေရာတွင် ခြင်ကိုက်ခံရင်း အချစ်ဝတ္ထုတစ်အုပ်ဖြင့် စိတ်ကူးယဉ် နေလေ၏။ ဆိုင်ထဲတွင် သိုင်းသမားကြီး ဟန်သစ်မိန် ၏ ပြဲ့ကီးလှော်အစွမ်းကြောင့် လေလည်သံ၊ ဦးဂလိုဘဲကြီး ၏ စိတ်မချမ်းမြေ့ဖွယ်ရာ ဟောက်သံများသာ တစ်ချက်တစ်ချက် ထွက်လာတတ်သည်။ တစ်ကျပ်ဖိုးသောက်လျှင် တစ်ရာဖိုးမူးတတ်သော ပလေသင်ကာကြီးမှာလည်း လူအလစ်တွင် ခွက်ထဲ ရေများထပ်ထပ်ထည့်ကာ ခပ်တည်တည်ဖြင့် ထိုင်နေ၏။ ထိုစဉ် ...“၀ုန်း” .....ဆိုသောအသံနှင့်အတူ ဆိုင်တံခါးရုတ်တရက်ပွင့်သွားကာ နဖူးပြောင်ပြောင်.......”
ဆက်လက်စောင့်မျှော်ဖတ်ရှုပါရန်..... အားလုံးကိုလေးစားလျက် (ကိုကိုဖရီး)

Oct 5, 2008

မွေးနေ့ပွဲအဖြစ်မှန် (reality of birthday)

မိတ်ဆွေတို့ရေ။ ကိုကိုဖရီး ခမျာမဖရီးနိုင်တာတောင်ကြာပေါ့ဗျာ။ ရေးစရာတွေက တပုံတပင်နဲ့ အကြွေးက လည်ပင်းနစ်နေပါရဲ့။ မွေးနေ့ပွဲလေးတောင်..အကျယ်မလုပ်ဖြစ်တော့ဘဲ.....ဖြစ်သလို ဟီလ်တန်ဟော်တယ်မှာပဲ ပြောင်းလုပ်လိုက်ရပါတယ်။ ပဲရစ်ဟီလ်တန်ကလည်း .. ကိုကိုနော်..မီး..ဟိုတယ်မှာ မွေးနေ့ပွဲလာမလုပ်ရင် ...မီးယောက်ျားယူလိုက်မှာဘဲ ဆိုတာနဲ့ ..သြော်ကောင်မလေး..အိမ်ထောင်ရေးနွံထဲ ကျသွားမှဖြင့် ဆိုပြီး သနားလို့ နေရာပြောင်းလိုက်ရပါတယ်ခင်ဗျာ။ ဘလော့ကာမိတ်ဆွေတွေကို ဖိတ်ဖို့ အားချင်း စီစဉ်ချင်ပေမယ့်..လေးမန်းဘရားသားဘဏ်ကြီးကို ၀င်ကယ်ဖို့လုပ်နေရတာနဲ့.. မဖိတ်လိုက်ရပါဘူး။ တက်လာတဲ့သူတွေက သိပ်မများပါဘူး။ လင်ဆေးလိုဟန်၊ ရှာရာပိုဗာ၊ အဗရာလာဗင့်၊ ဆောင်းဟေကို နဲ့ ပဲရစ်လီလာတန်တို့လောက်ပါပဲ။ သူတို့ကလည်းမွေးနေ့ အကြောင်းပြုပြီး ကိုကိုဖရီးဆီ လာကပ်တာပေါ့။ ဒါပေမယ့် ကိုကိုဖရီးက.ပိတောက်ဆိ.ုပိတောက်..အခြောက်ဆိုအခြောက်...အဲမှားလို့...သခွားဆို. ကြောင်ရှာ သီးတာမဟုတ်ဘူးလေ။ ။ အလိမ္မာသုံးပြီး ပြန်ခွာရတာပေါ့။..ဟီးဟီး.. သူတို့စားတဲ့ ပီကယ် တွေပြောပါတယ်။ ။ အဟင့် ဟင့်။

Sep 14, 2008

မွေးနေ့အမှာ" birthday message"

ဘလော့ပို့စ်တွေလဲ မှန်မှန်မရေးဖြစ်တော့ လာလည်တဲ့မိတ်ဆွေတွေကို အားနာလိုက် တာဗျာ။ပုံမှန်ရေးနိုင်ဖို့ မလွယ်တာတော့ ၀န်ခံပါရစေ။ခုတော့ကျွန်တော့်ဘလော့လေး ဟာလဲ အခါလည် တစ်နှစ်သားလေး အဖြစ် ရှင်သန်လာခဲ့ပါပြီ။ ဘလော့လေး တစ်နှစ်ပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ မိတ်ဆွေများကိုဒင်နာစားပွဲကြီးတစ်ခု ပြုလုပ်ပေးဖို့စီမံထားပါတယ်။ ဒီစားပွဲကြီးမှာ ကမ္ဘာကျော် စားဖိုမှူးကြီးများက လက်စွမ်းပြထားတဲ့ အချို့သော ထူးရှယ်ဟင်းလျာများကို ကြိုတင်မိတ်ဆက်ပေးပါရစေ။မြန်မာပြည်မှ ထိပ်တန်းစားဖိုမှူှးကြီး အန်တီလုရဲ့ ဒူးရင်းသီးဆူးငါးပိချက်နဲ့ ပုရောဆိတ်ဦးနှောက်ပေါင်း နန်းတွင်း စားတော်ကဲကြီး ချန်ဂိန် ရဲ့ မှိုခါးပတ်ကျော် (မှိုတက်နေသော အထူးခါးပတ်) နှင့်ဟောင်ကောင်မှ ၀ါရင့်စားဖိုမှူး အုံးအင် ရဲ့ ဖားပြုတ်ကင်နဲ့ ခွေးလလျားသီးဟင်းချို၊စသည်တို့ဖြစ်ပါတယ်။ ကျန်တဲ့ နာမည်ကြား သွားရည်ယိုဖွယ်ရာ ဟင်းလျာများလည်း ပါပါတယ်ခင်ည။ အဲ....မရမ်းသီးရှောက်ရည်စမ်းအသုပ်၊ ချဉ်ပေါင်သရက်သီးသနပ် နဲ့ ရှလကာရည်ချဉ်စပ်ဟင်းရည်တို့ပါခင်ဗျ။ အဲ နေရာကတော့.. အားလုံးသွားလို့လာလို့လွယ်အောင်ကမ္ဘာအမြင့်ဆုံး ဒူဘိုင်းမျှော်စင်ရဲ့ အပေါ်ဆုံးထပ်မှာလို့စဉ်းစားထားပါတယ်။ အားလုံးအတွက် လည်ပင်း ကြိုးကွင်းစွပ်ဓာတ်လှေကားလဲ စီစဉ်ထားမှာပါ။ နေ့ရက်ကတော့ အောက်တိုဘာမကူးခင် စက်တင်ဘာလ ၃၁ ရက်နေ့ပါခင်ဗျ။ အဟဲ အထူးမှာချင်တာကတော့ လက်ဆောင်မပေးခြင်း သည်းခံပါလို့။ ကဲ ကိုကိုဖရီး ကတော့ ဘလော့ဂါ မိတ်ဆွေများအားလုံးကို ဒီဘလော့လေး မွေးနေ့လေးအတွက် ဖိတ်လိုက်ပြီနော်။ ဆက်ဆက်လာကြဖို့ တိုက်တွန်းရင်း ။ ။ အားလုံးကို လေးစားလျက် ကိုကိုဖရီး.. ဖရီးကိုကို ...ဟိ..။

Sep 5, 2008

တက်ဒ်ထားလို့ရေးရမှာက..

အဟမ်း..ဆိုရေးရှိကဆိုလိုက်ပြီခင်ည။ အဟင့်။
  • ကိုယ့်ရဲ့နာမည် --အလကားမရတဲ့ဖရီး
  • ကိုယ်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ် - ကြောင်လေး၊ကစ္စနား၊ဆ၇ာကျောင်း
  • ကိုယ်ဒီမှာနေတယ် - အသက်ရှင်ခွင့်ရှိတဲ့နေရာ
  • ကိုယ့်ဆီဖုန်းဆက်ချင်ရင် -ခဏအောင့်ထားဦး။ ဖုန်းမ၀ယ်ရသေးလို့
  • ကိုယ့်ရဲ့အကြိုက်ဆုံးတွေက
  • အရောင်ဆိုရင် - မျက်စိနဲ့မြင်ရတဲ့ဟာ
  • အ၀တ်အစားဆိုရင် - အတွင်းခံဘောင်းဘီတို
  • အစားအစာဆိုရင် - မကြိုက်တာနဲ့၊ အလကားမရတာကလွဲလို့ အစုံစားသတ္တ၀ါ
  • ပစ္စည်းဆိုရင် - အလကားရတာ(ပစ္စည်းပေါ်မူတည်သေး)
  • သီချင်းဆိုရင် -အသံကြားရသောသီချင်းများအကုန်
  • စာရေးစာဆရာ -ကမ္ဘာကျော် ဟဲမင်းဖရီး
  • စာအုပ် - အိပ်လို့ကောင်းတဲ့ ကျောင်းကစာအုပ်အထူကြီးမျိုး
  • Life style – ဂွကျကျပြောင်ချော်ချော် လူမှုဆက်ဆံရေးသမား
  • ကိုယ့်ရဲ့ဝါသနာ - ဖရီးလိုက်စားခြင်း
  • အလိုချင်ဆုံးလက်ဆောင် - ဂျော်နီဖင်ထိုင်လဲ တစ်လုံး
  • ကိုယ့်ရဲ့ အချစ်ဆုံးသူက - ဘုရား
  • ကိုယ့်ရဲ့ အလေးစားဆုံးသူက - ဘုရား
  • ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက - ဘုရား..အဲ..ဟုတ်ဘူး။ ပိုက်ဆံချေးပြီး ပြန်မတောင်းတတ်သူ
  • ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက - လိုက်ရှာလိုက်ဦးမယ်
  • ကိုယ့်ရဲ့ အမုန်းဆုံးသူက - ကိုယ့်ကိုကိုယ်ဘဲ
  • ရင်အခုန်ဆုံးအချိန် ...အိမ်သာ ဂျက်တံခါးမရှိတဲ့အချိန်
  • အကြောက်ဆုံးအချိန် - ကောင်မလေးတွေ ဘလ္လကာယပြုမဲ့အချိန်
  • အပျော်ဆုံးအချိန် - နတ်ပြည်သွားဖို့ ပတ်စပို့ကျချိန် (ဟီး ..ဟိုရောက်ရင် တစ်ဖက် ငါးရာနဲ့..ငါကွ)
  • အမှတ်တရနေ့ - အမေမွေးတဲ့နေ့လေ
  • ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်တောင်းမဲ့ဆု - လူပြန်မဖြစ်ချင်တော့ဘူး
  • အချစ်ဆိုတာ -အာရေအ..ခခွေရရစ်စသတ်ချစ်...အချစ်။
  • အမုန်းဆိုတာ - အရေအ..မတစ်ချောင်းငင်နသတ်မုန်။ ၀စ်စနှစ်လုံးပေါက် မုန်း
  • အလွမ်းဆိုတာ - အဆန်းရဲ့ညီ။
  • သံယောဇဉ်ဆိုတာ - စိတ်မ၀င်စားတဲ့စကားလုံး
  • ဘ၀ဆိုတာ - တိုတိုလေး။ နှစ်လုံးတည်းရှိလို့။
  • သူငယ်ချင်းဆိုတာ - လူအချင်းချင်းဆက်ဆံသောနည်းတစ်မျိုး
  • ချစ်သူဆိုတာ - သိပ်သိချင်နေသော လူ
  • ကိုယ့်ကိုကိုယ်ဒီလိုထင်တယ် - ပျိုတိုင်းမကြိုက်တဲ့ ငှက်ပျောခိုင်
  • ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က - ဖရီးဆို သိပ် သိပ် ကြိုက်
  • အပြောချင်ဆုံးစကားတစ်ခွန်း - လိမ္မာရစ်ကြပါလို့
ပုံပြင်လေးကတော့ ဒါပါပဲရှင်...အဲ..ဗျာ။.. ရှေ့က ဦးလေးတို့ ရှေးမူအတိုင်း..... ( အဟီး..ရေးစရာမရှိတာနဲ့အတော်ဘဲ။ ပိုစ့်တစ်ပုဒ်ရသွားဘီ..ရှဲ့ရှဲ့)

Mar 6, 2008

“ဖရီး ၄ ဖရီး သဘင်ကြီး” (၂) Free 4 Free Thabingyi

“ဖရီး ၄ ဖရီး သဘင်ကြီး”
  • ဒရိုင်ဘာနဲ့စပယ်ယာ ကားပေါ်မှာကွမ်းစားတာ
ဟေး....ဒရိုင်ဘာနဲ့စပယ်ယာ ကားပေါ်မှာကွမ်းစားတာ။
  • ဟိုထွေးဒီထွေး တော်တော်လေး စည်းကမ်းမဲ့တယ်လေး
ဟိုထွေးဒီထွေး တော်တော်လေး စည်းကမ်းမဲ့တယ်လေး။
  • တားမြစ်စာတွေ ကားမှာရေးတော့
တားမြစ်စာတွေ ကားမှာကပ်တော့
  • ဟေးလားကွယ်မောင်ရို့.. ဟေးလားကွယ်မောင်ရို့
ဝမ်းစမောရယ်သောသောညံ ... ထွီ ထွီ...
  • ဟေးလားကွယ်မောင်ရို့ ...ဟေးလားကွယ်မောင်ရို့
ဝမ်းစမောရယ်သောသောညံ ... ထွီ ထွီ..

Feb 19, 2008

နွေရာသီသင်တန်းများ Summer Courses

ဆရာ ကံချွန်က မိဘများစိတ်အေးရအောင် ကလေးများအတွက် နွေရာသီတွင် အောက်ပါသင်တန်းများဖွင့်မည်တဲ့ (၁) ခဲတံချွန်နည်းသင်တန်း ( တစ်ယောက်ကို စက်တစ်လုံးစီဖြင့်သင်မည်) (၂)ခဲဖျက်ဖျက်နည်းသင်တန်း (တစ်ယောက်ကို တစ်တုံးစီသင်ရမည်) (၃) အင်္ကျီင်္၊ ဘောင်းဘီဝတ်နည်းသင်တန်း ( တစ်မျိုးစီလည်းအပ်နိုင်သည်) ထို့ပြင် ရေသောက်နည်း၊ ငှက်ပျောသီးအခွံနွှာနည်း၊မျဉ်းတားနည်း စသည် စသည်ဖြင့် အသုံးဝင် ထိရောက်လှသော သင်တန်းပေါင်းများစွာကို ၀ါးရင့် ဆရာများဖြင့် သင်ကြားပေးမည်တဲ့။ မှတ်ချက်။ ။ စိတ်ပါဝင်စားသောလူကြီးများပါတက်နိုင်သည်။ ဆက်သွယ်ရန်= ရားစိုက် ( Yar Site) Company Ltd, email- 420kaungthut&leoweiz@gmail.com

Jan 7, 2008

သူတို့အတွက် ( free vocational program)

အမျိုးသမီး များ၏အသက်မွေးဝမ်းကျောင်းမှု ပိုမိုလုံခြုံစိတ်ချ စေနိုင်ရန်အတွက် အမျိုးသမီး များအတွက် အခမဲ့ ဆိုက်ကားနင်းသင်တန်း တစ်ခု ဖွင့်လှစ်သွားရန် စီစဉ်နေကြောင်း အင်ဂျီအို တစ်ခုမှ ပြောကြားခဲ့ပါသည်။ " A plan is organized by NGO for survival of women "

Jan 3, 2008

မုန့်စားကြမယ် (Race of Snacks)

လွတ်လပ်ရေးနေ့ ကိုဂုဏ်ပြုသောအားဖြင့် မုန့်စားပြိုင်ပွဲ ကျင်းပမည်ဖြစ်ရာ မည်သူမဆို ၀င်ရောက်ယှဉ်ပြိုင် နိုင်ပါသည်။ စားရမည့်မုန့်မှာ ကပ်စေးနဲနှင့်ပီကေ တို့ဖြစ်ကြောင်း သိရပါသည်။ ( liberty race for snack eagers)