ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Dec 12, 2008

ဂလိုဘယ်အမြည်းနှင့် ယမကာဖရီး (၂)

(၁) မှအဆက်---ဆိုင်တံခါးပွင့်သွားကာ............................................. ဆံပင်ကောက်ကောက် အသားမည်းမည်းလူတစ်ယောက် နှုတ်ခမ်းကြီးစူကာဆောင့်ကြီးအောင့်ကြီး ၀င်လာလေသည်။ ပါးစပ်မှလည်း ပွစိပွစိရွတ်နေ၏။ ထို့နောက်နီးရာ ခုံတစ်လုံးဆွဲယူထိုင်ကာ အော်လိုက်သည်မှာ... “၀ီး..အာ..အီးထွက်..” ။ .. “အီး” ဟူသော အသံဟု ကြားသည်နှင့် ဟန်သစ်မိန်ကြီး၏ ပါးစပ်မှ..အဟွတ်..ဟွတ်..ထွီး..ဝေါ့.. ဟူသော ရွံရှာသံနှင့်အတူ ပဲကြီးလှော်တစ်စေ့ ခုန်ထွက်လာလေသည်။ ဟေ့လူ..“ခင်ဗျား..ဘယ်သူလဲဗျ၊ အီးထွက် နေရင်လည်း အိမ်သာသွားပါလား...ဒီဘာလာလုပ်တာလဲ” ဟု.. စိတ်ဆိုးမာန်ဆိုး မေးလိုက် လေသည်။ ၀င်လာသောလူမှလည်း “ဟာ..ဟေ့လူ..စော်ကားလှချည်လား..ထွန်းဂေါက်မြွေ..ဆိုတာ ဘာကောင်လဲ မေးကြည့်လိုက်ဦး၊ ကျုပ်ဘာသာ အီးထွက်ထွက်..သေးထွက်ထွက် ခင်ဗျားနဲ့ဘာဆိုင်လဲဗျ” ။ ဒါ ကျုပ်ရဲ့မော့တိုဗျ။ `မင်းဟာမင်း ပေါက်ပဲပေါက်ပေါက်..ဂေါက် ပဲဂေါက်ဂေါက်..ပေါက်ချင်ရာပေါက်တဲ့ မြွေဖြစ်ပစေ ၊ ဟန်သစ်မိန်တဲ့ကွ..မူးလာရင်..လူနေပေမဲ့.ပညာမနေတဲ့.သိုင်းသမားကွ..” .ယား....ယိ....၀ု..ပြောရင်းမာန်သွင်းကာ ဟန်သစ်မိန်မှ ဘာဂျာအားကောက်ကိုင်လိုက်၏။ ဟား..ဟား..ဟား..။ `ခင်ဗျား တစ်ယောက်တည်း မှုတ်တတ်တာမဟုတ်ဘူးဗျ။ ကျုပ်လည်းရွာမှာမှုတ်နေကျဗျ။ ´ ဟန်သစ်မိန်မှ `ဟင်..ဘာ..ဘာ..ဘာမှုတ်တာလဲဟင်။ ...`ဟာ..ပုလွေပြောတာဗျ။ ပုလွေ။ ဒီမှာကြည့်´ ..ပြောပြောဆိုဆို ထွန်းဂေါက်မြွေသည် ခါးကြားမှ ပုလွေတစ်ချောင်း ထုတ်လိုက်လေသည်။ ရုတ်ချည်း တင်းမာလာသော အခြေအနေများကြောင့် ဆိုင်ရှင် ဂလိုဘဲကြီးလည်း မျက်လုံးများကျယ်ကာ ပုဆိုးတွေဘာတွေ ပြင်ဝတ်လိုက်၏။ ထို့နောက်ပြေးပေါက်ဆီ မယောင်မလည် ကုပ်ချောင်းချောင်းဖြင့်ပြေးရန်ပြင်နေ၏။ ထို့နောက် ... ရေတစ်ပုံးသွားခပ်လာ၏။ ရေပုံးကိုင်လာသောဂလိုဘယ်ကြီးအား ဟန်သစ်မိန် နှင့် ထွန်းဂေါက်မြွေ တို့မှ ဘုကြည့်ကြည့်ကာ`ဘာလဲ ခင်ဗျားက ကျုပ်တို့တွေကိုက်မယ်ထင်လို့လား..ဒါဘာလုပ်တာလဲဗျ´။ လန့်သွားသော ဂလိုဘယ်မှ `ဟုတ်ပါဘူးဂျာ..ဟီး..အိမ်သာသွားမလို့ပါဂျ။´သူတို့ သုံးယောက်အဖြစ်ကြောင့် ငြိမ်နေသော ပလေသင်ကာကြီးမှ ခွီးခနဲ ရယ်လိုက်လေသည်။ ထိုအခါတွင်တော့..... ဆက်လက်စောင့်မျှော်ဖတ်ရှုပါရန်( အားလုံးကိုလေးစားလျက်-ကိုကိုဖရီး)

7 comments:

:P said...

အပိုင်း ၁ ပြန်နွှေးရသေးတယ်၊ မေ့သွားလို့

လူလ said...

မင်္ဂလာပါ အမောင် ဖရီး
ကျန်းမာပါစ။
လာဖတ်သွား၏။
သြော် အရင်တုန်းက စကားကို မှတ်ထားတာပေါ့ ဟ ဟ၊ ယာမကာသမားဆိုပြီး မေ့လောက်ပြီ ထင်တာ။
ဟုတ်ပ ဆီဈေးတွေလဲ ထိုးကျနေလိုက်တာ အာရပ်တွေတောင် ထိုင်ငိုနေရတယ်။
ကျွန်နော်အတွက်က လွင့် လက်စ လွင့်လိုက်ဦးမှာပဲ ဟဲဟဲ။ ဘာလို့ဆိုတော့ ကျွန်နော်နေတဲ့ နေရာမှာက လေရဟက်ကြီးတွေနဲ့ အင်နာဂျီ ထုတ်တယ်လေ။ ဆီဈေး အတက်အကျတော့ မမူလောက်ပါဘူး။ လွင့် ဦးမှာ။
ကိုယ်လိုရာ ကိုယ်ဆွဲပြောသွားတာ မှတ်ကရော ငှဲငှဲ၊

အမောင်ဖရီးရော အဆင်ပြေတယ် ဟုတ်။

ရင်လန်း ချမ်းမြေ့ပါစေ...

HAPPY CLOUD said...

ကောင်းတယ်ဗျိုး... ဆက်လက်ရေးပါဗျိုး...သိုင်းကျမ်းလုတာတွေ ပါအုန်းမှာလား... :P
ဖိုးမောင်

Anonymous said...

တစ်ခါတစ်ခါရေးရင် အဲလောက် အရှည်ကြီးမရေးနဲ့ဗျ။ ညောင်းနေဦးမယ်။

Anonymous said...

ကိုကိုဖရီး--
လာဖတ်ပါတယ်-- ခေတ္တခဏ စိတ်ချမ်းသာသွားတာတော့ အမှန်ပါ--
ဖတ်ရတာအားမရဘူး ပိုစ့်က တိုလွန်းနေတယ်--

Saing Khan Tun said...

link ယူသွားပြီအစ်ကိုရေ ...

Saing Khan Tun said...

link ယူသွားပြီအစ်ကိုရေ ...