ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Jul 17, 2008

အားမနွှဲ့သူပါခင်ဗျာ ( Man and his new duty)

သြော်လူတွေ၊လူတွေ။ကိုယ့်ကိုကိုယ်လည်းပြóနာရှာတတ်ပါ့ဗျာ။ ကိုယ့်အစကိုယ်တောင်မရှာနိုင်တော့..လူကမျောက်ကတဲ့။ဒါဝင်..ဆိုတဲ့လူကြီး ပြောတာဆိုဘဲ။ မြန်မာပြည်မှာလဲ လူသားအစ တကောင်းကဆိုလား၊ ကျောက်ဆည်ကဆိုလား ငြင်းခုန်ဘူးပါရဲ့။တချို့ကတော့ ချင့်ချင့်နှိုင်းနှိုင်း ပြောပါတယ်။ လူသားအစ..ဂျမခါနကတဲ့။တချို့ကအမေ့ဆီကတဲ့။မှန်သလို လိုဘဲဗျ။ဟုတ်ဘူးလား။ဒါပေမယ့်အဖေမပါတော့မပြည့်စုံသေးဘူးထင်တာဘဲ။ ဒါကြောင့်..လူသားအစဟိုကိစ္စကဆိုရင်ပိုနီးစပ်မယ်ထင်ပါတယ်။ ဒါတောင် ဒီဘက်ခေတ်မှာ ကလေးမွေးဖို့ ဖခင်တောင်မလိုတော့ဘူးဆိုဘဲ။ မျိုးရည်ဘဏ်သွားဝယ်ပြီးထည့်လိုက်ရင်အိုကေသွားရောတဲ့။ ပြီးကျန်သေးတယ်။ ကိုယ်တိုင်ကိုယ်ဝန်ဆောင်မမွေးချင်ရင်တောင်ဗိုက်ငှားမွေးနိုင်သတဲ့ဗျာ။ အံ့ရောဗျို့။ဒါပေမယ့်..ကိုကိုဖရီးမျက်လုံးပြူးသွားတာကအမျိုးသားတောင် ကိုယ်ဝန်ဆောင်ကလေးမွေးနိုင်လာပြီတဲ့။ အမလေးဗျာ…သဘာဝတရားကြီးက ရေသာခိုအိမ်ထောင်ရှင်ထီးတွေ၊ လုံးရာကပြားချင်နေသူတွေကို မျှတအောင် စီစဉ်လိုက်တယ်ထင်ပါ့။ ဒါဆိုဖခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့၊ မြန်မာနိုင်ငံအမျိုးသားရေးရာအဖွဲ့ချုပ်တို့လဲဖွဲ့သင့်တာပေါ့ခင်ဗျာ။ ပြီး... လင်ကောင်မပေါ်ဘဲမွေးတဲ့ကောင်ထီးတို့၊ဆူးပေါ်ဆူးကျတော့ဆူးတွေအကုန် ကျိုးတာတွေဖြစ်ကုန်တော့မယ်ထင်တယ်ခင်ဗျ။ မိတ်ဆွေတို့ရော………………..။