ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Mar 25, 2011

ဒဲကွီး..လောက်ပတ် ခြင်း

လှုပ်..လှုပ်..လှုပ်ပါဟေ့.. ရေအိုးလေး ...လှုပ်ပါဟေ့...လှုပ်..လှုပ်..အမလေး..လှုပ်ပြီ..
ကျပြီ..ဟိုက်.ကွဲပြီ.. “ဂွမ်း” ။ ဤကား..အိုးလေးလှုပ်ရာမှ..အိုးကွဲ..အဲ..စိုင်းစိုင်း၏သီချင်း
ကား မဟုတ်ပေ။ ယခုတစ်လော သဘောမနော ကောင်းလှစွာ မကြာခဏ လှုပ်နေသော
ိမဟာပထ၀ီ မြေကြီး၏ တုန်ခါမှုကြောင့် ကိုကိုဖရီး၏ မရှိမဲ့ရှိမဲ့ ပိုက်ဆံဖြင့်ဝယ်ထားသော ရေအိုး
လေးကျကွဲသွားသံပင်တည်း ။ အနှီ ငလျင်မှာ မကြာသေးမီက ဂျပန်နိုင်ငံတွင် အဖျက်စွမ်းအား
ကြီးမားစွာ လှုပ်ပြီးသကာလ ယခုတော့ ကိုကိုဖရီးတို့၏ ရွှေနိုင်ငံတော်ကြီးအတွင်း လှုပ်ခတ်လာပြန်ချေပြီတမုံ့ ။
နဂိုးကတည်းက မျက်ခုံးခပ်လှုပ်လှုပ်ဖြစ်နေရာ ယခုငလျင်ကြောင့် ထိုလှုပ်နေသော မျက်ခုံးပြုတ်ကျသွားမှာပင်
စိုးရိမ်လာရလေသည်။ ..အဟင့်..မျက်ခုံးမွှေးပြန်စိုက်ရရင် မချောင်ဘူးခင်ဗျ။ ဖတ်ရသော သတင်းများအရ..
တိုက်အမြင့်ကလူများ ငလျင်လှုပ်ချိန် အလောတကြီးပြေဆင်းလာကြသည်ဆိုပဲခင်ဗျ။ ကိုကိုဖရီးလည်း..နုပျိုဆဲ
ရွှေအသက်တော်လေးကို ထိန်းသိမ်းရန် အမြန်ပြေးဆင်းလာသည်တွင်...ဒဲကွီး..လောက်ပတ်..အဲ..ဒူးကွဲ
ကာ လက်ပေါက်ခဲ့လေတော့သည်။ ဤသို့ ဆို၍ ကိုကိုဖရီးအား..အလွန်တရာမြင့်လာစွာသော တိုက်ပေါ်မှ
ပြေးဆင်လာသည်ဟုတ်မထင်စေလိုပေ။ ခနော်နီခနော်နဲ့ ဆောက်ထားသည့် လူ့ ခါးသာသာအမြင့်မှ ခုန်အချ
အောက်ကခြေနင်းတက်ရန်ချထားသော အုတ်ခဲ ချော်သွားရာမှ ထိုသို့ ဖြစ်ချေခဲ့သည်တကား ။ အဟင့်...
အဖြစ်ရယ်မှ ဆိုးရတော့တယ်...အဟင့်..အဟင့် ။
(မူလလက်ဟောင်း..ဖရီး)