ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Mar 20, 2008

မပြောချင်ဘူး ( Don't want to say but...)

တချို့တွေပြောပါတယ်။ အသက်လာလာမေးတော့ အမှန်အတိုင်းပြောတော့လဲ လက်မခံချင်ကြဘူး။ ကျွန်တော့်အသက်က နှစ်ဆယ်ကျော်ပဲဆိုတော့ ရယ်ကြတယ်လေ။နှစ်ဆယ်ကို ဘယ်နှစ်နှစ် ကျော်ကျော် နှစ်ဆယ်ကျော်ရင် ပြီးတာပဲမဟုတ်ဘူးလားလို့။ပြီးတော့ ရည်စားမရှိဘူးပြောတော့လဲ မဖြစ်နိုင်ဘူးတဲ့။ ကြည့်ဗျာ ရုပ်ချောတိုင်း ရည်းစားရ ရမှာလား။ ဒါတောင်တချို့ က ဟိုးအရင် အွန်စောတို့၊ ရှာရာပိုဗာ တို့ နဲ့ဖြစ်ဘူးတာကို လာပြောချင်ကြတယ်လေ။ ဒါတွေကကြာခဲ့ပါပြီဗျ။ ဘာပဲဖြစ်ဖြစ် သိန်းသုံးထောင်လောက် ရရင်တော့ လိုတာဝယ်ပြီး တောထဲမှာပဲ အေးဆေးဆေး တရားသွားထိုင်တော့မယ်ဗျာ။

တာ့တာ......