ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Mar 23, 2008

ကတ်သီး ကတ်သတ် (၃) ( ket thi & ket tet )

ကတ်သတ်--အင်း ကိုကတ်သီးရေ ကျုပ်ကအင်္ဂလိပ်စာမကျွမ်းတော့ ရန်ကုန်က စတိတ်ရှိုးကြော်ငြာတွေဖတ်ရင် အသံထွက်မရတော့ ဂွကျတယ်ဗျာ။ ကတ်သီး--ဘယ်လိုများလဲဗျ။ ကတ်သတ်--တချို့နာမည်တွေများကျောချမ်းစရာကြီးဗျာ။ ဘာတဲ့ အိတ်စမ်းပလိုက်ဆိုလား ။ တချို့နာမည်တွေကျတော့ ရယ်စရာကြီးတွေ... ဘီလူးပါရယ်၊ဒီလိုရယ်၊ကိုဘာယာတဲ့၊ချာပါတီတဲ့၊ပက်လက်အိုး တဲ့ဗျာ။ ကတ်သီး--ဟာ "Examplez, Blue Berry,Theory, Cobra, Chapter, Black Hole ” တွေပါဗျ။ ခင်ဗျားကလည်း။ ကတ်သတ်--ပြီးရှိသေးတယ် တိရစ္ဆာန်နာမည်တွေ .ခြင်ပေါက်၊ ဖားပေါက် နဲ့ ကြက်မ ဆိုလားဘဲ။ ပြီးတော့ ကွိကွိ၊ ကိကိ တဲ့ ဘာသံတွေလဲမသိဘူး ကတ်သီး-- ဟာ….“ဆင်ပေါက်နဲ့ ကျားပေါက် ၊ ကြက်ဖ”လုပ်စမ်းပါ ကိုကတ်သတ်ရယ် ကတ်သတ်-- ဒီကြားထဲ သားဆိုးတို့၊ ရင်မီ တို့ ၊ဂင်ချီ တို့၊ ပဲလေး တို့ကပါသေး။ ပြီးတော့ ဓာတုဗေဒ နာမည်တွေ ဘာ..အိတ်တူးအို၊ အိုတူး တဲ့ဗျာ ကတ်သီး--သြော် သားစိုး၊ ဂျေမီ နဲ့ ဟဲလေး တို့ထင်တယ်။ ဓာတုဗေဒနာမည်... သြော် ..ဓာတုဗေဒ ဘာသာရပ် ချစ်လို့နေမှာပေါ့ဗျာ ကတ်သတ်--ပြီးတော့ ဘာဖုန်း ညာဖုန်း တွေရှိသေးတယ်ဆို။ လူကနေဖုန်းဖြစ်ရတယ်လို့ဗျာ။ ကတ်သီး--ခင်ဖုန်း၊ ရှင်ဘုဏ်း ပါဗျာ ခင်ဗျားကလည်း။ ကတ်သတ်--မသိပါဘူးဗျာ။ ဦးဖိုးကျားရဲ့မိတဆိုးရှင်ပြုထဲက“လှုပ်လီလှုပ်လဲ့သော်မော် အရည်ပျော်”ဆိုကလို ဒီခေတ်နာမည်တွေက ဆန်းသကိုး။ ကတ်သီး--အင်း ဟုတ်ပါတယ်။ ဒါပေမယ့် ခင်ဗျား အင်္ဂလိပ်စာ ညံ့တာလဲထည့်ပြောအုံးလေ။ ကတ်သတ်--ဟုတ်ပြီ ဒါဆို အလကားရတဲ့ အင်္ဂလိပ်စာ ပညာဒါနသင်တန်းတွေ လိုက်တက်ဦးမယ်ဗျာ။ ကတ်သီး--တက်ပါ။ ပညာကတော့ ဒါနနဲ့ပါ။ ဒါပေမယ့်…ကျန်တာကတော့...ဟီး ဟီး ဟီး

3 comments:

စိုးထက် - Soe Htet ! said...

တော်တော် ရှာရှာ ဖွေဖွေ တင်ပြထားတာ ကိုး ဗျ :P
ရီသွားတယ် ဗျို့ :P

Synchro 305 ~ said...

အားးးး ဟားးး ဟားးးး
ရီရတာအူကိုနာနေတာပဲ
ထက်လိုက်တဲ့ကလောင်ဗျာ
လေးစားပါတယ်
:D

Unknown said...

kg lite ta` a yay a thar... so funny pa`.. yan 2 thks par tal. a maw a pan pyay say lo. :P
nout la` har tha post lay twe myar 2 yay bar byoe..