ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Mar 26, 2008

ရှင်းတမ်း ( Shin Ton)

"သူများအကြောင်းလည်းမပြောချင်ပါ စပ်မိစပ်ရာ ဘာညာကွိကွ" ခုတလောကောလဟာလသတင်းများ တယ်လည်းကြောက်စရာ ကောင်းလှသကိုး။ဘယ်မင်းသားရဲ့မိန်းမကတော့ လုံးရာကပြားထားတာ၊ ဘယ်အဆိုတော်နဲ့ဘယ်ဆရာကြီူးကတော့ သွားရှာပြီဆိုတဲ့ သတင်းတွေက ပျံ့နေပါရောလား။ ဒီတော့ သက်ဆိုင်သူတွေလည်း ထ ရှင်းရလင်းရပြန်ရော။ ဒါကြောင့် ကိုကိုဖရီးတောင် သတိထားနေ နေရတယ်။ တော်ကြာ ကိုကိုဖရီးနဲ့ ဘယ်မော်ဒယ်လေးက ဘယ်ဟိုတယ်မှာ ဘယ်အချိန် ဘာတွေလုပ်ကြတာဆိုပြီး ဖွကုန်မှဖြင့် ကိုကိုဖရီးရဲ့ မရှိမဲ့ရှိမဲ့ သိက္ခာလေးတွေ ကျကုန်မှာစိုးရတယ်။ ပြောမဲ့သာပြောတာပါ။ အထင်ခံရလည်းနည်းတာမှတ်လို့။ ဒီကြားထဲရေကူးကန်မင်းသမီးလေးက“သမီးတို့ဘာသာသူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ်ရေကူးနေတာကို သူတို့ကဓာတ်ပုံခိုးရိုက်တာ” ဆိုပြီး မနှဲလေးသံနဲ့ တိုင်ပြောသလိုထရှင်းပြန်တော့ စာနာမိပြန်ရော။ အေးလေ.. လွတ်လွတ်လပ်လပ်ချိုးကြပါစေလား။ ဟီဟိ။ သို့သော် လူးဆေးမင်းသမီးကတော့ အကျယ်ထရှင်းတာတော့မတွေ့ရဘူး။ ကိုစတန်လေကတော့ ပြောပါတယ်။ ထရှင်းရင်ပိုရှုပ်ကုန်မှာပေါ့တဲ့။ ဟုတ်သားပဲ။ ခုတောင် အဲဒါ ဘာလိမ်းဆေးကြီးလဲဆိုပြီး သိချင်နေကြသူတွေ တယ်များပါကလား။ အင်း …ထင်တာကတော့ အကယ်ဒမီကြေးချွတ်ဆေးလားမသိပါဘူး။ ဟီး ဟီး ဟီး

5 comments:

နွေမုန်တိုင်း said...

သူများအကြောင်းမပြောချင်လို့တော်သေးတယ်
သူတို့ ကိုပြောရင်ကျွန်တော်မခံဘူးနော်.........
သူတို့ခံလိမ့်မယ် :D

Synchro 305 ~ said...

ဟဟဟ
ိကိုဖရီးတို့ ကတော့လုပ်လိုက်မှဖြင့်
ဟီးးးးးး

စိုးထက် - Soe Htet ! said...

ဟုတ်လိမ့်မယ် :D ဟား ဟား ..

မြန်မာပြည်ကိုလွမ်းတယ် said...

ဟား.ဟား..ရယ်ရတယ်ဗျိုး၊ကိုကိုဖရီးကတော်
တော်နောက်တာပဲ။ဖတ်မိတဲ့ခဏလေးမှာရယ်
လိုက်ရတဲ့ပျော်ရွှင်မှုလေးအတွက်ကျေးဇူးပါ။
နောက်လဲများများရေး..အဲလေ..များများဘာ
ညာကွိကွနိုင်ပါစေ။ဟီး..ဟီး။

Han Thit Nyeim said...

အရှုပ်အရှင်းလား၊ အရှင်းအရှုပ်လားဗျ။