ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Jan 30, 2014

ဘောမုန်းတဲ့ ကိုကိုဖရီး

ဆီးဂိမ်းလဲပြီးပြီ။ ကိုကိုဖရီးလဲဘောစိတ်ကုန်ပြီ။ ဘောမြင်ရင်အလွန်ခံစားရပါသဖြင့် တစ်ယောက်တည်းနေရင်တောင် မျက်နှာအားမော့ထားရပါသည်။ ခေါင်းငုံ့ရင် 
မူးတတ်လို့ဖြစ်ပါသည်။ "ဘ" ပါသော အရာများအား အလွန်စိတ်ကုန်လာသဖြင့် ဘီယာအစား ၀ီစကီပြောင်းသောက်နေပါသည်။ (၀ါရင့်ဝိတ်တာတစ်ဦးမှ ဆောင်းတွင်းဆိုဘီယာမသောက်နှင့် ဆို၍ဖြစ်ပါသည်)။ သန်းသန်းထွေးအား အားလုံးဝိုင်းမြှောက်ကြတာဝမ်းသာပါသည်။ ဘောကျမည် 
ကို စိတ်မပူရ၍ဖြစ်သည်။ ကိုကိုဖရီး စိတ်ပူမိသည်။ မြန်မာအား ဆူဇူကီးဖလားတွဲဖက်အိမ်ရှင် တစ်ဦးရွေး၍ဖြစ်သည်။ ဒီပရိသတ်နှင့် ဒီခြေစွမ်းများ သဟဇာတမဖြစ်သောကြောင့် ဖြစ်သည်။

Original ကိုကိုဖရီးဖြစ်ပါသည်။

No comments: