ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Jan 30, 2014

"၂၀၁၄ စာရင်းနျူး (အသစ်)"

နေရာကားဆီဒိုးနားဟိုတယ်ရှိအခန်းတစ်ခန်း (စပိုင်ကင်မရာစစ်ဆေးပြီး)။ ကိုကိုဖရီး
တစ်ယောက် ဘလက်လေဘယ်လေးတစ်လုံးဖြင့်စာရင်းတစ်ခု ကြိုးစားပမ်းစားပြုစုနေ၏။ လက်လှမ်းမီရာအပျိုကြိးအပျိုလေးများစာရင်း။
 

ရည်ရွယ်ချက်မှာမိနစ်၉၀မပြည့်နိုင်သေးသောလူပြိုကြီးဘ၀၀ီစီမှုတ်နိုင်ရန်။
ထို့နောက်အသက်ကြီးလွန်းသူပယ်၏။အသက်ငယ်လွန်းသူဖြုတ်၏။
ကိုကိုဖရီးအားကြည့်မရသူမထည့်။ကိုကိုဖရီးမှကြည့်မရသူမပါ။ဟ၀ှာမရှိသူ မသွင်း....

ဟိုဟာမဖြစ်သူဖျက်၏။ ဤသို့...ဤသို့ဖြင့်ဘလက်လေဘယ်တစ်ဝက် ကျိုးချိန်တွင်ဆန်ခါတင်
၎ယောက်သာကျန်၏။ စွင့်စွင့်ကားကား မိုးစက်ဝိုင်ကြီး၊ပျော့ပျော့ပျောင်းပျောင်းခင်ဝင့်ဝါလေး
၊ကော့ဆတ်ဆတ်ဟန် ထားထက်ထက်နှင့်ပြေပြေပြစ်ပြစ်လေးဂုဏ်ရည်အေးကျော်တို့ပင်တည်း။ မတတ်နိုင်..ဖရီး၏အချစ်ဦးလေးဖြစ်ခွင့်ရှိသူ တစ်ဦးသာရွေးရ မည်ဖြစ်ရာ (နှမျောသော်လည်း) ညဏ်စမ်းမေးခွန်းတစ်ခုလှမ်းမေးလိုက်သည်။

မေးခွန်းကား ကိုကိုဖရီး၏ပထမဆုံးအနမ်းပန်းပွင့်မည့်နေရာ။ အဖြေများကား..တစ်ယောက်ကနဖူး၊ တစ်ယောက်ကပါး၊တစ်ယောက်က လက်နှင့်တစ်ယောက်ကနှုတ်ခမ်းဖြစ်၏ ။နောက်တော့...... ။
အဖြေမှန်သူမရှိ။ စိတ်မကောင်းကြီးစွာဖြင့်အားလုံးကိုလွတ်လပ်ခွင့်ပေးလိုက်သည်။ 

တကယ့်အဖြေမှန်မှာမူ ....( ? ? ? ? ?) ။

သိချင်သောမိန်းကလေးများအတွက် စပေါ့ပေးမည်ဖြစ်ရာ ကိုကိုဖရီး၏ ထပ်မံပြုစုမည့်စာရင်းသစ် တွင်အမြန်ဆုံးစာရင်းပေးသွင်းကြပါရန်လေးစားစွာဖြင့် အကျိုးမျှော် (ဘာအကျိုးမှန်းတော့မသိ)

နှိုးဆော်အပ်ပါသည်ခင်ဗျ ။ ။

မူလအကောင်းပကတိ ကိုကိုဖရီး (၂၀၁၄ ဗားရှင်း)

No comments: