Jan 16, 2009
ဂလိုဘယ်အမြည်းနှင့် ယမကာဖရီး (၃)
(ယခင်အဆက်- ခွီးခနဲ ရယ်လိုက်လေသည်။ ထိုအခါတွင်တော့ .....)
ထွက်လုနီးပါးဖြစ်နေသောအီး...အဲ..ဒေါသကို မနိုင်မနင်းထိန်းနေရသော ဟန်သစ်မိန်သည်
ပလေသင်ကာ ကြီးဘက် ပြောင်းဝလှည့် (ဒေါသမြားဦးဟု နားလည်ပေးပါရန်) ကာ `ဟေ့လူ..
ခင်ဗျား ဘာနားလည်လို့လဲ။ မဆီမဆိုင် ၀င်မရှုပ်စမ်းပါနဲ့။ ရေသောက်ပြီး အေးအေးဆေးဆေးနေစမ်းပါ။´
`ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ ကျုပ်သိတာ ဘာမှမရှိပါဘူး။ ဒါပေမယ့် သိတာတစ်ခုတော့ရှိတယ်။ အဲ့ဒါ
ကျုပ်ဘာမှမသိသေးဘူး ဆိုတာပဲ´..ပြောပြောဆိုဆို ပလေသင်ကာကြီးသည် နောက်ဆုံးအချိန်တွင်
အဆိပ်ခွက်ကို ရဲ့ဝင့်စွာသောက်ရင်းအသေခံသွားသည့် ဆိုကရေးတီး ပုံစံဖြင့် ရေခွက်..အဲ..အရက်ခွက်ကို
တစ်ချိုင့်တည်း မော့ချလိုက်လေတော့သည်။ ထို့နောက် ပြင်းလွန်းသဖြင့် ရှုံ့မဲ့ပြပုံမှာ ဘီလူးသံပုရာသီး
စားမိသဖြင့် ချဉ်နေသောပုံစံ ဖြစ်နေလေသည်။ ပါလက်စတိုင်း-အစ္စရေး စစ်ပွဲသဖွယ်၊ ဂျက်ကီချမ်းနှင့်ဂျက်လီ တင်းနေသည့်သဖွယ်၊ ဟောင်ကောင်ဘောလုံးမင်းသားနှင့် စီရိုနယ်ဒို ခွက်စောင်းခုတ်နေသည့်သဖွယ်
မျက်ထောင့်နီ၊ မျက်ထောင့်ဝါ၊ မျက်ထောင့်ပြာများဖြင့် ကြည့်နေကြသော ဟန်သစ်မိန်နှင့် ထွန်းဂေါက်မြွေ
တို့ကြောင့် ပလေသင်ကာကြီးလည်း လေချိုးသွေးကာ....`ဒီက ချီးကိုကြီး..ကြီး..ကြီး....´
`ဟေ့ ..ဟေ့..စကားကိုပီအောင်ပြောကွ..ဝေါ့...ထွီ.´ဟန်သစ်မိန် ရဲ့ ၀န်ဟန့်လိုက်သံပင်။ `၀ုတ်ကဲ့..အဲ..ဟုတ်ကဲ့..နည်းနည်းများသွားလို့ပါ´ `ဘာများတာလဲ....ဟွန်း..မှာတာက..
တစ်စိတ်လေးနဲ့များ..´ဆိုင်ရှင် ဂလိုဘဲကြီးက မကျေမနပ် ရေရွတ်လိုက်သည်။ ` ဒီလိုပါ..ချစ်ကိုကြီးတို့
ရန်ဖြစ်တာ...ပညာရှင်အဆင့်တွေဆိုတော့ ကြည့်ကောင်းပြီမှတ်လို့ပါ။´..` ဘာဗျ...ခင်ဗျားက ကျုပ်တို့
ကွိုင်တက်တာကို...ကူလ်ဖီး နဲ့ နယူးတိုင်စင် တို့ပွဲများမှတ်နေလား။´`... ဟာ....ဟိုလ်ဖီးနဲ့ မိုက်တိုင်စန်
လုပ်ဆိုင်ပါဗျ။ ခင်ဗျားလုပ်တာနဲ့ေ၇ခဲချောင်းတွေ..ရွှေဆိုင်တွေဖြစ်ကုန်ပြီ။´ `ဟီး..ဆောရီး..မှားသွားလို့.။
`ကဲ..ကဲ..အားလုံးပဲ တော်ကြပါတော့ဗျာ။ ဆိုင်မှာ စီးပွားရေးမကောင်းရတဲ့ကြားထဲ..ခင်ဗျားတို့ကလဲတစ်မှောင့်
ဂလိုဘဲကြီးမှ ညစ်ညစ်နှင့် ၀င်ပြောလိုက်လေသည်။ ထိုစဉ်..ကလင်..ကလင်..ကလင်... ဘဲလ်သံနှင့်အတူ..မရှေးမနှောင်းမှာပင် ဆိုင်တွင်းသို့ အလွန်မဟားဒယား စမတ်ကျလှစွာဖြင့်
ဝင်လာသူမှာ........
စောင့်မျှော်ဖတ်ရှုပါရန်..(အားနာစွာဖြင့်..ကိုကိုဖရီး)
Subscribe to:
Post Comments (Atom)
4 comments:
အိ.... စောင့်ဖတ်ခိုင်းပြန်ပြီ.....။
ရီရတယ်ဗျာ စောင့်ဖတ်ရမှာပေါ့
မင်္ဂလာပါ မောင်ဖရီးရေ..
ကျန်မူးတော်မူပါစ..အဲ ..ကျန်းမာတော်မူပါစ၊ နောက်တခန်းမှာ ကျွန်နော် ပါတယ်ပေါ့လေ။ အားမနာပါနဲ့ ဟဲဟဲ၊ တခုတော့ တောင်းပန်ချင်တယ် မြောက်ပြီး မရေးပါနဲ့ တော်ကြာ ဘော်လီဘော ဘော်လုံး ဖြစ်သွားမယ် ဟ ဟ။
ရွှင်မူးချမ်းကွေးနိုင်ပါစေ..အဲ.. ငါနှယ်၊ ယမကာဖရီး ၃ ကို ဖတ်ပြီး လိုက်ယောင်နေပြန်ပြီ အဟိ..
ရွှင်လန်းချမ်းမြေ့ပါစေ...
ကိုကိုဖရီး--
လာလည်ပါတယ်---
"ဂလိုဘယ်အမြီးနှင့် ယမကာဖရီး (၃)"
လာဖတ်တယ်----
တော်တော်ရယ်ရတယ်---
ပျော်ရွှင်ချမ်းမြေ့ပါစေ---
Post a Comment