ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

May 21, 2008

အရောင်မဲ့ဘာသာစကား ( colorless words)

မြတ်စွာဘုရားသည်အလယ်အလတ်လမ်းစဉ်ကိုချီးကျူးတော်မူ၏။....ထို့ကြောင့်.......
မိတ်ဆွေတို့---လောကတွင်အရောင်များစွာရှိကုန်၏။လူတို့သည်မျက်စိပသာဒအလို့ငှာ အရောင်များကိုရွေးချယ်ကြကုန်၏။မိမိတို့နှစ်သက်ကုန်ကြသောအရောင်တို့မှာလည်း တစ်ဦးနှင့်တစ်ဦးကွဲပြားကြကုန်၏။အချို့အဖြူရောင်ကြိုက်၏။အချို့အနက်ရောင် နှစ်သက်၏။အချို့အပြာရောင်သဘောကျစဉ်အချို့ကအနီရောင်ကိုလိုလားကုန်၏။ မိတ်ဆွေတို့..သင်တို့လည်းမိမိတို့ကြိုက်သည့်အရောင်ကိုလွတ်လပ်စွာကြိုက်နိုင်သည်။ ..သို့သော်မိမိအ၀ါရောင်ကြိုက်တိုင်းအညိုေ၇ာင်ကိုမကောင်းဘူးဟုမပြောသင့်ပေ။ အပြာရောင်မှကြိုက်သူကိုအဖြူရောင်ကြိုက်ရန်အပင်ပန်းခံမပြောအပ်။..အရောင်သည် မတည်မြဲခြင်းတရားရှိ၏။အကြိုက်သည်ပြောင်းလဲတတ်၏။အရောင်သက်သက်မူပကတိ တရားတစ်ခုသာဖြစ်၏။မည်သည့်အရောင်မှမခံစားတတ်သူတို့လည်းရှိကြသေး၏။ ထိုသူတို့အဖို့ကားအရောင်မှဖြစ်သောဒုက္ခကင်းကုန်ကြ၏။တိုတောင်းလှသောဘ၀တွင် ဆင်းရဲကင်းအောင်ကြိုးစားသင့်ကုန်သည်မဟုတ်ပါလော။
(ကိုကိုဖရီးသည်ကား..အရောင်စွဲကင်းအောင်ကျင့်နေပါ၏။ထို့ကြောင့်ပျိုမြစ်နုငယ်သော မည်သည့်မိန်းကလေးမဆိုအသားအရောင်....ဖြူ၊မည်း၊၀ါ၊ညိုမရွေးနှစ်သက်တတ်လာ၏)

မှတ်ချက်။ ။ အဟီး..ဟာသဓာတ်ခံလေးရှိနေတော့မရေးရမနေနိုင်လို့နားလည်ပေး ကြပါရန်။ ။

5 comments:

Han Thit Nyeim said...

Color Blind သမားဆိုရင်တော့ ဒုက္ခတော်တော်နည်းမှာပဲ...။

Unknown said...

သား...သားက ရောင်စုံလေးကြိုက်တယ်။
သူတို့ ဘာအရောင် ၀တ်ဝတ် လက်ခံတယ်...ဟီး...
ဘုန်းကညာတပါး လုံးရာမှ ပြားသူများ မပါ။
အဲဒါတွေက ဖရီးအတွက်...........

Mr.ZawMyoAung said...

ဟ ရဲ သွင် ရ .. မင်း က ကာလာ ဘလိုင်း တွေ ကို .. ချီး မွန်း တယ် လို့  ထင် ကုန် ပြီ ဟ ..

အေး ပေါ့  လေ.. ပုထု ဇဉ် ဆို တော့ လဲ ..
ကိလေသာ တော့ နဲ နဲ များ များ ရှိမှာ ပေါ့ 

Mr.ZawMyoAung said...

ဟ ရဲ သွင် ရ .. မင်း က ကာလာ ဘလိုင်း တွေ ကို .. ချီး မွန်း တယ် လို့  ထင် ကုန် ပြီ ဟ ..

အေး ပေါ့  လေ.. ပုထု ဇဉ် ဆို တော့ လဲ ..
ကိလေသာ တော့ နဲ နဲ များ များ ရှိမှာ ပေါ့ 

Anonymous said...

Interesting web sites

TranslatorEnglish to Burmese Dictionary Burmese wikipedia Burmese Army