ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

May 19, 2008

ဆြာဖရီး၏နာဂစ်အလွန်ဟောစာတမ်း ( Sir's Free-Foretelling)

နာဂစ်ကြောင့်
၁။သားဆိုး၏မိုးထိအောင်ထောင်ထားသောဆံပင်များလဲပြိုကုန်အံ့

၂။ကြက်ဥဘဲဥဈေးကြောင့်ကြက်ဘဲများအချိန်ပိုဥဥ ရအံ့။

၃။လူအချို့ထမင်းအိုးမှောက်စဉ်လူအချို့ အန်ဖတ်ဆို့ကုန်အံ့။

၎။ဘုံပျောက်ကုန်သောစုံတွဲများကြောင့်တည်းခိုခန်းအချို့ပွပေါက်တိုးအံ့။

၅။အိမ်သုံးလျှပ်စစ်ပစ္စည်းများအတိတ်မေ့ကုန်အံ့။

၆။ရေချိုးရအဆင်မပြေသောလူများကြောင့်ရေမွှေးcompanyများ

အရောင်းတက်အံ့။

၇။ငါးအစားနည်းလာသောကြောင့်ငါးများအသက်ပိုရှည်ကုန်အံ့။

၈။ရုက္ခစိုးများဘုံပျောက်ကုန်အံ့။

၉။တောထွက်မည့်ကိုကိုဖရီးဆိုသောကောင်ကလေးသံဝေဂဥာဏ်

ပိုမိုရင့်သန်လာအံ့။

3 comments:

Unknown said...

ဆြာဖရီးရေ..... သံဝေဂရပြီး နာနတ်တော တော့ မထွက်နဲ့ဟ..... နာတို့ လွမ်းကျန်ရစ်လိမ့်မယ်...ဟီ...ဟိ

Han Thit Nyeim said...

ဟန်သစ်ငြိမ်၏ နောက်ဆက်တွဲဖြည့်စွက်ချက်...

၁) ဆြာဖရီး၏ ဟောစာတမ်း နာမည်ကြီးလတ္တံ့
၂) ဆြာဖရီးလမ်းလျှောက်လျှင် မတ်တတ်ကြီးဖြစ်လတ္တံ့
၃) နှာခေါင်းထဲမှ လေများထွက်လိုက်ဝင်လိုက် ဖြစ်လတ္တံ့
၎) စကားပြောလျှင် အသံများထွက်လတ္တံ့
၅) အိပ်လျှင် မျက်စိများပိတ်လတ္တံ့
၆) ထိုင်သောအခါ ဖင်နှင့်ထိုင်ခုံ ထိလတ္တံ့
၇) လက်သည်းနှင့် ဆံပင်များ အလိုအလျှောက်ရှည်လာ လတ္တံ့
၈) မှန်ကြည့်သောအခါ ဆြာဖရီးအလေးစားဆုံး ပုဂ္ဂိုလ်ကို တွေ့လတ္တံ့
၉) ဤသို့ပေါက်ကရ ၀င်ရေးသဖြင့် ဆြာဟန်သစ်ငြိမ်၏ ဘလော့ဂ်သို့ လာလည်သူ တိုးလတ္တံ့

ခင်မင်လျက်

Soe Mya Nandar Thet Lwin (Borros Roxo) said...

Exam ရှိတာ Study မလုတ်ပဲ Blog ခိုးလည်နေတာ။ :P

ရီရလို့ Comment ပေးလိုက် အုံးမယ်......

ဆြာဖရီး နဲ့ ဆြာဟန်သစ်ငြိမ် ဟောစာတမ်း ဖတ်ရ၍
နန္ဒာ စာမကျက်ပဲ စာမေးပွဲ အောင်လတ္တံ... တိန် တိန့် တိန်

Soe Mya Nandar Thet Lwin