ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

May 28, 2008

မြန်မာနိုင်ငံလုံးဆိုင်ရာအရက်သမားများအသင်း(MDL Announcement-1)

မြန်မာနိုင်ငံလုံးဆိုင်ရာအရက်သမားများအသင်း(MDL) ကြေညာချက်အမှတ်(၁)
မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သောနာဂစ်မုန်တိုင်းဒဏ်ကြောင့်ပျက်စီးဆုံးရှုံးမှုကြီးမားစွာဖြစ်ပေါ်ခဲ့ပါသည်။ ယခုအခါပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်အတူနိုင်ငံတကာမှအကူအညီများရရှိလျက်ရှိပါသည်။ သို့ရာတွင်မုန်တိုင်းဒဏ်ခံရသူများတွင်အရက်သမားများလည်းပါဝင်လျက်ရှိပေရာထိုသူတို့အတွက် အထောက်အပံ့များလိုအပ်လျက်ရှိပါသည်။သို့ဖြစ်ရာလေဘေးဒဏ်ခံရသည့်အရက်သမားများ သောက်သုံးရန်ပစ္စည်း၊သို့မဟုတ်ငွေအားဖြင့်ရက်ရက်ရောရောလှူဒါန်းလိုသူများအသင်းကြီးနှင့် အမြန်ဆက်သွယ်လှူဒါန်းနိုင်ပါသည်။ ( ပုံ။ ကိုကိုဖရီး-အမ်ဒီအယ်လ်အမှုဆောင်)

2 comments:

Han Thit Nyeim said...

ကျွန်တော်ဟန်သစ်ငြိမ်မှ အာသာပြေ ဘီယာ အနံ့ရှုနိုင်ရန် ဘီယာပုလင်းအခွံသုံးလုံး၊ ဘက်စုံသုံး multi-functional မိုးလုံလေလုံ ကြွတ်ကြွတ်အိပ် ခုနှစ်လုံးနှင့် ဂျုပ်ကြီး ကိုသင်ကာမှ တန်ဖိုးကြီးဝီစီကီပုလင်းခွံ နှစ်လုံး လှူဒါန်းမည် ဖြစ်ကြောင်း ကြိုတင်သာဓုခေါ်နိုင်ရန် MDL သို့ အသိပေးအပ်ပါသည်။

Unknown said...

ကိုကိုဖရီး သောက်ရန် မသနော ရေရော ၃ပုလင်းလာပို့တယ်။ ကျွန်တော်တော့ မသောက်ဖူး။...ဟီ..ဟိ