ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Feb 19, 2008

နွေရာသီသင်တန်းများ Summer Courses

ဆရာ ကံချွန်က မိဘများစိတ်အေးရအောင် ကလေးများအတွက် နွေရာသီတွင် အောက်ပါသင်တန်းများဖွင့်မည်တဲ့ (၁) ခဲတံချွန်နည်းသင်တန်း ( တစ်ယောက်ကို စက်တစ်လုံးစီဖြင့်သင်မည်) (၂)ခဲဖျက်ဖျက်နည်းသင်တန်း (တစ်ယောက်ကို တစ်တုံးစီသင်ရမည်) (၃) အင်္ကျီင်္၊ ဘောင်းဘီဝတ်နည်းသင်တန်း ( တစ်မျိုးစီလည်းအပ်နိုင်သည်) ထို့ပြင် ရေသောက်နည်း၊ ငှက်ပျောသီးအခွံနွှာနည်း၊မျဉ်းတားနည်း စသည် စသည်ဖြင့် အသုံးဝင် ထိရောက်လှသော သင်တန်းပေါင်းများစွာကို ၀ါးရင့် ဆရာများဖြင့် သင်ကြားပေးမည်တဲ့။ မှတ်ချက်။ ။ စိတ်ပါဝင်စားသောလူကြီးများပါတက်နိုင်သည်။ ဆက်သွယ်ရန်= ရားစိုက် ( Yar Site) Company Ltd, email- 420kaungthut&leoweiz@gmail.com

Feb 15, 2008

အဲဒါပြောတာပေါ့့ ( It is to say)

တောက်.....လူငယ်တွေခက်လိုက်တာ။ ပြောလိုက်ရင် ပါရမီ မရှိဘူး ပါရမီ မရှိဘူးနဲ့။ ဟောကြည့်.....ပါရမီတွေ မှတ်တိုင်မှာ တစ်စီးပြီး တစ်စီးဆိုက်လာပြီ။ ကဲဗျာ...အဲဒါပြောတာပေါ့။ ။..ဟင်း..( သက်ပြင်းချလိုက်သည် )

Feb 11, 2008

လူဦးရေဇစ်မြစ် ( Source of population)

လူဦးရေတိုးပွားခြင်းနှင့်ပတ်သက်၍ အီကိုမှ ဘောဂဗေဒဆရာတစ်ဦးက ရာသီဥတုပူတာကြောင့်ဟု ပို့ချဖူးပါသည်။ တစ်မျိုးကြီးပဲ၊ရှင်းပြပေးပါအုံးခင်ဗျာဟု တောင်းပန်တော့ ”ဒီလှိုကွ။လူဦးရေတိုးနှုန်းမြင့်တဲ့နိုင်ငံတွေဆိုတာကအပူပိုင်းဒေသကများတယ်။ ဒီနိုင်ငံတွေမှာ ည ညဆို ပူုအိုက်လို့ တော်တော်နဲ့အိပ်မပျော်နိုင်ကြဘူး။ ဒီတော့ လုပ်စရာရှိတာတွေပဲ ဆက်လုပ်ကြရင်းနဲ့ပဲ လူဦးရေ တိုးလာတယ်ဆိုပါရောတဲ့။” ကျွန်တော်တို့က...ဆရာ ဒါအိုဗာတိုင်ဆင်းတာလားဆိုတော့။။ အေး၊ အချိန်ကိုအလကားမထားတာတ။ဲ့ ကျွန်တော်တို့လည်း.....ဟာ သိဲပြီ သိပြီ ဆရာ။ သြော် ဒါကြောင့်ကို။ ဟီး ဟီး ဟီး......ဟုရယ်မောခဲ့ကြရပါသည်။ ( It is referred to an Economist from YIE)

Feb 8, 2008

၁ (က)။ ။အောက်ပါမေးခွန်များကိုဖြေပါ။ (Answer the questions)

ဖြေဆိုချိန် ( တစ်နှစ်) ၁။ ဘဲဥတွင်အဘယ်ကြောင့်အမွှေးမပေါက် သနည်း။ ၂။ လူတို့လေလည်ရာတွင်ထွက်လာသော ဓာတ်ငွေ့သည်မည်သည့် ဓာတ်ငွေ့ ဖြစ်သနည်း။ ၃။ တီကောင်နှင့်ပက်ကျိတွင်
မည်သူကပိုပြီး အပြေးမြန်သနည်း။

Feb 6, 2008

ဆြာဖရီး၏ ယတြာများ ( Sir free's suggestions)

၁.Monday သားသမီးများ ဖိနပ်မစီးဘဲလမ်းထလျှောက်ပေးရန်

၂.Tuesday သားသမီးများထီဆိုင်နားသွားကာကျကျန်မည့်ထီလက်မှတ်စောင့်နေရန်

၃.Wednesday သားသမီးများခုံဖိနပ်ပြောင်းစီးရန်

၎.Thursday သားသမီးများ အောင်စာ၇င်းသွားမကြည့်ရန်

၅.Friday သားသမီးများ ဆူမိုနပမ်းသွားသင်ထားရန်

၆.Saturday သားသမီးများ အိမ်မှထွက်ရာတွင် ပိုက်ဆံမထည့်ဘဲထွက်သွားရန်

၇.Sunday သားသမီးများ အိမ်ထဲရေသောက်ဗိုက်မှောက်နေ၇န်

  • မှတ်ချက်။ ။ယတြာမချေက ယတြာမကြေပါ။ (လိုအပ်ရင်တူသုံးရန်)

"Those are advices to offset the becoming happens"