Dec 11, 2009
ရွှေကြိမ်လုံးဆုရှင်
မိတ်ဆွေတို့ရေ…..ကိုကိုဖရီးတို့ကြားခဲ့ရတဲ့ ပေါ်ပြူလာသတင်းတွေထဲမှာ နိုင်ငံခေါင်းဆောင်တွေဖိနပ်နဲ့ ပေါက်ခံရတဲ့ သတင်းတွေလည်း
ပါတယ်ခင်ဗျ။ အမေရိကန် သမ္မတ ဘုရှ် အပါအ၀င်တရုတ်ဝန်ကြီးချုပ် နဲ့ ကိုကိုဖရီးတို့ဝန်ကြီးချုပ်လည်း ဖိနပ်နဲ့ပေါက်ခံရတယ် ကြားရပြန်တော့
မက်ဆီ တို့နဲ့အပြိုင် ရွှေဖိနပ်ဆုရှင်တွေလားလို့ တွေးမိတယ်ခင်ဗျ။ ဘုရှ်ကိုပေါက်တဲ့ အီရတ်သတင်းစာဆရာ တစ်ယောက်ဆိုရင်
နေ့ချင်းညချင်း နာမည်ကြီးသွားလိုက်တာ သမီးရှင်တွေတောင် ၀ိုင်းနေကြတယ်ဆိုပဲ။ ဖိနပ်နဲ့ပေါက်လို့ ထောင်ကျခံရပြီး ပြန်ထွက်လာတော့ သူလည်း
ရွှေဖိနပ်ဆုရှင် ပြန်ဖြစ်သွားတယ်တဲ့ခင်ဗျ။ သို့ကလို..ဖိနပ်ပျံ အကြောင်းများတွေးမိတဲ့သကာလ ကိုကိုဖရီး အလယ်တန်းကျောင်းသားဘ၀လောက်က
အဖြစ်အပျက်လေး သတိရမိလာပါတယ်။တစ်နေ့ နေ့လည်ဘက်ကြီး သူငယ်ချင်းတစ်ယောက်က ကိုကိုဖရီးရဲ့ ကျောကို ဖြန်းခနဲရိုက်ပြီး
ထွက်ပြေးသွားတယ်ခင်ဗျ။ ရုတ်တရက် ဒေါသထွက်သွားတဲ့ ကိုကိုဖရီးလည်း သူငယ်ချင်းကျောပြင်ကို ဖိနပ်ချွတ်ပြီး ကောက်ပေါက်လိုက်ပါတယ်။ ဒါပေမယ့်..အဟင့်..ကံဆိုးချင်တော့ ကိုကိုဖရီးရဲ့ ဖိနပ်ပျံခင်မျာ..ပစ်မှတ်လွဲပြီး အခန်းထဲက ထွက်လာတဲ့ သမိုင်းဆရာမကို တည့်တည့်
သွားမှန်ပါတော့တယ်။ နဂိုကတည်းက လက်လက်ထလို့ ကြည့်မရတဲ့ ကိုကိုဖရီးကို ဆရာမက ရည်ရွယ်ချက်ရှိရှိ လုပ်တယ်ထင်ပြီး
ပွဲကြမ်းပါတော့တယ်ခင်ဗျ။ ထို့ကြောင့် ကိုကိုဖရီးခင်မျာ..အီရတ်သတင်းစာဆရာလို သမီးရှင်တွေ ၀ိုင်းခံရမဲ့အစား ဆော်ချင်နှက်ချင်တဲ့
ဆရာမတွေဝိုင်းခံရပြီးေ၇ွှကြိမ်လုံးဆုကို ပြိုင်ဘက်မရှိ ရသွားပါတော့တယ်ခင်ဗျာ။ သြော်..မေ့မရတဲ့ တစ်သက်စာအလွဲများပါလားနော် ။
အဟင့်..ဟင့်။
Dec 5, 2009
တစ်သက်စာအလွဲများ
တစ်နေ့သ၌ ကိုကိုဖရီးသည် မိန်းမချောချောတဲ့ မျက်နှာလေးကို အီမုံကေဖြင့် ဆံသပြီးသကာလ ဟိုင်းနေတော့ အရွယ်တော်ကို နုပျိုစိမ့်သောငှာ
လူငယ်စတိုင် တီရှပ် ဂျင်းပန်န်တို့ဖြင့် လှည်းတန်းလမ်းအတိုင်းလျှောက်လာခဲ့သည်။ မျက်နှာချင်းဆိုင်မှ လာသော မိန်းမပျိုလေးများမှာ ကိုကိုဖရီးအားကြည့်ပြီး
သကာလ ဆန့်ကျင်ဘက်လိင်ရဲ့ ဆွဲဆောင်အားကို မခံနိုင်သည့်အလား ပြုံးစိစိဖြင့် ခေါင်းငုံ့မျက်နှာလွှဲသွားကြလေသတည်း။ ထိုအခြေအနေမှာဘ၀င်မြင့်လောက်စရာဖြစ်သော်လည်း ကိုကိုဖရီးအနေဖြင့် ထိုကဲ့သို့ များစွာရိုးနေပြီဖြစ်သောကြောင့် မိန်းမပျိုလေးများအား
ခပ်ပြုံးပြုံးနှင့်ပင် ပြန်ကြည့်လိုက်လေသည်။ (တကယ်တော့..ငမ်းကြည့်..ကြည့်တာခင်ဗျ)။ တကယ်တမ်း မိန်းကလေးများသာမက မျက်နှာချင်းဆိုင်လျှောက်လာသောယောက်ျာလေး များကပင်တအံ့တသြကြည့်လာသောအခါ တယ်ဟုတ်တဲ့ငါပါလားလို့ တွေးမိလေတော့သည်။
မိမိကိုယ်မိမိ စစ်ဆေးကြည့်ရာတွင်လည်း မည်သို့သော ချွတ်ယွင်းချက်မျှမတွေ့၍ အင်း…တည်ကြည့်ခန့်ညားလွန်းနေတော့ လူတွေ ဂရုစိုက်ရင်
အနေကြပ်လိုက်တာ..ဟု နောင်တရချင်သလိုလိုလည်းဖြစ်လာသည်။ ထိုစဉ်..“ ညီလေး..ညီလေး…မင်းခေါင်းပေါ်မှာ.အိမ်မြှောင်ကြီး” ဟု
လမ်းဘေးဈေးသည်တစ်ဦးမှ လှမ်းပြောလိုက်စဉ်…“ဟဲ့..ဟဲ့..သောက်ကျိုးနဲ” ။ “အမလေးဗျ”…ဟု.အော်ရင်းလက်ဖြင့် လျင်မြန်စွာပုတ်ချလိုက်ရာ ..
အနှီအိမ်မြှောင်မှာ ကိုယ်ပေါ်မှာ ပြုတ်ကျပြီးပလက်ဖောင်းအုတ်ကြိုအုတ်ကြားထဲ ပြေးဝင်ပျောက်ကွယ်သွားလေသည်။ ထိုအခါ ကိုကိုဖရီး ရဲ့အဖြစ်ကို
မြင်တွေ့လိုက်ရသော အနီးရှိလူများမှ ရယ်မောသံများ ပွက်ခနဲ ထွက်လာလေတော့သည်။သကောင့်သား အိမ်မြှောင်မှာ လိုင်းကားပေါ်မှ
ကိုကိုဖရီးဆင်းလိုက်စဉ် ခေါင်းပေါ်ပြုတ်ကျလာပုံရပြီး မိန့်မိန့်ကြီးဖြင့် ကိုကိုဖရီးခေါင်းပေါ်မှ ဆံပင်များကို ဆုပ်ကိုင်ကာ တိုင်းခန်းလှည့်လည်သော
ဘုရင်ကြီးဟန်ဖြင့် ထိုင်လိုက်လာပုံပေါ်သည်။ ထို့ကြောင့် စောစောက မိန်းကလေးများပြုံးစိစိ လုပ်သွားပုံပေါ်သည်ဟု ခုမှု စဉ်စားမိလေတော့သည်။ အမလေး..ငါဟဲ့..ကိုကိုဖရီးရဲ့ တစ်သက်စာအလွဲများ ဆိုပြီး သီချင်းလုပ်ဆိုလိုက်ရ….(လွဲလွဲလေးဘဲ ကောင်းပါတယ်၊လွဲနေရရင် ပြီးတာပဲ..
နေတတ်ရင် အေးဆေးဘဲ)
ဟီး..ဟီး..။ ။
(မူလလက်ဟောင်း..ဖရီး)
Nov 28, 2009
ဖွချင်တိုင်းဖွ..မွချင်တိုင်းမွ
မိတ်ဆွေတို့ရေ..အင်တာနက်ကြီးပေါ်မှလူတွေရဲ့သတင်းအချက်အလက် ဖလှယ်မှုဟာ အလွန်မြန်နေတဲ့ခေတ်ကြီင်္းနော်။ …ခုတလော..မြနန်းနွယ်ရုပ်တုကို
လက်ထိပ်ခတ်မှုတို့၊ အထူးကုဆေးခန်းကြီးတစ်ခုမှာ မိန်းမပျိုလေးတစ်ယောက် အကြွေစောသွားတာတို့၊ ဘယ်သူဟာ ဘယ်လိုယုတ်မာသူကြီးပါဆိုပြီး
အီးမေးတွေက တဆင့် ပြန့်ပွားနေတာလည်း လေ့လာဖတ်ရှုမိပါတယ်။ သို့ကလိုဆိုရကား..အင်တာနက်သတင်းဆိုပြီး လူတွေကြားထိုးဖောက်မှုတွေ အားကောင်းနေတာတွေ့ရတယ်ခင်ဗျာ။ ဒါကြောင့် အင်တာနက်ဆိုတာ..၃၇ နတ်မင်းထဲမှာပါလားမပါလား မသေချာသူတွေတောင် အရပ်ထဲ
လှည့်ပြောနိုင်လာပြီလေ။ ဟိုးတလောကလည်း Buddhist နဲ့ တခြားဘာသာဝင် တွေကို ရန်တိုက်ပေးတဲ့ မေးလ်တွေ ပလူပျံနေတာဖတ်ဖူးကြမှာပေါ့။
အဆိုပါသတင်းတွေ မှန်တယ်..မမှန်တယ်အသာထားဗျာ..အမှန်တရားဆိုတာ သက်တမ်းတိုတောင်းလှပါတယ် ဆိုတဲ့ ဒီခေတ်ကြီးထဲမှာ သတင်းတစ်ခုရဲ့
ခိုင်မာရိုးသားမှုကို မစူးစမ်းဘဲ လက်လွတ်စပယ် ဖြန့်ဝေမှုတွေဟာ ကြောက်စရာတစ်ခုလို့ထင်တယ်လေ။ ကျွန်တောတို့ကိုယ်တိုင်ရော ဒီဖြစ်စဉ်ကြီးထဲမှာ
ကင်းလွတ်ရဲ့လား လို့ မေးရမလိုဖြစ်လာတယ်ခင်ဗျ။ တကယ်တော့ ကျွန်တော်တို့မေးလ်ဘောက်တွေကိုဖယ်လ်တာမခံဘဲ၊ စပန်း မလုပ်ဘဲ
ကြည့်မယ်ဆိုရင်လည်း ဖော်ဝပ်မေးလ်တွေနဲ့ အော်တိုမက်တစ်ဒလီဘရီ မေးလ်တွေက အစောင်၁၀၀ မှာ ၈၀ လောက်နေရာယူထားတာခင်ဗျ။
လူလူချင်းပို့တဲ့မေးလ်ဆိုတာက မနည်းလိုက်ရှာဖတ်နေရတယ်လေ။ မိတ်ဆွေအချင်းချင်း သိစေချင်လို့ စေတနာနဲ့ ဖော်ဝပ်မေးလ်ပို့တာတွေကတော့ သဘာဝကျပါတယ်ဗျာ။ဒါပေမယ့်..ဆိုးတာကတော့ဗျာ …ဒီမေးလ်ကိုပဲ ထပ်မံပြီး ဖော်ဝပ်မလုပ်ရင်…ဘယ်လိုဆိုးက်ျိုးခံစားရမှာတို့၊ ဒီမေးလ်ကို
ဖော်ဝပ်မလုပ်သူဟာ ဘယ်လောက်ထိလူမှုရေးစိတ်ဓာတ်ညံ့ဖျင်းခေါင်းပါးသူဖြစ်သွားနိုင်တယ်ဆိုပြီး ခြိမ်းခြောက်စာလိုလိုရေးထားတာတွေကတော့
တစ်မျိုးကြီးပဲခင်ဗျ။ ဘာပဲပြောပြော၊ ဘယ်သူတွေကပဲ စစ..ဗျာ..ဒါတွေကြောင့်..ကာယကံရှင်တွေလည်း.ဖြေရ၊ သက်ဆိုင်ရာတွေလည်း ရှင်းရ၊ ဂျာနယ်တွေလည်း..စာမျက်နှာထက်တင်ရနဲ့အလုပ်ရကုန်ပါရဲ့။ သတင်းကစိတ်ဝင်စားစရာကောင်းလို့ဝယ်ဖတ်ကြပြန်တော့ စာဖတ်သူတွေခင်မျာ ..ဘယ်သူကမှားလို့ဘယ်သူကမှန်တယ် မသိဘဲေ၀၀ါးကုန်ကြတာပေါ့ခင်ဗျာ။
သြော်..ဒါကြောင့် ..ကိုကိုဖရီးတို့ကမ္ဘာလည်း နှုတ်ကြောင့်သေလက်ကြောင့်ကြေ ဆိုသလို ကံသုံးပါးအစပြုပြီး သကာလ
ဖွချင်တိုင်းဖွ..မွချင်တိုင်းမွနေကြသကိုး ။ ။
ခင်မင်မှုအရိုးခံဖြင့်..ကိုကိုဖရီး...ဖရီးကိုကို
Nov 19, 2009
ဒီလောကီသားမို့...
သြော်..အဖြစ်ရယ်..မှဆိုးရတော့မယ်။ ကိုယ့်ဘလော့ကိုယ်တောင် မရောက်တာကြာလို့ မနည်း လမ်းရှာပြီးလာရတယ်ခင်ဗျ။ေ၇းလက်စတောင် မရေးနိုင်တော့
အားနာတယ်လို့ မပြောရဲပါဘူး (ဒီလို..ပြောပေါင်းလဲများပြီ..)။ လာကြည့်တဲ့သူတွေလဲ စိတ်ပျက်လို့ မလာတော့တာ သိပါတယ်ခင်ဗျ။ ၀င်ရတာလဲအရမ်း
မဟားဒယားခက်နေတော့...ရပ်လိုက်တော့မယ်စိတ်ကူးပြီး နှုတ်ဆက်ပို့စ်လေး တင်လိုက်ပါသေးတယ်။ ဒါပေမယ့်..“ဒီလောကီသားမို့..ရှောင်လွှဲရန်ခက်လို့..“
ဆိုတဲ့ သီချင်းထဲကလို..ကော်နက်ရှင်ဂိတ်စောင့်ကြီးက လွတ်လွတ်ကျွတ်ကျွတ် ဖြတ်ခွင့်ပြုမဲ့ နေ့ကိုစောင့်စားရင်း...ထာဝရအဆုံးတိုင်..နှုတ်မဆက်ပါကွယ်..
ထာဝရအဆုံးတိုင်..ကိုယ်တန်ဖိုးထားပါ့မယ်....လို့။
Jun 14, 2009
ဂလိုဘယ်အမြည်းနှင့်ယမကာဖရီး (၅)
...(.ယခင်အဆက်)...ဆိုင်အတွင်းရှိလူများ အာလုံးပျာယာခတ်သွားစဉ် ဆိုင်ရှင်ဂလိုဘဲ ကြီးကတော့ ခပ်တည်တည်နှင့် ရှေ့ကိုထွက်ကာ…`ဟေ့..ဟေ့ ..အရမ်းမလုပ်ကြပါနဲ့။
ကျုပ်တို့ကိုလုပ်ကြံရင်လဲဘယ်သူမှ အာဇာနည်နေ့ဆိုပြီး လုပ်ပေးမှာမဟုတ်ပါဘူးခင်ညာ။ မလုပ်ကြပါနဲ့..အဟင့်.အဟင့်...´ဟု တောင်းပန်လိုက်စဉ် ..ထွန်းဂေါက်မြွေ က…`ဟာဗျာ..အာဇာနည်တွေလို့ သတ်မှတ်ဖို့ နေနေသာသာ .အရက်ဆိုင်တွင် အသေဆိုးနှင့်သေသွားသောအမူးသမားများ လို့ဘဲ ပြောခံရမှာဗျ..ဟဲ.ဟဲ။ ´သိုင်းဆရာကြီး
ဟန်သစ်မိန်ကမူ တတ်သည့်ပညာမနေသာဆိုသလို ကိုယ်ဖောပညာ…အဲ.အဲ. ကိုယ်ဖော့ပညာ အရ. ဖော့ဖိနပ်စီးပြီး နောက်ဖေးပေါက်မှ ခြေဖော့ ပြေးရန် ဖောဖောသီသီ
ကြံစည်နေလေသည်။ အားလုံးနှင့်တစ်မူထူးခြားစွာ တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေသူကတော့ ပလေသင်ကာကြီးပင် ဖြစ်လေသည်။ ထို့ကြောင့် ဂန်ပါပီ ကြီးမှ လေးစားစွာဖြင့်အနားကပ်ကြည့်လိုက်ရာတွင်..`အာမလေးဘ..ဒီမှာ..ယူတစ်ရောက်..မေ့နေပြီ´ ..မှန်ပါသည်။ ပလေသင်ကာခင်ဗျာ..လက်နက်ကိုင်များကို မြင်ပြီးနောက်
အမူးလွန်သည့်ပုံ မေ့ချင်ယောင်ဆောင်နေခြင်းဖြစ်ပါသည်။ ဂလိုဖြင့် ဆိုင်အတွင်းတွင်..ဗရုတ်ဗရက်ဖြစ်နေကြစဉ်.ဆိုင်အပြင်ဘက်တွင်မူ……
ဂန်ပါပီကြီး၏ အပြန်လမ်းကို စောင့်ရင် အရက်ဆိုင် လမ်းထိပ် အရိပ်ကောင်း သစ်ပင်အောက် ဆိုက်ကားကို ရပ်နားပြီး တရေးလောက် မိန်းလိုက်ဦးမယ် စဉ်းစားရင်း
ခရီးသည် ထိုင်ခုံပေါ်တွင် ဆိုက်ကားသမားအထာနှင့် နတ်စည်းစိမ် ရယူမလို့ ကြံတုန်းသကာလ...
ခပ်လွင့်လွင့် ပျံလွင့်လာသော တပိုင်းစတ ကွဲချင်း ( မူးရင်သီဆိုသော သံစဉ်) တပုဒ်ကို လူတယောက် ငြီးဆိုရင်း ပလက်ဖေါင်းပေါ်တွင် ယိုင်တိယိုင်ထိုး
လမ်းသလားနေသည်ကို မြင်လိုက်သည်။
ဘူလေးလဲ... ဘူလေးလဲ.. အဲဒါ ဘူလေးလဲ...
အနားဖြတ်လျှောက်သွားသော ကောင်မလေး နှစ်ယောက်၏ အနံကို ရလိုက်သောအခါ ရင်ဘတ်အတွင်းက ထွက်ကြလာသော ခံစားချက်များ ဖြစ်ဟန်ရှိ၏။
အနှီသကောင့်သားမှာ မျက်လုံးများ မဖွင့်နိုင်လောက်အောင် ဇက်ရက် စည်းစိမ်ဖြင့် လောကကြီးအား မိန်းမောပြီး တိုင်းခမ်းလှည့်လည်ကာ တောင်လေတိုက်၍
နှာခေါင်းထဲ သနပ်ခါးရနံလေးတွေ ၀င်လာသောကြောင့် မပိမသ ရွတ်ဆိုလိုက်သော အသံဖြစ်သည်။
သကောင့်သားလေးတော့ ကွဲလာပြီ၊ အရစ်က ဂျပန်မူလီလို ရှည်ဦးမယ် ( စကား ) ဆိုပြီး ညီးညူတဲ့စိတ်ကို ခဏ ပယ်ချလိုက်ပြီး ဆက် အိပ်မလို့ ကြံတုန်း....
“ ဟေ့ ကလူ၊ ဒီနေ့ နေ့တွက် ကိုက်ရဲ့လား”
ဘုန်းကြီးပျံ ဧရင်ကြူးသည့် လေသံနှင့်တူသော သံစဉ်တခု နားစည်ကို ရိုက်ခတ်လာသည်။
“ ဟ ကောင်လေး ဖရီး၊ နေတွက် ညတွက် လတွက် ဂြိုလ်တွက် တွေနဲ့ ဗေဒင်ဆရာ လေသံနဲ့ နားညီးတယ်။ မူးရင် ငြိမ်ငြိမ်လေး နေစမ်း .
.. ဟို ပချုပ်ဆိုင်မှာ ဂန်ပါပီ ဒကာခံထားရစ်လို့ ၀ိုင်းစိုနေပြီ .. ကြွတော်မှုပါ မင်းကြီးသားရယ်”
“ အကိုကြီကလဲ လေစိမ်းတွေ တိုက်နေတယ်၊ မသွားချင်ပါဘူးဗျ၊ ဒီပချုပ်ဆိုင်က ကျုပ်တို့လို အဆင့်ရှိရှိ မူးတဲ့ ယာမကာဆိုင်မဟုတ်ဘူးဗျာ ”
“ အောင်မာ နင်ကများ အရာရာစစ၊ ဒီဆိုင်ရင်က မောင်မင်းကြီးသား အရက် နေပြန်တိုး သောက်ထားတဲ့ အကြွေးမဆပ်လို့ဆိုပြီး ဓါးကြိမ်း ကြိမ်းနေတယ် ”
“ ဟဲဟဲ အကိုကလဲဗျာ...
( ဆိုင်အပြင်ဘက်မှ အဖြစ်အပျက်များအား..ချစ်ကိုကြီး လူလမှ ကိုယ်တိုင်ခံစားရေးဖွဲ့မှုန်းခြယ်..လျှောက်ရေးပေးထားပါကြောင်း။။အဟီး)
(ကျေးဇူးပဲအစ်ကိုရေ။ နောက်လဲ ကူရေးပေးပါဦးဗျာ)
အကြောင်းကြောင်းကြောင့် နှောင့်နှေးမှုများအတွက်အားလုံးကိုလေးစားစွာ တောင်းပန်လျက်....
Subscribe to:
Posts (Atom)