Nov 19, 2009
ဒီလောကီသားမို့...
သြော်..အဖြစ်ရယ်..မှဆိုးရတော့မယ်။ ကိုယ့်ဘလော့ကိုယ်တောင် မရောက်တာကြာလို့ မနည်း လမ်းရှာပြီးလာရတယ်ခင်ဗျ။ေ၇းလက်စတောင် မရေးနိုင်တော့
အားနာတယ်လို့ မပြောရဲပါဘူး (ဒီလို..ပြောပေါင်းလဲများပြီ..)။ လာကြည့်တဲ့သူတွေလဲ စိတ်ပျက်လို့ မလာတော့တာ သိပါတယ်ခင်ဗျ။ ၀င်ရတာလဲအရမ်း
မဟားဒယားခက်နေတော့...ရပ်လိုက်တော့မယ်စိတ်ကူးပြီး နှုတ်ဆက်ပို့စ်လေး တင်လိုက်ပါသေးတယ်။ ဒါပေမယ့်..“ဒီလောကီသားမို့..ရှောင်လွှဲရန်ခက်လို့..“
ဆိုတဲ့ သီချင်းထဲကလို..ကော်နက်ရှင်ဂိတ်စောင့်ကြီးက လွတ်လွတ်ကျွတ်ကျွတ် ဖြတ်ခွင့်ပြုမဲ့ နေ့ကိုစောင့်စားရင်း...ထာဝရအဆုံးတိုင်..နှုတ်မဆက်ပါကွယ်..
ထာဝရအဆုံးတိုင်..ကိုယ်တန်ဖိုးထားပါ့မယ်....လို့။
Jun 14, 2009
ဂလိုဘယ်အမြည်းနှင့်ယမကာဖရီး (၅)
...(.ယခင်အဆက်)...ဆိုင်အတွင်းရှိလူများ အာလုံးပျာယာခတ်သွားစဉ် ဆိုင်ရှင်ဂလိုဘဲ ကြီးကတော့ ခပ်တည်တည်နှင့် ရှေ့ကိုထွက်ကာ…`ဟေ့..ဟေ့ ..အရမ်းမလုပ်ကြပါနဲ့။
ကျုပ်တို့ကိုလုပ်ကြံရင်လဲဘယ်သူမှ အာဇာနည်နေ့ဆိုပြီး လုပ်ပေးမှာမဟုတ်ပါဘူးခင်ညာ။ မလုပ်ကြပါနဲ့..အဟင့်.အဟင့်...´ဟု တောင်းပန်လိုက်စဉ် ..ထွန်းဂေါက်မြွေ က…`ဟာဗျာ..အာဇာနည်တွေလို့ သတ်မှတ်ဖို့ နေနေသာသာ .အရက်ဆိုင်တွင် အသေဆိုးနှင့်သေသွားသောအမူးသမားများ လို့ဘဲ ပြောခံရမှာဗျ..ဟဲ.ဟဲ။ ´သိုင်းဆရာကြီး
ဟန်သစ်မိန်ကမူ တတ်သည့်ပညာမနေသာဆိုသလို ကိုယ်ဖောပညာ…အဲ.အဲ. ကိုယ်ဖော့ပညာ အရ. ဖော့ဖိနပ်စီးပြီး နောက်ဖေးပေါက်မှ ခြေဖော့ ပြေးရန် ဖောဖောသီသီ
ကြံစည်နေလေသည်။ အားလုံးနှင့်တစ်မူထူးခြားစွာ တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေသူကတော့ ပလေသင်ကာကြီးပင် ဖြစ်လေသည်။ ထို့ကြောင့် ဂန်ပါပီ ကြီးမှ လေးစားစွာဖြင့်အနားကပ်ကြည့်လိုက်ရာတွင်..`အာမလေးဘ..ဒီမှာ..ယူတစ်ရောက်..မေ့နေပြီ´ ..မှန်ပါသည်။ ပလေသင်ကာခင်ဗျာ..လက်နက်ကိုင်များကို မြင်ပြီးနောက်
အမူးလွန်သည့်ပုံ မေ့ချင်ယောင်ဆောင်နေခြင်းဖြစ်ပါသည်။ ဂလိုဖြင့် ဆိုင်အတွင်းတွင်..ဗရုတ်ဗရက်ဖြစ်နေကြစဉ်.ဆိုင်အပြင်ဘက်တွင်မူ……
ဂန်ပါပီကြီး၏ အပြန်လမ်းကို စောင့်ရင် အရက်ဆိုင် လမ်းထိပ် အရိပ်ကောင်း သစ်ပင်အောက် ဆိုက်ကားကို ရပ်နားပြီး တရေးလောက် မိန်းလိုက်ဦးမယ် စဉ်းစားရင်း
ခရီးသည် ထိုင်ခုံပေါ်တွင် ဆိုက်ကားသမားအထာနှင့် နတ်စည်းစိမ် ရယူမလို့ ကြံတုန်းသကာလ...
ခပ်လွင့်လွင့် ပျံလွင့်လာသော တပိုင်းစတ ကွဲချင်း ( မူးရင်သီဆိုသော သံစဉ်) တပုဒ်ကို လူတယောက် ငြီးဆိုရင်း ပလက်ဖေါင်းပေါ်တွင် ယိုင်တိယိုင်ထိုး
လမ်းသလားနေသည်ကို မြင်လိုက်သည်။
ဘူလေးလဲ... ဘူလေးလဲ.. အဲဒါ ဘူလေးလဲ...
အနားဖြတ်လျှောက်သွားသော ကောင်မလေး နှစ်ယောက်၏ အနံကို ရလိုက်သောအခါ ရင်ဘတ်အတွင်းက ထွက်ကြလာသော ခံစားချက်များ ဖြစ်ဟန်ရှိ၏။
အနှီသကောင့်သားမှာ မျက်လုံးများ မဖွင့်နိုင်လောက်အောင် ဇက်ရက် စည်းစိမ်ဖြင့် လောကကြီးအား မိန်းမောပြီး တိုင်းခမ်းလှည့်လည်ကာ တောင်လေတိုက်၍
နှာခေါင်းထဲ သနပ်ခါးရနံလေးတွေ ၀င်လာသောကြောင့် မပိမသ ရွတ်ဆိုလိုက်သော အသံဖြစ်သည်။
သကောင့်သားလေးတော့ ကွဲလာပြီ၊ အရစ်က ဂျပန်မူလီလို ရှည်ဦးမယ် ( စကား ) ဆိုပြီး ညီးညူတဲ့စိတ်ကို ခဏ ပယ်ချလိုက်ပြီး ဆက် အိပ်မလို့ ကြံတုန်း....
“ ဟေ့ ကလူ၊ ဒီနေ့ နေ့တွက် ကိုက်ရဲ့လား”
ဘုန်းကြီးပျံ ဧရင်ကြူးသည့် လေသံနှင့်တူသော သံစဉ်တခု နားစည်ကို ရိုက်ခတ်လာသည်။
“ ဟ ကောင်လေး ဖရီး၊ နေတွက် ညတွက် လတွက် ဂြိုလ်တွက် တွေနဲ့ ဗေဒင်ဆရာ လေသံနဲ့ နားညီးတယ်။ မူးရင် ငြိမ်ငြိမ်လေး နေစမ်း .
.. ဟို ပချုပ်ဆိုင်မှာ ဂန်ပါပီ ဒကာခံထားရစ်လို့ ၀ိုင်းစိုနေပြီ .. ကြွတော်မှုပါ မင်းကြီးသားရယ်”
“ အကိုကြီကလဲ လေစိမ်းတွေ တိုက်နေတယ်၊ မသွားချင်ပါဘူးဗျ၊ ဒီပချုပ်ဆိုင်က ကျုပ်တို့လို အဆင့်ရှိရှိ မူးတဲ့ ယာမကာဆိုင်မဟုတ်ဘူးဗျာ ”
“ အောင်မာ နင်ကများ အရာရာစစ၊ ဒီဆိုင်ရင်က မောင်မင်းကြီးသား အရက် နေပြန်တိုး သောက်ထားတဲ့ အကြွေးမဆပ်လို့ဆိုပြီး ဓါးကြိမ်း ကြိမ်းနေတယ် ”
“ ဟဲဟဲ အကိုကလဲဗျာ...
( ဆိုင်အပြင်ဘက်မှ အဖြစ်အပျက်များအား..ချစ်ကိုကြီး လူလမှ ကိုယ်တိုင်ခံစားရေးဖွဲ့မှုန်းခြယ်..လျှောက်ရေးပေးထားပါကြောင်း။။အဟီး)
(ကျေးဇူးပဲအစ်ကိုရေ။ နောက်လဲ ကူရေးပေးပါဦးဗျာ)
အကြောင်းကြောင်းကြောင့် နှောင့်နှေးမှုများအတွက်အားလုံးကိုလေးစားစွာ တောင်းပန်လျက်....
Feb 19, 2009
ဂလိုဘယ်အမြည်းနှင့်ယမကာဖရီး(၄)
ယခင်အဆက်..(ဆိုင်တွင်းသို့ အလွန်မဟားဒယား စမတ်ကျလှစွာဖြင့် ၀င်လာသူမှာ)
ကုလအတွင်းရေမှူးချုပ်၏ အထူးကိုယ်စားလှယ်တော်ကြီး ဂန်ပါပီ ဖြစ်နေပြီး ဆိုင်ထဲမီးရောင် မှိန်နေသည်မို့ အဖြူရောင်သွားများသာမြင်ကြရသည်။ (မှတ်ချက်။ ။လေဆာသွားတိုက်ဆေးကြော်ငြာတွင် သရုပ်ဆောင်အဖြစ် သုံးသင့်ပါသည်)သွားများအတန်းလိုက် ပေါ်အောင် ပါးစပ်ကြီးဖြဲပြီး “ဟဲရိုး မိတ်ဆွေးတို့ .. ဘားဖြစ်နေလဲ။ အရက်အေးအေးလေး သောက်ကြပါ။ အကုန် ကျနော်ပေးမယ်နော်။ မပုနဲ့ချကြပါ။ ချပါ” မြန်မာပြည် အရောက်များ
သဖြင့် တတ်သလောက်မှတ်သလောက် ဂန်ပါပီကြီးမှ မြန်မာလို မှုတ်လိုက်လေသည်။ တင်းမာနေသော
ပလေသင်ကာတို့ဝိုင်းမှာ ဂန်ပါပီ့စကားကြောင့် ပြုံးစိစိဖြစ်ကုန်ကြလေသည်။ ဟန်သစ်မိန်မှ“ဒီမှာ အရက်အေးအေးလဲ
မရှိဘူး၊ မပုလဲ မရှိဘူးဗျ” ဟု ၀င်နောက်စဉ်..ကလင် ကလင် ကလင်..ဘဲလ်သံနှင့်အတူ ဆီမကုန်အောင် ဆိုက်ကားနင်းစားနေသောကိုလူလှ ကြီး ၀င်လာလေသည်။ “ကလူရ..ဘာဖြစ်လို့ပါလဲ။” ဂန်ပါပီအမေးကိုကိုလူလှမှ
“အန်ကယ်ပီ သွားချင်တဲ့နေရာတွေ ပို့ပေးထားတယ်လေ။ ခု သားသားကို ဆိုက်ကားခရှင်းပါအုံး” “ဟုတ်လား။ ဘယ်လောက်ပါလဲ” “အင်း..လန်ဒန်ကနေ တိုကျို ထိက ၅၀၀၀၊ တိုကျိုကနေ ပဲရစ် ထိက ၂၀၀၀၊ ပဲရစ်ကနေ
စင်ကာပူ ထိ ဆိုရင် ၁၀၀၀ ဗျာ။ ဒီတော့ စုစုပေါင်း ၈၀၀၀ အရင်ပေးထားဦး” “ဟ..နေပါဦး ခင်ဗျားက
အင်တာနေရှင်နယ် ဆိုက်ကားသမားလားဗျ..နိုင်ငံစုံလိုက်တာ”..ဟု ထွန်းဂေါက်မြွေမှ ၀င်မေးလိုက်လေသည်။ “ဟာ..ဘယ်ကလာ...လန်ဒန်စီးကရက်စက်ရုံ၊ တိုကျို ဒိုးနပ်၊ ပဲရစ် မုန့်တိုက် နဲ့ စင်ကာပူဘုန်းကြီးကျောင်း
တွေကို ပြောတာဗျ။ ကျုပ် ဒီဆိုက်ကားက နိုင်ငံတကာမပြောနဲ့ ဟိုနားဒီနားတောင်..ရဲကြည့်ပြီး ရှောင်မောင်း
နေရတာလေ။ ကျုပ်ကလဲ အသိအမှတ်ပြု ဆိုက်ကားနင်းသင်တန်းတက်ပြီး လိုင်စင်ရထားတာမဟုတ်ဘူးဗျ။” “သြော်..ဟားဟားဟား။” ဂန်ပါပီကြီးလည်း ဆိုက်ကားခပေးရန် သူ၏လက်ဆွဲအိတ်ကြီးကို ဟန်ပါပါဖွင့်လိုက်ကာ
အတွင်းမှ ၉၀ တန် ရာအုပ်တစ်အုပ် ဆွဲထုတ်လိုက်လေသည်။ “ဒီမှာ..ကုတ်ထောင်ကုတ်ယူပါ။” “ဟင်..၉၀ တန်တွေပါလား..ဒီလိုတော့ အလုပ်နဲ့ဗျာ။ တခြား အတန်မရှိဘူးလားဗျ..အဟင့်..” ကိုလူလှခမျာ လည်းပင်းပြုး
..အဲ အဲ..မျက်လုံးများပြူးပြီး ငြင်းရှာလေသည်။ ( တခြားဘယ်နေရာ ပြူးမှန်းမသိရသေး)။ “ရပါဒယ်..၄၅
အတံ ရှိပါတယ်။ ယူမရား”..“ အမလေး..တော်ပါပြီ။ ဒါပဲယူပါ့မယ်ဗျာ။” ပြောပြောဆိုဆို ကိုလူလှကြီးလည်း ၉၀ တန်တစ်အုပ်ကိုင်ကာ လူအများနှင့် အာပေါက်အောင် ပြောဆိုရမည့်အရေး စဉ်းစားရင်းအပြင်ထွက်သွားလေသည်။
ဂန်ပါပီ ကြီးမှ “ကလူရ စောင့်ဦးနော် ..ရှန်ဟဲ သွားဦးမှာ” ဟု လှမ်းအော်လိုက်သည်။ “အင်း..ရှန်ဟဲကုန်တိုက်
ထင်တယ်..။ ”ဂလိုဘဲ မှပြောလိုက်လေသည်။ ကိုလူလှထွက်သွားပြီး မကြာခင်မှာပင် ရဟတ်ယာဉ်သလိုလိုကြားရပြီး မရှေးမနှောင်းဆိုင်တွင်းသို့ အနက်ရောင်ဝတ်စုံဝတ် လက်နက်ကိုင်နှစ်ယောက် ဒယိမ်းဒယိုင် မူးရူးပြီး
ဝင်ရောက်လာသည်။ ထိုအခါ ဆိုင်တွင်းရှိလူများအားလုံး ပျာယာခတ်သွားစဉ်.....
(အလွန်အားနာစွာဖြင့်..အပိုင်း ၅ မျှော်ပါရန်)
Jan 16, 2009
ဂလိုဘယ်အမြည်းနှင့် ယမကာဖရီး (၃)
(ယခင်အဆက်- ခွီးခနဲ ရယ်လိုက်လေသည်။ ထိုအခါတွင်တော့ .....)
ထွက်လုနီးပါးဖြစ်နေသောအီး...အဲ..ဒေါသကို မနိုင်မနင်းထိန်းနေရသော ဟန်သစ်မိန်သည်
ပလေသင်ကာ ကြီးဘက် ပြောင်းဝလှည့် (ဒေါသမြားဦးဟု နားလည်ပေးပါရန်) ကာ `ဟေ့လူ..
ခင်ဗျား ဘာနားလည်လို့လဲ။ မဆီမဆိုင် ၀င်မရှုပ်စမ်းပါနဲ့။ ရေသောက်ပြီး အေးအေးဆေးဆေးနေစမ်းပါ။´
`ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ ကျုပ်သိတာ ဘာမှမရှိပါဘူး။ ဒါပေမယ့် သိတာတစ်ခုတော့ရှိတယ်။ အဲ့ဒါ
ကျုပ်ဘာမှမသိသေးဘူး ဆိုတာပဲ´..ပြောပြောဆိုဆို ပလေသင်ကာကြီးသည် နောက်ဆုံးအချိန်တွင်
အဆိပ်ခွက်ကို ရဲ့ဝင့်စွာသောက်ရင်းအသေခံသွားသည့် ဆိုကရေးတီး ပုံစံဖြင့် ရေခွက်..အဲ..အရက်ခွက်ကို
တစ်ချိုင့်တည်း မော့ချလိုက်လေတော့သည်။ ထို့နောက် ပြင်းလွန်းသဖြင့် ရှုံ့မဲ့ပြပုံမှာ ဘီလူးသံပုရာသီး
စားမိသဖြင့် ချဉ်နေသောပုံစံ ဖြစ်နေလေသည်။ ပါလက်စတိုင်း-အစ္စရေး စစ်ပွဲသဖွယ်၊ ဂျက်ကီချမ်းနှင့်ဂျက်လီ တင်းနေသည့်သဖွယ်၊ ဟောင်ကောင်ဘောလုံးမင်းသားနှင့် စီရိုနယ်ဒို ခွက်စောင်းခုတ်နေသည့်သဖွယ်
မျက်ထောင့်နီ၊ မျက်ထောင့်ဝါ၊ မျက်ထောင့်ပြာများဖြင့် ကြည့်နေကြသော ဟန်သစ်မိန်နှင့် ထွန်းဂေါက်မြွေ
တို့ကြောင့် ပလေသင်ကာကြီးလည်း လေချိုးသွေးကာ....`ဒီက ချီးကိုကြီး..ကြီး..ကြီး....´
`ဟေ့ ..ဟေ့..စကားကိုပီအောင်ပြောကွ..ဝေါ့...ထွီ.´ဟန်သစ်မိန် ရဲ့ ၀န်ဟန့်လိုက်သံပင်။ `၀ုတ်ကဲ့..အဲ..ဟုတ်ကဲ့..နည်းနည်းများသွားလို့ပါ´ `ဘာများတာလဲ....ဟွန်း..မှာတာက..
တစ်စိတ်လေးနဲ့များ..´ဆိုင်ရှင် ဂလိုဘဲကြီးက မကျေမနပ် ရေရွတ်လိုက်သည်။ ` ဒီလိုပါ..ချစ်ကိုကြီးတို့
ရန်ဖြစ်တာ...ပညာရှင်အဆင့်တွေဆိုတော့ ကြည့်ကောင်းပြီမှတ်လို့ပါ။´..` ဘာဗျ...ခင်ဗျားက ကျုပ်တို့
ကွိုင်တက်တာကို...ကူလ်ဖီး နဲ့ နယူးတိုင်စင် တို့ပွဲများမှတ်နေလား။´`... ဟာ....ဟိုလ်ဖီးနဲ့ မိုက်တိုင်စန်
လုပ်ဆိုင်ပါဗျ။ ခင်ဗျားလုပ်တာနဲ့ေ၇ခဲချောင်းတွေ..ရွှေဆိုင်တွေဖြစ်ကုန်ပြီ။´ `ဟီး..ဆောရီး..မှားသွားလို့.။
`ကဲ..ကဲ..အားလုံးပဲ တော်ကြပါတော့ဗျာ။ ဆိုင်မှာ စီးပွားရေးမကောင်းရတဲ့ကြားထဲ..ခင်ဗျားတို့ကလဲတစ်မှောင့်
ဂလိုဘဲကြီးမှ ညစ်ညစ်နှင့် ၀င်ပြောလိုက်လေသည်။ ထိုစဉ်..ကလင်..ကလင်..ကလင်... ဘဲလ်သံနှင့်အတူ..မရှေးမနှောင်းမှာပင် ဆိုင်တွင်းသို့ အလွန်မဟားဒယား စမတ်ကျလှစွာဖြင့်
ဝင်လာသူမှာ........
စောင့်မျှော်ဖတ်ရှုပါရန်..(အားနာစွာဖြင့်..ကိုကိုဖရီး)
Dec 12, 2008
ဂလိုဘယ်အမြည်းနှင့် ယမကာဖရီး (၂)
(၁) မှအဆက်---ဆိုင်တံခါးပွင့်သွားကာ.............................................
ဆံပင်ကောက်ကောက် အသားမည်းမည်းလူတစ်ယောက် နှုတ်ခမ်းကြီးစူကာဆောင့်ကြီးအောင့်ကြီး ၀င်လာလေသည်။
ပါးစပ်မှလည်း ပွစိပွစိရွတ်နေ၏။ ထို့နောက်နီးရာ ခုံတစ်လုံးဆွဲယူထိုင်ကာ အော်လိုက်သည်မှာ...
“၀ီး..အာ..အီးထွက်..” ။
.. “အီး” ဟူသော အသံဟု ကြားသည်နှင့် ဟန်သစ်မိန်ကြီး၏ ပါးစပ်မှ..အဟွတ်..ဟွတ်..ထွီး..ဝေါ့..
ဟူသော ရွံရှာသံနှင့်အတူ ပဲကြီးလှော်တစ်စေ့ ခုန်ထွက်လာလေသည်။ ဟေ့လူ..“ခင်ဗျား..ဘယ်သူလဲဗျ၊
အီးထွက် နေရင်လည်း အိမ်သာသွားပါလား...ဒီဘာလာလုပ်တာလဲ” ဟု.. စိတ်ဆိုးမာန်ဆိုး မေးလိုက်
လေသည်။ ၀င်လာသောလူမှလည်း “ဟာ..ဟေ့လူ..စော်ကားလှချည်လား..ထွန်းဂေါက်မြွေ..ဆိုတာ
ဘာကောင်လဲ မေးကြည့်လိုက်ဦး၊ ကျုပ်ဘာသာ အီးထွက်ထွက်..သေးထွက်ထွက် ခင်ဗျားနဲ့ဘာဆိုင်လဲဗျ” ။
ဒါ ကျုပ်ရဲ့မော့တိုဗျ။ `မင်းဟာမင်း ပေါက်ပဲပေါက်ပေါက်..ဂေါက် ပဲဂေါက်ဂေါက်..ပေါက်ချင်ရာပေါက်တဲ့
မြွေဖြစ်ပစေ ၊ ဟန်သစ်မိန်တဲ့ကွ..မူးလာရင်..လူနေပေမဲ့.ပညာမနေတဲ့.သိုင်းသမားကွ..”
.ယား....ယိ....၀ု..ပြောရင်းမာန်သွင်းကာ ဟန်သစ်မိန်မှ ဘာဂျာအားကောက်ကိုင်လိုက်၏။
ဟား..ဟား..ဟား..။ `ခင်ဗျား တစ်ယောက်တည်း မှုတ်တတ်တာမဟုတ်ဘူးဗျ။ ကျုပ်လည်းရွာမှာမှုတ်နေကျဗျ။
´ ဟန်သစ်မိန်မှ `ဟင်..ဘာ..ဘာ..ဘာမှုတ်တာလဲဟင်။ ...`ဟာ..ပုလွေပြောတာဗျ။ ပုလွေ။ ဒီမှာကြည့်´
..ပြောပြောဆိုဆို ထွန်းဂေါက်မြွေသည် ခါးကြားမှ ပုလွေတစ်ချောင်း ထုတ်လိုက်လေသည်။ ရုတ်ချည်း
တင်းမာလာသော အခြေအနေများကြောင့် ဆိုင်ရှင် ဂလိုဘဲကြီးလည်း မျက်လုံးများကျယ်ကာ ပုဆိုးတွေဘာတွေ
ပြင်ဝတ်လိုက်၏။ ထို့နောက်ပြေးပေါက်ဆီ မယောင်မလည် ကုပ်ချောင်းချောင်းဖြင့်ပြေးရန်ပြင်နေ၏။ ထို့နောက်
... ရေတစ်ပုံးသွားခပ်လာ၏။ ရေပုံးကိုင်လာသောဂလိုဘယ်ကြီးအား ဟန်သစ်မိန် နှင့် ထွန်းဂေါက်မြွေ တို့မှ
ဘုကြည့်ကြည့်ကာ`ဘာလဲ ခင်ဗျားက ကျုပ်တို့တွေကိုက်မယ်ထင်လို့လား..ဒါဘာလုပ်တာလဲဗျ´။
လန့်သွားသော ဂလိုဘယ်မှ `ဟုတ်ပါဘူးဂျာ..ဟီး..အိမ်သာသွားမလို့ပါဂျ။´သူတို့ သုံးယောက်အဖြစ်ကြောင့်
ငြိမ်နေသော ပလေသင်ကာကြီးမှ ခွီးခနဲ ရယ်လိုက်လေသည်။ ထိုအခါတွင်တော့.....
ဆက်လက်စောင့်မျှော်ဖတ်ရှုပါရန်( အားလုံးကိုလေးစားလျက်-ကိုကိုဖရီး)
Subscribe to:
Posts (Atom)