ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Mar 20, 2008

မပြောချင်ဘူး ( Don't want to say but...)

တချို့တွေပြောပါတယ်။ အသက်လာလာမေးတော့ အမှန်အတိုင်းပြောတော့လဲ လက်မခံချင်ကြဘူး။ ကျွန်တော့်အသက်က နှစ်ဆယ်ကျော်ပဲဆိုတော့ ရယ်ကြတယ်လေ။နှစ်ဆယ်ကို ဘယ်နှစ်နှစ် ကျော်ကျော် နှစ်ဆယ်ကျော်ရင် ပြီးတာပဲမဟုတ်ဘူးလားလို့။ပြီးတော့ ရည်စားမရှိဘူးပြောတော့လဲ မဖြစ်နိုင်ဘူးတဲ့။ ကြည့်ဗျာ ရုပ်ချောတိုင်း ရည်းစားရ ရမှာလား။ ဒါတောင်တချို့ က ဟိုးအရင် အွန်စောတို့၊ ရှာရာပိုဗာ တို့ နဲ့ဖြစ်ဘူးတာကို လာပြောချင်ကြတယ်လေ။ ဒါတွေကကြာခဲ့ပါပြီဗျ။ ဘာပဲဖြစ်ဖြစ် သိန်းသုံးထောင်လောက် ရရင်တော့ လိုတာဝယ်ပြီး တောထဲမှာပဲ အေးဆေးဆေး တရားသွားထိုင်တော့မယ်ဗျာ။

တာ့တာ......

Mar 11, 2008

ပါတီသစ် (New Party for Myanma Shakies)

ကိုကိုဖရီးတို့နိုင်ငံမှာ ရွေးကောက်ပွဲတွေလုပ်ဖြစ်ရင်တော့ ကိုကိုဖရီးလည်း ပါတီတစ်ခုထောင်ပြီး ၀င်ပြိုင်မလားစဉ်းစားမိတယ်ဗျာ။ ကိုကိုဖရီးထောင်မဲ့ ပါတီကတော“ မြန်မာနိုင်ငံလုံးဆိုင်ရာ ယမကာသမားများအသင်း”- League for Myanmar Drinkers (MDL) ဖြစ်ပါတယ်။
ဒီပါတီအတွက် အမာခံအအင်အားစုများ အတွက်လည်း ဘလော့ကာ ရှက်ကီများအပြင် မြန်မာတစ်နိုင်ငံလုံးမှ “ဘော်ဘော် အမားသမူး” တွေလည်းအဆင်သင့်ပါဘဲ။ထို့ပြင်အရက်ကိုတန်ဆေးလွန်ဘေးဆိုပြီး မှန်မှန်ချနေသူများ၊ ဘုရားမကြိုက်တာမလုပ်ဘူးမိမိကြိုက်တာပဲ လုပ်မည်ဆိုကာခပ်တည်တည်ကစ်နေသူများ၊ဘီယာပာာ အရက်မဟုတ်ဘူး ပြောကာ အမြဲမူးနေသူများအားလုံးလည်း ပါတီဝင်ရန်ဖိတ်ခေါ် အပ်ပါသည်။ ထို့ပြင်တခါတလေကြုံရင်ကြုံသလို ဆွဲတတ်သောမိန်းကလေးများနှင့်ပါရမီဖြည့်ဘက်များအဖြစ်အမြည်း လုပ်ပေးရန်စိတ်ဝင်စားသောအမျိုးသမီးများအားလုံးလည်း အဆင်ပြေပြေပါတီဝင်နိုင်အောင်စီစဉ်ဆောင်ရွက်ပေးသွားရန်ရှိပါသည်။ ထို့ကြောင့် အားလုံးရဲ့ အကြံပြုစာများကိုမျှော်လင့်လျက်…. Ko Ko Free ( Executive MDL Member )
မှတ်ချက်။ ။ ပထမဆုံးလာရောက်စာရင်းပေးသူများကတော့ ကိုကိုယု (http://yuthar.2kool4u.net) နှင့် လီယိုဝေဇင် ( http://leowaizin.blogspot.com) တို့ဖြစ်ပါတယ်။

Mar 6, 2008

“ဖရီး ၄ ဖရီး သဘင်ကြီး” (၂) Free 4 Free Thabingyi

“ဖရီး ၄ ဖရီး သဘင်ကြီး”
  • ဒရိုင်ဘာနဲ့စပယ်ယာ ကားပေါ်မှာကွမ်းစားတာ
ဟေး....ဒရိုင်ဘာနဲ့စပယ်ယာ ကားပေါ်မှာကွမ်းစားတာ။
  • ဟိုထွေးဒီထွေး တော်တော်လေး စည်းကမ်းမဲ့တယ်လေး
ဟိုထွေးဒီထွေး တော်တော်လေး စည်းကမ်းမဲ့တယ်လေး။
  • တားမြစ်စာတွေ ကားမှာရေးတော့
တားမြစ်စာတွေ ကားမှာကပ်တော့
  • ဟေးလားကွယ်မောင်ရို့.. ဟေးလားကွယ်မောင်ရို့
ဝမ်းစမောရယ်သောသောညံ ... ထွီ ထွီ...
  • ဟေးလားကွယ်မောင်ရို့ ...ဟေးလားကွယ်မောင်ရို့
ဝမ်းစမောရယ်သောသောညံ ... ထွီ ထွီ..

Mar 5, 2008

လာမစမ်းနဲ့နော် (Not for sale)

လောကမှာ အလကားရတာဘာမှမရှိဘူးဗျ။ ဟုတ်တယ်မဟုတ်လား ။ ဒါတောင် ကိုကိုဖရီးကို ကောင်မလေးတွေက လာလာသွေးတိုးစမ်းကြတယ်လေ။ ဒါ ..လူကိုအထင်သေးတာပဲဗျ။ ဟား ဟား ဟား ဘယ်ရမလဲ တစ်ခါတည်း ပိတ်ပြောလိုက်တယ်လေ။ အချိန်မရွေးလို့ ...ဟီးဟီးဟီးး) "There is no free lunch and ko ko free, he he he..."

Mar 4, 2008

“ဖရီး ၄ ဖရီး သဘင်ကြီး” (၁) (Free 4 Free Drama)

“ဖရီး ၄ ဖရီး သဘင်ကြီး”
-ပန်းခြံထဲကစုံတွဲတွေ တော်တော်ကဲကြပေ။
-ပန်းခြံထဲကစုံတွဲတွေ တော်တော်ကဲကြပေ။ ယိုသူမရှက် မြင်သူရှက် ဟိုနားဒီနားဖက်။ ဟေး...ယိုသူမရှက် မြင်သူရှက် ဟိုနားဒီနားဖက်။ ကြည့်တဲ့သူနဲ့တည့်တည့်တိုးတော့ .. ကိုကိုဖရီးနဲ့ တည့်တည့်တိုးတော့ ...
ဟေးလားကွယ်မောင်ရို့ ---- ဟေးလားကွယ်မောင်ရို့ ၀မ်းစမောရယ်သောသောညံ .... ကြည့် ....ကြည့် .. ၀မ်းစမောရယ်သောသောညံ .... ကြည့် ....ကြည့်...
"This is Myanma Traditional Drama Arts of Free 4 Free Thabingyi"