ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Mar 3, 2008

ခေါင်းပုံဖြတ်သူတွေ (Man Exploit Man)

တစ်ခါတုန်းကပေါ့ဗျာ။ ကွန်မြူနစ်တွေက အရင်းရှင်တွေကို လူလူချင်းခေါင်းပုံဖြတ်တဲ့သူတွေ Man Exploit Man သူတွေလို့ ပြောခဲ့ကြတယ်။ အရင်းရှင်တွေကလည်း ပြုံးပြုံးလေးနဲ့ဒီလို ပြန်ဖြေခဲ့ပါတယ်။ ဟုတ်တယ်။ ကျုပ်တို့က လူလူချင်းခေါင်းပုံဖြတ်တဲ့သူတွေ။ ခင်ဗျားတို့ပြော တာရဲ့ဆန့်ကျင်ဘက်ဘဲတဲ့။ ။ အင်း..စဉ်းစားကြည့်ဗျာ။ တကယ်တော့ Man Exploit Man ရဲ့ဆန့်ကျင်ဘက် ပြောင်းပြန်ကလည်း ............ "communist said like that but capitalist replied in other ways" It is referred to an Economist from YIE.

Feb 28, 2008

ပါရမီတော်အလှူခန်း ( Virtuous Donation)

စိတ်ပျက်တယ်။ စိတ်ပျက်တယ်ဗျာ။ လောကကြီးကို စိတ်ကုန်လာပြီ။ အင်း..အသက်ကြီး လာတော့ ကျွတ်ချိန်တန်နီးလို့ထင်ပါရဲ့။(ပုဆိုးမဟုတ်)။တစ်ယောက်တည်းပဲတောရိပ် တောင်ရိပ်ခို ဘီယာစုပ်..အဲ..ပုတီးစိပ်တာပဲကောင်းမယ်ထင်တယ်။ ဒါပေမယ့်လူဆိုတာ တစ်ယောက်တည်း နေနိုင်တဲ့ သတ္တ၀ါမဟုတ်ဘူးတဲ့။ အင်း..ဒီတော့..ုစုဖို့မော်ဒယ်ဂဲလ် ..အဲ..လူတစ်ယောက်ယောက်တော့လိုမယ်ထင်တယ်။ ပြီးတော့တရားကို ကျန်းကျန်းမာမာချမ်းချမ်း သာသာနဲ့ဖြောင့်ဖြောင့်အားထုတ်နိုင်အောင် အင်း.... နဖာကလော်ကအစ..ရေခဲသေတ္တာ၊ ဒီဗွီဒီ အဆုံးလိုလာ ပြန် ရော။ ဘာပဲဖြစ်ဖြစ်တရား တော့ရအောင်အားထုတ်ရမယ်။ တရားမရလည်း ရက်စ် ယူတယ်ဘဲသဘောထား လိုက်ပါတယ်။ဟုတ်ဘူးလားလို့ ။ ။
( မှတ်ချက်။ ။ ကိုကိုဖရီးအားပါရမီဖြည့်စရိတ်ခံလိုပါကစေတနာရှိသလောက် အနည်းဆုံး ”တစ်သိန်း” ခန့်ထားကာလှူဒါန်းနိုင်ကြပါပြီ....) (ချက်လက်မှတ်၊ ဗိုက်လက်မှတ် လည်းအကုန်လက်ခံပါသည်) "To donate as desired but at least 100000 in pathway to Parami Camp of KO KO Free"

Feb 26, 2008

သြော် မီး မီး မီး (ှScreaming for Fire)

..သြော် မီးလောင်တဲ့သတင်းတွေ ကြားရပြန်တော့ ....ချစ်တယ်မီးရယ် လို့ဆိုတဲ့ ရန်အောင်၊ မီးကလေ... မီးကလေ လို့ပြောတတ်တဲ့ မိန်းကလေးတွေ ၊ မီး ဆိုတဲ့နာမည်ပါတဲ့ ကောင်မလေး( ကျွန်တော့်အသိမဟုတ်) တွေကို ရင်နာ တယ်ဗျာ။ ကိုထွန်းရွှေ ကြီးရေ ရက်ပ်တစ်ပုဒ်လောက် မီးအကြောင်း ဟဲလိုက်စမ်းပါဗျာ။ အဟင့်...

Feb 25, 2008

ဘလော့ရှင်မင်းတြားကြိီးမှာတမ်း (Blog King's Words)

ဘလော့သူ ဘလော့သား အပေါင်းတို့လေ... .(ဒူ ဝေ ဝေ ဝေ ဝေ...........မဝေ.... တဝေ....ဝေ....) ဘလော့ရှင်မင်းတြားကြိီး မိန့်တော်မူလိုက်သည်မှာ...... ”ပူပြင်းခြောက်သွေ့သော နွေရာသီ မီးပျက်ရက်များသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် မိမိတို့အိမ်များတွင်ဖယာင်းတိုင်များ၊ အင်ဗာတာများ၊ မီးစက်များ၊ မီးခြစ်၊လက်နှိပ်ဓာတ်မီးများ စသည်တို့ အရံသင့်ဆောင်ထားကြရန်ဖြစ်ပေသည်”(ဒူ ဝေ ဝေ ဝေ ဝေ.................မဝေ တဝေ....ဝေ ဝေ....) This is notify that to be ready in accessories during current-out period for all bloggers by Blog King.

Feb 19, 2008

နွေရာသီသင်တန်းများ Summer Courses

ဆရာ ကံချွန်က မိဘများစိတ်အေးရအောင် ကလေးများအတွက် နွေရာသီတွင် အောက်ပါသင်တန်းများဖွင့်မည်တဲ့ (၁) ခဲတံချွန်နည်းသင်တန်း ( တစ်ယောက်ကို စက်တစ်လုံးစီဖြင့်သင်မည်) (၂)ခဲဖျက်ဖျက်နည်းသင်တန်း (တစ်ယောက်ကို တစ်တုံးစီသင်ရမည်) (၃) အင်္ကျီင်္၊ ဘောင်းဘီဝတ်နည်းသင်တန်း ( တစ်မျိုးစီလည်းအပ်နိုင်သည်) ထို့ပြင် ရေသောက်နည်း၊ ငှက်ပျောသီးအခွံနွှာနည်း၊မျဉ်းတားနည်း စသည် စသည်ဖြင့် အသုံးဝင် ထိရောက်လှသော သင်တန်းပေါင်းများစွာကို ၀ါးရင့် ဆရာများဖြင့် သင်ကြားပေးမည်တဲ့။ မှတ်ချက်။ ။ စိတ်ပါဝင်စားသောလူကြီးများပါတက်နိုင်သည်။ ဆက်သွယ်ရန်= ရားစိုက် ( Yar Site) Company Ltd, email- 420kaungthut&leoweiz@gmail.com